Monday, September 29, 2014

ဘင်္ဂလီ သွေးစည်းညီညွတ်ရေးအဖွဲ့ သတင်းတပ်သားတစ်ဦး မောင်တောတွင် ဖမ်းဆီးရမိဟုဆို

ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းရှိ ကျီးကန်းပြင် စစ်ဆေးရေးဂိတ်တွင် ဘင်္ဂလီ သွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) အမည်ရဘင်္ဂါလီ လက်နက်ကိုင် တပ်ဖွဲ့ဝင်ဟုယူဆရသူ အမျိုးသား တစ်ဦးကို ဖမ်းဆီးထားကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ယာဆိန်းအာဖာဆိုသည့် အသက် ၂၆ နှစ်အရွယ် အဆိုပါ အမျိုးသားကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် RSO တပ်များရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူလာဘီကင်း စခန်းတွင် နှစ်လ သင်တန်းတက်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ချက်များကို အခြေခံကာ ၎င်းက ရှင်းပြသည်။

သင်တန်းဆင်းပြီးနောက် မောင်တောမြို့နယ် မြောက်ပိုင်း ငါးရံ့ချောင်းဒေသ တစ်ဝိုက်က သတင်းအချက်အလက်များကို စုဆောင်းပေးပို့နေသူ ဖြစ်ကြောင်း အဆိုပါအရာရှိက ပြောဆိုသည်။

RSO တပ်ဖွဲ့ဝင်ဟု ယူဆရသည့် အဆိုပါ အမျိုးသားသည် မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာမှ မောင်တောမြို့သို့ ပြေးဆွဲနေသော ခရီးသည်တင် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာစဉ် ကျီးကန်းပြင် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ယာဆိန်းအာဖာကို မတရားအသင်း အဖွဲ့များနှင့် ဆက်သွယ်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၇ (၁) (၂) အရ အရေးယူ ဆောင်ရွက်နေပြီး ကျီးကန်းပြင်တွင် ထိန်းသိမ်းထားကြောင်း၊ ယာဆိန်းအာဖာ မောင်တောမြို့နယ် သစ်ကုန်းနားခွဆုံ အုပ်စု၊ ဒေါင့်ရွာတွင် နေထိုင်သူဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အယ်လ်ကေဒါတို့က အကြမ်းဖက်မည်ဟု ကြေညာပြီးနောက် RSO နှင့် အယ်လ်ကေဒါတို့ ပူးပေါင်းကာ အရေးကြီး အဆောက်အအုံများကို ဒေသခံ ဘင်္ဂါလီများ ဟန်ဆောင်ကာ ဗုံးခွဲဖျက်ဆီးရန်၊ ဌာနဆိုင်ရာ အကြီးအကဲများကို ဖမ်းဆီးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် လုံခြုံရေး သတိထားရန် သတင်းရရှိထားသည်ဟု ဆိုကာ စက်တင်ဘာလ ၄ ရက်နေ့တွင် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးက အစိုးရဌာနဆိုင်ရာများကို လုံခြုံရေး သတိပေးစာတစ်စောင် ပေးပို့လိုက်သည်။

(ခင်မောင်အေး)
The Voice Weekly

No comments:

Post a Comment