Tuesday, September 16, 2014

ဓမ္မစေတီခေါင်းလောင်း ရှာမတွေ့ပါကအလှူငွေကျပ်သိန်း၁၃၀ကျော် ပြန်အပ်မည်

ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေ၊ ဆယ်ယူခြင်းအတွက် ပြည်တွင်း
အလှူရှင်များလှူဒါန်းထားသည့် ငွေကျပ် ၁၃၄သိန်းအား ရိုးမဘဏ်
တွင်အပ်နှံထားပြီးခေါင်းလောင်းကြီး ရှာဖွေမတွေ့ရှိပါက အလှူရှင်
များကို ပြန်လည်ပေးအပ်သွားမည်ဟု ခေါင်းလောင်းရှာဖွေရေး ပြန်
ကြားရေးအဖွဲ့မှ ဦးကြည်ဝင်းက ပြောကြားခဲ့သည်။

အလှူငွေများ ပြန်လည်ပေးအပ်ရာ၌ အလှူရှင်များ ပြန်လည်ရယူခြင်း
မရှိပါက အလှူရှင်များ၏ဆန္ဒအတိုင်းဘုရားတစ်ဆူဆူသို့လှူဒါန်းသွား
မည်ဟုလည်း ၎င်းက ပြောဆိုသည်။ စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၁
နာရီတွင် သန်လျင်မြို့နယ် နတ်စင်တစ်ရာ ဘုန်းကြီးကျောင်းတွင်နတ်
စင်တစ်ရာဆရာတော်ဦးဆောင်ပြီး ဓမ္မစေတီခေါင်းလောင်းကြီးနှင့်ပတ်
သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ခေါင်းလောင်းကြီးရှာဖွေနေတာကိုလာရောက်ကြည့်ရှုတဲ့ခုနစ်ရက်သား
သမီးတွေလာလှူထားတဲ့အလှူငွေက၁၃၄သိန်းရှိတယ်။ဒါကိုဦးစံလင်းက
တစ်ကျပ် မှ ထုတ်ယူသုံးစွဲခြင်းမရှိသေးပါဘူး။သူသုံးစွဲနေတာကတခြားအ
လှူရှင်တွေလှူတဲ့ သိန်း ၁၅၀၀ထဲကသိန်း ၇၀၀လောက်ကိုသုံးစွဲနေတာ
ပါ။ ကုန်းပေါ်ကလာလှူတဲ့ အလှူငွေတွေက ဘဏ်မှာအပ်ထားပါတယ်။အ
လှူရှင်တွေရဲ့စာရင်းတွေပါ ရှိပါတယ်။ခေါင်းလောင်းကြီးမတွေ့လည်းပြန်
ပေးမယ်။ အလှူရှင်တွေဆန္ဒအတိုင်း လုပ်ပေးသွားမှာပါ" ဟုဦးကြည်ဝင်း
က ပြောဆိုသည်။ရက် ၄၀ ကျော်ဓမ္မစေတီခေါင်းလောင်းကြီးကိုဦးစံလင်း
က ဦးဆောင်ကာ ၂၀၁၄ ခုနှစ်သြဂုတ် ၈ ရက်တွင် စတင်ရှာဖွေခဲ့ခြင်း
ဖြစ်ပြီး စက်တင်ဘာ၁၅ရက် အရောက်တွင် ရှာဖွေနေခြင်းမှာ ရက်ပေါင်း
၄၀ကျော်ခဲ့သည်။


စံတော်ချိန်သတင်းစာ

No comments:

Post a Comment