Tuesday, September 9, 2014

မြန်မာမှာ ရင်းနှီးမြုပ်နှံမှုအများဆုံးနိုင်ငံထဲ ဗီယက်နမ်ပါဝင်ဖို့ ကြိုးစား

radio australia, shwe mahn
မြန်မာနိုင်ငံမှာ ​အများဆုံး ​ရင်းနှီးမြုပ်နှံတဲ့ ​နိုင်ငံ ​ငါးနိုင်ငံ ​စာရင်းမှာ ​ဗီယက်နမ်နိုင်ငံ ​ပါဝင်ဖို့ ​လာမယ့်နှစ်မတိုင်ခင် ​လုပ်ဆောင်သွားမယ်လို့ ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံတဲ့ ​ဗီယက်နမ်အသင်း ​AVIM ​ဥက္ကဌက ​ပြောပါတယ်။လွှတ်တော်နာယက ​သူရဦးရွှေမန်းနဲ့ ​တွေ့ဆုံစဉ်အတွင်း ​AVIM ​ဥက္ကဌ ​Tran ​Bac ​Ha ​က ​ပြောသွားခဲ့တာဖြစ်ပြီး ​အမေရိကန်ဒေါ်လာ ​၁.၅ ​ဘီလီယံအထိ ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံဖို့ ​ရည်ရွယ်ထားတယ်လို့ ​ဆိုပါတယ်။

လွှတ်တော်နာယက ​သူရဦးရွှေမန်းဟာ ​စက်တင်ဘာလ ​၅ ​ရက်ကတည်းက ​ဗီယက်နမ်နိုင်ငံကို ​ရောက်ရှိနေတာဖြစ်ပြီး ​ဒီကနေ့ကတော့ ​နောက်ဆုံးရက် ​ခရီးစဉ် ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံမှု ​တိုးမြှင့်မှာဖြစ်သလို ​နှစ်နိုင်ငံ ​ကုန်သွယ်ရေးကိုလည်း ​ဒေါ်လာ ​၆၀၀ ​ဘီလီယံကနေ ​၇၀၀ ​ဘီလီယံ ​ရောက်ရှိအောင် ​လုပ်ဆောင်မယ်လို့လည်း ​Tuoitrenews ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ဒါ့အပြင် ​ဗီယက်နိုင်ငံသား ​အယောက်ပေါင်း ​၃၅၀၀၀ ​မြန်မာနိုင်ငံကို ​သွားရောက်လည်ပတ်အောင် ​လုပ်ဆောင်မယ်လို့လည်း ​ပြောပါတယ်။

ဗီယက်နမ်အနေနဲ့ ​အခုလို ​လုပ်ဆောင်နိုင်ဖို့အတွက် ​မြန်မာနိုင်ငံဘက်ကလည်း ​တရားဥပဒေတွေ ​အတိအကျ ​ချမှတ်ပေးဖို့နဲ့ ​နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ ​မက်လောက်တဲ့ ​ပေါ်လစီတွေ ​ချမှတ်ပေးဖို့ ​တောင်းဆိုလိုက်ပါတယ်။

ဒါကို ​တုန့်ပြန်တဲ့အနေနဲ့ ​သူရဦးရွှေမန်းကလည်း ​မြန်မာနိုင်ငံမှာ ​ရင်းနှီးမြုပ်နှံမှုများလာအောင် ​မြန်မာအနေနဲ့ ​တခြားနိုင်ငံရဲ့ ​ဥပဒေမူဘောင်တွေကို ​လေ့လာနေတယ်လို့ ​ပြောပါတယ်။

ဗီယက်နမ်အနေနဲ့ ​မြန်မာနိုင်ငံရဲ့ ​စိုက်ပျိုးရေးလုပ်ငန်း၊ ​ဟိုတယ်လုပ်ငန်း၊ ​ခရီးသွားလုပ်ငန်း၊ ​ငွေရေးကြေးရေးနဲ့ ​ဘဏ်လုပ်ငန်းမှာ ​ရင်းနှီးမြုပ်နှံမှုတွေ ​တိုးချဲ့လုပ်ဆောင်ဖို့လည်း ​သူရဦးရွှေမန်းက ​တိုက်တွန်းတဲ့အကြောင်း ​ဗီယက်နမ်သတင်းမှာ ​ပါရှိပါတယ်။

ABC Radio

လွှတ်တော်နာယက သူရဦးရွှေမန်း (Credit: ABC)

No comments:

Post a Comment