Saturday, September 20, 2014

ခါကာဘိုရာဇီတောင်တက်အဖွဲ့ဝင် ၆ဦး ကြေကွဲဝမ်းနည်းမှုများကြောင့် တုန့်ပြန်စကားပြန်မပြောနိုင်

ခါကာဘိုရာဇီ တောင်ထိပ်ရောက်ပြီး ပျောက်ဆုံးနေသည့် တောင်တက်သမား နှစ်ဦးနှင့်အတူ သွားရောက် ခဲ့သည့် သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ တောင်တက်သမား ၆ဦး နှင့်အတူ ပျောက်ဆုံးနေသူ များ၏ မိသားစုဝင်များသည် Aisa Wing လေကြောင်းလိုင်းဖြင့် စက်တင်ဘာ ၁၉ရက် ည ၇နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့သည်။
ခါကာဘိုရာဇီ တောင်တက်ရန် အတူတကွသွားရောက်ခဲ့သည့် သူငယ်ချင်းနှစ်ဦး တောင်ထိပ်မှပြန်အဆင်း အဆက်အသွယ် ပြတ်တောက်ခဲ့မှုကြောင့် ပျောက်ဆုံးနေသည့် သူငယ်ချင်းနှစ်ဦး အတွက် ကြေကွဲ ဝမ်းနည်းခဲ့ရသည့်အခြေအနေများ၊ ပင်ပန်းနွမ်းနယ်မှုများကြောင့်  ပြန်လည်ရောက်ရှိ လာသည့် တောင်တက် သမား ၆ ဦးမှာ မီဒီယာများမေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်းမပြုနိုင်ခဲ့ပေ။

ယင်းကိစ္စနှင့်ပတ်သက်ပြီး သဘာဝခေါ်သံဖောင်ဒေးရှင်းအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဦးကျော်နိုင်က"လူရော စိတ်ရော ထိခိုက်လာတဲ့အတွက် စကားပြန်မပြောခြင်းဖြစ်ပါတယ်။သူတို့သက်ဆိုင်ရာ မိဘတွေနဲ့ တွေ့ဖို့ အတွက် ပြန်လာခဲ့တာပါ။ ဘယ်သူတွေပြန်သွားမလဲ မသိသေးပါဘူး"ဟု မီဒီယာများကို ပြောသည်။
တောင်တက်သမားများ တွေ့ကြုံခဲ့ရသည့် ဖြစ်စဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေများကို လာမည့် စက်တင်ဘာ ၂၁ ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ယက် ရုံးခန်း၌ စာနယ်ဇင်းရှင်းလင်းပွဲ ပြု လုပ်မည်ဟု သဘာဝခေါ်သံဖောင်ဒေးရှင်းမှ သိရသည်။
"အခုထူးဖောင်ဒေးရှင်းနဲ့အတူ ပူးပေါင်းကာ ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦးကို ထိုင်း၊ အမေရိကား၊ နီပေါ တို့ပါဝင်ပြီး တရုတ်တောင်တက်အဖွဲ့ဖြစ်သည့် blue sky တောင်တက်အဖွဲ့မှ တရုတ်ပြည်တိဘက်ဒေသက ရှာမှာပါ"ဟု ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဦးဘိုထွန်းက မဇ္ဈိမကိုပြော သည်။
မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်အဖြစ် သတ်မှတ်ခံရသည့် အမြင့်ပေ ၁၉၂၉၆ ပေရှိ ခါကာဘိုရာဇီ ရေခဲတောင်ကို သြဂုတ် ၃၀ ရက်က တက်ရောက်အောင်မြင်ခဲ့သူ နှစ်ဦး စက်တင်ဘာ ၉ ရက်တွင် တောင်ခြေသို့ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ဆက်သွယ်ရေး ပြတ်တောက် သွားသည်။
ဆက်သွယ်ရေးပြတ်တောက်နေသည့် တောင်တက်သမားနှစ်ဦးကို ထူးဖောင်ဒေးရှင်းက စက်တင်ဘာ ၁၀ ရက်မှ စတင်ကာ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး လက်ရှိအချိန်တွင် တောင်တက်ရှာဖွေရေး အဖွဲ့ လေးဖွဲ့ဖြင့် လုပ်ဆောင်လျှက်ရှိသည်။

Mizzima

1 comment:

  1. ငသန်းရွှေ - ဒါနင့်အကြံအကုန်ဘဲလားလို့ မေးချင်တယ်။ ဓမ္မစေတီခေါင်းလောင်းပြီးတော့၊
    တောင်တက်လာပြန်ကော အာရုံတွေလွဲနေလိုက်တာ။ ကဲ - မင်းရဲ့သားသမီးတွေ လင်ငယ်နေတာ၊ အဖေမပေါ်ဘဲ ခလေးရတာ၊ ဖိုးလပြည့်တစ်ကောင် သူများမိန်းမ ကို ကြောင်တောင်နှိုက်တာလေးတွေ လုပ်ပါဦး။

    ReplyDelete