Thursday, September 11, 2014

အာဆီယံ ကာတွန်းရုပ်ရှင်ပြိုင်ပွဲ ပထမသုံးဆု မြန်မာတို့ ဆွတ်ခူး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ အာဆီယံ ကာတွန်းရုပ်ရှင်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပထမ ဒုတိယ နဲ့ တတိယ ဆု သုံးဆုစလုံးကို ဆွတ်ခူးရရှိလိုက်ပါတယ်။

ဒါရိုက်တာ လင်းထက်မော်နဲ့အဖွဲ့က ပါဝင်ယှဉ်ပြိုင်တဲ့ Don’t let the Creativity Fall” (တ်ီထွင်ဖန်တီးမှု မကျဆင်းပါစေနဲ့ ) ဆိုတဲ့ ကာတွန်းဇာတ်ကားတိုက ပထမဆု ဆွတ်ခူးရရှိပြီး၊ မြန်မာနိုင်ငံကပဲ Neutron Animation Group က တင်သွင်းတဲ့ “Beyond The Protection” (ကာကွယ်မှုရဲ့ တစ်ဖက်မှာ) ဆိုတဲ့ ကာတွန်း ဇာတ်ကားတိုက ဒုတိယရရှိသွားပါတယ်။
ဒါရိုက်တာ လင်းထက်မော်ရဲ့ ကာတွန်းဇာတ်ကားတိုမှာ တ်ီထွင်ဖန်တီးမှုဆိုတာ သစ်ပင်တစ်ပင်နဲ့ အလားသဏ္ဍန်တူတယ်ဆိုတဲ့ စိတ်ကူးအယူအဆကို ဖေါ်ပြထားတာပါ။

ရုပ်ရှင်၊ တေးဂီတ၊ ကစားနည်းတွေ စသဖြင့် ဒီသစ်ပင်က ဒစ်ဂျစ်တယ်လ်အနုပညာမျိုးစုံ ထုတ်လုပ်ပေးနေပြီး copyright မူပိုင်ခွင့်ကို ကျူးလွန်သူတွေက ဒီသစ်ပင်ကို ဖျက်ဆီးနေသူတွေ ဖြစ်တယ်ဆိုတာ ပြသထားတယ်လို့ သိရပါတယ်။
ပထမဆု ရရှိသူတွေအနေနဲ့ အမေရီကန်ပြည်ထောင်စုကို ငါးရက်ကြာသွားရောက်ပြီး ကာတွန်းရုပ်ရှင် ရိုက်ကူးနည်းပညာရပ် လေ့လာနိုင်ဖို့ စားရိတ်စက ပါဝင်ပြီး ဆုကြေးငွေ ဘတ်ငွေတစ်သောင်း ရရှိမှာ ဖြစ်ပါတယ်။

ဒုတိယဆု ရရှိသူတွေအနေနဲ့လဲ ဂျပန်နိုင်ငံကို ငါးရက်ကြာ အလားတူ သွားရောက်လေ့လာနိုင်ကြမှာ ဖြစ်ပြီး ဘတ်ငွေ ၇-သောင်း ရရှိကြပါတယ်။
ဒါရိုက်တာ ရဲဝင်း စီစဉ်ရိုက်ကူးတဲ့ “Protection” (အကာအကွယ်) ဆိုတဲ့ ဇာတ်ကားတိုကတော့ တတိယဆုရရှိပြီး ဆုကြေးငွေအဖြစ် ဘတ် ၅-သောင်း ဆွတ်ခူးရရှိပါတယ်။

မြန်မာနိုင်ငံက အသင်းတွေက ထိုင်းနိုင်ငံက ပြိုင်ပွဲဝင်ကြသူတွေထက် စိတ်ကူးစိတ်သန်းပိုမို ကောင်းမွန်ကြတယ်လို့ ထိုင်းဒိုင်လူကြီိးတွေက မှတ်ချက်ချကြတယ်လို့လဲ သိရပါတယ်။

RFA Burmese

No comments:

Post a Comment