Monday, September 8, 2014

ငြိမ်းချမ်းရေးဖလားရ လက်ရွေးစင်ဘောလုံးအသင်းအား ကြိုဆိုပြီး ဂုဏ်ပြုငွေချီးမြှင့်

ရန်ကုန်- ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား(PFF Peace Cup 2014)ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်းသည် စက်တင်ဘာ ၈ရက်၊ နံနက် ၉နာရီခွဲ ၀န်းကျင်က ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိ လာရာ ပြည်သူများက ကြိုဆိုခဲ့ကြသည်။
အောင်ပွဲရ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအား လေဆိပ်မှတစ်ဆင့်ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားပြုလုပ်မည့်
သုဝဏ္ဏကွင်းသို့သွားရာလမ်းတစ်လျှောက်တွင်ပြည်သူများ က ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။


မြန်မာ့လက်ရွေးစင်အသင်းအားဂုဏ်ပြုကြိုဆိုပွဲနှင့်ဖလားအပ်ပွဲအခမ်းအနားကို ယနေ့နေ့လယ်တွင် သုဝဏ္ဏကွင်း၌ ပြုလုပ်ခဲ့သည်။
အောင်ပွဲရ ကစားသမားများအားလောလောဆယ်တွင် အားကစားဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီးနှင့်လုပ်ငန်းရှင်ကြီးများက ကျပ်သိန်း၁,၂၀၀ကျော် ဂုဏ်ပြုပေးအပ်ခဲ့သည်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ၂၀၀၆မာဒေးကားဖလားပြိုင်ပွဲ၌ ဗိုလ်စွဲပြီးနောက်
ရှစ်နှစ်အကြာတွင်နိုင်ငံတကာပြိုင်ပွဲဆုဖလားတစ်ခု ပြန်လည်ရယူနိုင်ခဲ့ ခြင်းဖြစ်သည်။

7 Day

No comments:

Post a Comment