Thursday, September 18, 2014

မကွေးမြို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီဝင် ၁၁ ဦး ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ခံထားရ

Photo: မကွေးမြို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီဝင် ၁၁ ဦး ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ခံထားရ
Thursday, September 18, 2014

မကွေးမြို့ ကန်သာရပ် အေးစေတီဘုရား ကွင်းအတွင်း ဇွန် ၉ ရက်က ကျင်းပခဲ့သော မကွေးတိုင်း ကိုယ်စားပြု ၂ဝဝ၈ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီဝင် ၁၁ ဦးအား မကွေးတိုင်းသာသနာရေး ဦးစီးဌာနမှူးက ပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှုဖြင့် တရားလိုပြု တိုင်ကြားထားသည့်အမှုကို စက်တင်ဘာ ၁၈ ရက်နေ့တွင် မကွေးမြို့နယ်တရားရုံးသို့ တရားစွဲတင်သွားမည်ဖြစ်ကြောင်း တရားစွဲခံထားရသူများနှင့် မကွေးမြို့ မြို့မရဲစခန်း စခန်းမှူးတို့ထံမှ သိရသည်။

အဆိုပါပွဲကိုကန်သာအေးစေတီ ဘုရားကွင်းအတွင်း ကျင်းပခွင့်ကို ယင်းကော်မတီမှ ဂေါပကအဖွဲ့ထံ တင်ပြခဲ့စဉ်က ဂေါပကအဖွဲ့မှ ခွင့်ပြုခဲ့သော်လည်း ပွဲကျင်းပရန်စီစဉ်ပြီးချိန်တွင် ခွင့်ပြုမိန့်ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သို့သော် ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များက မူလအစီအစဉ်အတိုင်း ယင်းကွင်းအတွင်း၌ ကျင်းပခဲ့ကြကြောင်း၊ ထို့ကြောင့် ဇွန် ၁ဝ ရက်တွင် အဆိုပါကော်မတီမှ မကွေးတိုင်းNLD ပါတီနှင့်မကွေးမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် ၁၁ ဦးတို့ကို အမှုဖွင့်ခဲ့ကြောင်း ယင်းလူထုဟောပြောပွဲအတွက် ကြိုတင်လှုံ့ဆော်ခဲ့သူများနှင့် ကော်မတီအဖွဲ့ ဝင်အချို့ကိုလည်းရပ်၊ ကျေးဥပဒေဖြင့် အမှုဖွင့်တရားစွဲထားကြောင်း တရားစွဲခံထားရသူများက ပြောကြားသည်။

“ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ချင်တယ်ဆိုရင် နိုင်ငံရေးပါတီတွေရဲ့ ဒီမိုကရေစီအရေး ဆောင်ရွက်မှုတွေကို အုပ်ချုပ်ရေးပိုင်းနဲ့ တရားရေးတို့က ဝင်ပါနေတာမျိုးတွေက မဖြစ်သင့်ပါဘူး။ နိုင်ငံရေးပါတီတွေရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ ရွေးကောက် ပွဲကော်မရှင်မှာပဲ တာဝန်ရှိပါတယ်။ ဒီလို ကိစ္စတွေမှာ အုပ်ချုပ်ရေးနဲ့ တရားရေးတို့ကနေ ဝင်ရောက်ကိုင်တွယ်နေရင် စစ်မှန်တဲ့ဒီမို ကရေစီလမ်းကြောင်းပေါ် မရောက်နိုင်ပါဘူး” ဟု တရားစွဲခံထားရသော ၁၁ ဦးကော်မတီဝင် ဦးနေမျိုးကျော်က ဆိုသည်။

မကွေးမြို့မြို့မရဲစခန်း စခန်းမှူးဦးထွေးကိုက “ဒီအမှုကို တရားစွဲသင့်မစွဲသင့် ဥပဒေ အကြံပေးဆီ တင်ပြခဲ့ပါတယ်။ သူတို့လည်း ဒီအမှုကို အချိန်အတော်ကြာကြာယူပြီး ဆုံးဖြတ်ခဲ့တာပါ။ ဥပဒေအကြံပေးကနေ တရားစွဲသင့်တယ်လို့ အကြောင်းပြန်လာလို့ အမှုဖွင့်ခံထားရသူတွေဆီ ဆင့်ခေါ်စာပို့ခဲ့တာပါ။ စက်တင်ဘာ ၁၈ ရက်မှာ မြို့နယ်တရားရုံးမှာ တရားစွဲတင်သွားမှာပါ” ဟုဆိုသည်။

