Tuesday, September 9, 2014

မြန်မာ့လက်ရွေးစင်အသင်းကို ဆုကြေးငွေ ကျပ်သိန်းတစ်ထောင်ကျော် ချီးမြှင့်

Photo: မြန်မာ့လက်ရွေးစင်အသင်းကို ဆုကြေးငွေ ကျပ်သိန်းတစ်ထောင်ကျော် ချီးမြှင့်
Tuesday, September 9, 2014

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဖလား ဖိတ်ခေါ် (PEACE Cup) ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံး အသင်းကို အားကစားဝန်ကြီး အပါအဝင် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း ပိုင်ရှင်များက ဆုကြေးငွေ ကျပ်သိန်း တစ်ထောင်နှစ်ရာကျော် ချီးမြှင့်ခဲ့သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ပြန်လည်ရောက်ရှိခဲ့ရာ သုဝဏ္ဏကွင်း၌ ကျင်းပသည့် ဂုဏ်ပြုအခမ်းအနားတွင် ယင်းသို့ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြည်လမ်းမကြီးအတိုင်း၊ လှည်းတန်း-တက္ကသိုလ်ရိပ်သာလမ်း-ကုက္ကိုင်းလမ်း မီးပွိုင့်မှ ကမ္ဘာအေးဘုရားလမ်း၊ ယင်းမှ သစ္စာလမ်း-ဝေဇယန္တာလမ်းမကြီးမှ သုဝဏ္ဏကွင်းသို့ ဆုဖလားနှင့်အတူ လှည့်လည် အောင်ပွဲခံခဲ့သည်။

မြန်မာအသင်းသည် ဖိလစ်ပိုင် ဖိတ်ခေါ် PEACE Cup ပြိုင်ပွဲကို ပထမဦးဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ် အာရှဖလား ယှဉ်ပြိုင်ခွင့် ရထားသည့် ပါလက်စတိုင်း အသင်းကို လေးဂိုးတစ်ဂိုး၊ ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ အာဆီယံဒေသ၌ အဆင့်တစ်နေရာ ရရှိထားသည့် အိမ်ရှင်ဖိလစ်ပိုင် အသင်းကို သုံးဂိုးနှစ်ဂိုးတို့ဖြင့် အနိုင်ရခဲ့ပြီး ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း အနေနှင့် ၂၀၀၆ ခုနှစ် မာဒေးကားဖလား ရခဲ့ပြီး နောက်ပိုင်း ပထမဦးဆုံးအကြိမ် ဆုဖလား ပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် အောက်တိုဘာလအတွင်း လာအိုနိုင်ငံ၌ ကျင်းပမည့် ဆူဇူကီးဖလားပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ တီမော အသင်းတို့နှင့် ယှဉ်ပြိုင်ရဦးမည် ဖြစ်သည်။

The Voice Weekly
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဖလား ဖိတ်ခေါ် (PEACE Cup) ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံး အသင်းကို အားကစားဝန်ကြီး အပါအဝင် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း ပိုင်ရှင်များက ဆုကြေးငွေ ကျပ်သိန်း တစ်ထောင်နှစ်ရာကျော် ချီးမြှင့်ခဲ့သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ပြန်လည်ရောက်ရှိခဲ့ရာ သုဝဏ္ဏကွင်း၌ ကျင်းပသည့် ဂုဏ်ပြုအခမ်းအနားတွင် ယင်းသို့ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြည်လမ်းမကြီးအတိုင်း၊ လှည်းတန်း-တက္ကသိုလ်ရိပ်သာလမ်း-ကုက္ကိုင်းလမ်း မီးပွိုင့်မှ ကမ္ဘာအေးဘုရားလမ်း၊ ယင်းမှ သစ္စာလမ်း-ဝေဇယန္တာ လမ်းမကြီးမှ သုဝဏ္ဏကွင်းသို့ ဆုဖလားနှင့်အတူ လှည့်လည် အောင်ပွဲခံခဲ့သည်။


မြန်မာအသင်းသည် ဖိလစ်ပိုင် ဖိတ်ခေါ် PEACE Cup ပြိုင်ပွဲကို ပထမဦးဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ် အာရှဖလား ယှဉ်ပြိုင်ခွင့် ရထားသည့် ပါလက်စတိုင်း အသင်းကို လေးဂိုးတစ်ဂိုး၊ ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ အာဆီယံဒေသ၌ အဆင့်တစ်နေရာ ရရှိထားသည့် အိမ်ရှင်ဖိလစ်ပိုင် အသင်းကို သုံးဂိုးနှစ်ဂိုးတို့ဖြင့် အနိုင်ရခဲ့ပြီး ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း အနေနှင့် ၂၀၀၆ ခုနှစ် မာဒေးကားဖလား ရခဲ့ပြီး နောက်ပိုင်း ပထမဦးဆုံးအကြိမ် ဆုဖလား ပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် အောက်တိုဘာလအတွင်း လာအိုနိုင်ငံ၌ ကျင်းပမည့် ဆူဇူကီးဖလားပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ တီမော အသင်းတို့နှင့် ယှဉ်ပြိုင်ရဦးမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment