Thursday, September 25, 2014

အိန္ဒိယတွင် ရေကြီးမှုကြောင့် သုံးသိန်းခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရ

East India flood
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ရာနှင့်ချီသော လူ များ ဘေး လွတ်ရာ သို့ ပြောင်းရွှေ့ခဲ့ရပြီး ၅၅ ဦးထက်မနည်း သေဆုံးခဲ့ကြကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီ စက်တင်ဘာလ ၂၄ ရက်က သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

လူပေါင်း ၃၅ ဦး သေဆုံးခဲ့သည့် အရှေ့မြောက်ပိုင်း ပြည်နယ်ဖြစ်သည့် မဟာလေရာ ပြည်နယ်
ဝန်ကြီးချုပ်က ရေလွှမ်းမိုးမှုသည် မကြာသေး ခင်က ဖြစ်ပွားခဲ့သော ဖြစ်ရပ်များအနက် အဆိုးရွားဆုံးဖြစ်ကြောင်းနှင့် ရာသီဥတု ဆိုးရွားခြင်းက ကယ်ဆယ်ရေးလုပ်ငန်းများကို ခက် ခဲစေကြောင်း ပြောကြားခဲ့သည်။ "မကြာသေးခင်က မတူညီတဲ့ နေရာတွေမှာ ဖြစ်ပွား ခဲ့တဲ့ မြေပြိုမှုတွေနဲ့ ရေကြီးမှုတွေကြောင့် ၃၅ ဦးသေ ဆုံးခဲ့ရပြီး လူပေါင်း ၂၀ ကျော်လည်း ပျောက် ဆုံးနေတုံးပါပဲ"ဟု မဟာလေရာ ၀န်ကြီးချုပ်မူကူးလ် ဆန်ဂ်မာက သတင်းထောက် များ ကို ပြောကြား ခဲ့သည်။ "ပြည်နယ်တစ်ခုလုံးကို ကျွန်တော်တို့  တပ်လှန့်ထားပါတယ်"ဟုလည်း ၎င်းက ထပ်လောင်း ပြော ကြားခဲ့သည်။
ထို့နောက် သုံးရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများ အတွင်း လူပေါင်း ၂၀ သေဆုံးခဲ့သည့် အာသံပြည် နယ်တွင်လည်း သတိပေးမှုများ ပြုလုပ်ထားသည်။ အာသံပြည်နယ်၏ နေရာအများအပြားတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဓိ ကမြို့တော်ဖြစ်သည့် ဂူဝါဟတီ မြို့တော်သည် ထိခိုက်မှုအများဆုံးဖြစ်သည်။ "ဂူဝါဟတီမြို့တော်မှာ လည်ပင်းလောက်ရောက်တဲ့ အထိ ရေကြီးမှုတွေ ဖြစ်ပွားပြီးတဲ့နောက် ဓာတ်လိုက်မှုနဲ့ မြေပြိုမှုကြောင့် လူငါးယောက် သေဆုံးခဲ့တယ်"ဟု ခရိုင်တရား သူကြီး အန်ဂ မသူ က ပြောကြားခဲ့သည်။
ရေကြီးမှုများ မြင့်တက်လာခြင်းကြောင့် ရာနှင့်ချီသော လူများသည် အိမ်ခေါင်မိုးပေါ်သို့ ရွှေ့ပြောင်းခဲ့ရပြီး အချို့သူများသည် သစ်ပင် များပေါ်သို့ပင် တက်ရောက်နေခဲ့ရသည်ဟု ဒေသခံ လူမျိုးစုအဖွဲ့ခေါင်းဆောင် တစ်ဦး ကပြောကြားခဲ့သည်။
အာသံတွင် ရေကြီးမှုများ ဖြစ်ပွားခြင်းကြောင့် လူပေါင်း သုံးသိန်းခွဲခန့် ဘေး လွတ်ရာသို့ ပြောင်းရွေ့ ခဲ့ရသည်ဟု အာဏာပိုင်များ က ပြောကြားခဲ့သည်။ "ရေကြီးမှုဖြစ်ပွားခဲ့တဲ့ ခရိုင်တွေမှာ ကျွန်တော်တို့ လိုအပ်တဲ့ ကယ်ဆယ်ရေးတွေ ပြုလုပ်နေပါတယ်"ဟု အာသံပြည်နယ် ၀န်ကြီး တာရမ် ဂိုဂွီက ဆိုသည်။

Mizzima

No comments:

Post a Comment