မကွေးမြို့တွင် ဇွန် ၉ ရက်က အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲ ကျင်းပခဲ့စဉ်
Eleven Media Group
မကွေးမြို့ ကန်သာရပ် အေးစေတီဘုရား ကွင်းအတွင်း ဇွန် ၉ ရက်က ကျင်းပခဲ့သော မကွေးတိုင်း ကိုယ်စားပြု ၂ဝဝ၈ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ ဖြစ်မြောက်ရေးကော် မတီဝင် ၁၁ ဦးအား မကွေးတိုင်းသာသနာရေး ဦးစီးဌာနမှူးက ပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှုဖြင့် တရားလိုပြု တိုင်ကြားထားသည့်အမှုကို စက်တင်ဘာ ၁၈ ရက်နေ့တွင် မကွေးမြို့နယ်တရားရုံးသို့ တရားစွဲတင်သွားမည်ဖြစ်ကြောင်း တရားစွဲခံထားရသူများနှင့် မကွေးမြို့ မြို့မရဲစခန်း စခန်းမှူးတို့ထံမှ သိရသည်။

အဆိုပါပွဲကိုကန်သာအေးစေတီ ဘုရားကွင်းအတွင်း ကျင်းပခွင့်ကို ယင်းကော်မတီမှ ဂေါပကအဖွဲ့ထံ တင်ပြခဲ့စဉ်က ဂေါပကအဖွဲ့မှ ခွင့်ပြုခဲ့သော်လည်း ပွဲကျင်းပရန်စီစဉ်ပြီးချိန်တွင် ခွင့်ပြုမိန့်ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သို့သော် ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များက မူလအစီအစဉ်အတိုင်း ယင်းကွင်းအတွင်း၌ ကျင်းပခဲ့ကြကြောင်း၊ ထို့ကြောင့် ဇွန် ၁ဝ ရက်တွင် အဆိုပါကော်မတီမှ မကွေးတိုင်းNLD ပါတီနှင့်မကွေးမြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင် ၁၁ ဦးတို့ကို အမှုဖွင့်ခဲ့ကြောင်း ယင်းလူထုဟောပြောပွဲအတွက် ကြိုတင်လှုံ့ဆော်ခဲ့သူများနှင့် ကော်မတီအဖွဲ့ ဝင်အချို့ကိုလည်းရပ်၊ ကျေးဥပဒေဖြင့် အမှုဖွင့်တရားစွဲထားကြောင်း တရားစွဲ ခံထားရသူ များက ပြောကြားသည်။

“ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ချင်တယ်ဆိုရင် နိုင်ငံရေးပါတီတွေရဲ့ ဒီမိုကရေစီအရေး ဆောင်ရွက် မှုတွေကို အုပ်ချုပ်ရေးပိုင်းနဲ့ တရားရေးတို့က ဝင်ပါနေတာမျိုးတွေက မဖြစ်သင့်ပါဘူး။ နိုင်ငံရေးပါတီတွေရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ ရွေးကောက် ပွဲကော်မရှင်မှာပဲ တာဝန်ရှိပါတယ်။ ဒီလို ကိစ္စတွေမှာ အုပ်ချုပ်ရေးနဲ့ တရားရေးတို့ကနေ ဝင်ရောက်ကိုင်တွယ်နေရင် စစ်မှန်တဲ့ဒီမို ကရေစီလမ်းကြောင်းပေါ် မရောက်နိုင်ပါဘူး” ဟု တရားစွဲခံထားရသော ၁၁ ဦးကော်မတီဝင် ဦးနေမျိုးကျော်က ဆိုသည်။

မကွေးမြို့မြို့မရဲစခန်း စခန်းမှူးဦးထွေးကိုက “ဒီအမှုကို တရားစွဲသင့်မစွဲသင့် ဥပဒေ အကြံပေးဆီ တင်ပြခဲ့ပါတယ်။ သူတို့လည်း ဒီအမှုကို အချိန်အတော်ကြာကြာယူပြီး ဆုံးဖြတ်ခဲ့တာပါ။ ဥပဒေအကြံပေးကနေ တရားစွဲသင့်တယ်လို့ အကြောင်းပြန်လာလို့ အမှုဖွင့်ခံထားရသူတွေဆီ ဆင့်ခေါ်စာပို့ခဲ့တာပါ။ စက်တင်ဘာ ၁၈ ရက်မှာ မြို့နယ်တရားရုံးမှာ တရားစွဲတင်သွားမှာပါ” ဟုဆိုသည်။

မကွေးမြို့တွင် ဇွန် ၉ ရက်က အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲ ကျင်းပခဲ့စဉ်
Eleven Media Group

No comments:

Post a Comment