Saturday, September 13, 2014

IS တို့ကို တိုက်ခိုက်နေသည့် ကာဒစ်ရှ် တပ်ဖွဲ့များတွင် အမျိုးသမီးများပါ ဝင်ရောက် အမှုထမ်းနေ

 Photo: IS တို့ကို တိုက်ခိုက်နေသည့် ကာဒစ်ရှ် တပ်ဖွဲ့များတွင် အမျိုးသမီးများပါ ဝင်ရောက် အမှုထမ်းနေ
Saturday, September 13, 2014

အစ္စလာမ်မစ် နိုင်ငံတော် (IS) တပ်ဖွဲ့ကို တွန်းလှန် တိုက်ခိုက်နေသည့် ကာဒစ်ရှ် တပ်ဖွဲ့ဝင်များအနက် အမျိုးသမီးများပါ ရင်ဘောင်တန်း ပါဝင် အမှုထမ်းနေကြောင်း သိရှိရသည်။

တီကိုရှင်သည် ပခုံးပေါ်တွင် ရိုင်ဖယ်သေနတ်ကို ထမ်းထားပြီး ခါးပတ်တွင် လက်ပစ်ဗုံးတစ်လုံးကို တွယ်ချိတ်ထားသည်။ သူမသည် အီရတ်မြောက်ပိုင်းရှိ တောင်တစ်လုံးပေါ်တွင် ရပ်နေရင်း ပတ်ဝန်းကျင်ကို အကဲခတ် လေ့လာလျက် ရှိသည်။ တီကိုရှင်သည် IS အဖွဲ့၏ လက်အောက်တွင် အမျိုးသမီးများကို ဖိနှိပ်နေခြင်းကို တွန်းလှန်ဖယ်ရှားရန် ပါဝင် တိုက်ခိုက်နေသည့် ကာဒစ်ရှ် အမျိုးသမီး စစ်သည်တစ်ဦး ဖြစ်သည်။

အသက်(၂၇)နှစ်ရှိ တီကိုရှင်က “IS တွေက သူတို့လက်အောက်ခံ ဒေသတွေမှာ အမျိုးသမီးတွေကို အပြင်ထွက်ပြီး ဈေးဝယ်တာမျိုးတောင် ခွင့်မပြုဘူး။ မဖြစ်မနေ ခေါင်းမြီးခြုံရတယ်။ IS ရဲ့ လက်အောက်ခံ အမျိုးသမီးတွေနဲ့ အမျိုးသမီးတွေအပေါ် ဒီလို တွေးခေါ်ပြုမူပုံတွေကနေ အကာအကွယ်ပေးဖို့ ကျွန်မတို့ ရုန်းကန် တိုက်ခိုက်နေရတာပါ”ဟု ပြောကြားခဲ့သည်။ သူမအပြင် အခြားသော ကာဒစ်ရှ်နွယ်ဝင် အမျိုးသမီး အချို့သည်လည်း IS တို့ကို လက်နက်ကိုင် တိုက်ပွဲဝင်လျက် ရှိသည်။

အမျိုးသမီးများသည် ကာဒစ္စတန် အလုပ်သမား ပါတီ (PKK)သို့ ဝင်ရောက်ကာ အမျိုးသားများနှင့်အတူ စစ်သွေးကြွ ရန်သူများကို တိုက်ခိုက်နေကြသည်။ လတ်တလောတွင် တီကိုရှင် တာဝန်ထမ်းဆောင်နေသည့် ကာဒစ်ရှ် စစ်ကြောင်းသည် အီရတ်မြောက်ပိုင်းရှိ မာ့ခ်မာတောင်နှင့် အနီးတဝိုက်မှ IS များနှင့် ထိပ်တိုက် ရင်ဆိုင်လျက် ရှိသည်။ IS အဖွဲ့သည် အီရတ်မြောက်ပိုင်းတွင် နယ်ပယ်ဒေသ အမြောက်အမြားကို ထိန်းချုပ်ကာ ဩဇာ ဖြန့်ကျက်ထားနိုင်ဆဲ ဖြစ်သည်။

PKK တွင် အမျိုးသမီး လက်နက်ကိုင် တိုက်ခိုက်ရေးသမား (၅၀)မျှ ပါရှိပြီး IS တို့ကို ကွင်းဆင်း တိုက်ပွဲဝင်နေကြောင်း သိရသည်။ တီကိုရှင်က “ကျွန်မတို့ အမျိုးသမီးတွေက (၄)ယောက်ကို (၁)ဖွဲ့ခွဲပြီး တပ်ဖွဲ့ငယ်လေးတွေ အဖြစ်နဲ့ လှုပ်ရှားကြပါတယ်။ ကျွန်မက တပ်ဖွဲ့ငယ် တစ်ခုကို ဦးစီးပါတယ်”ဟု ရှင်းပြခဲ့သည်။ သူမတို့သည် ကာဒစ်ရှ် အမျိုးသား အများစုသာ ဝတ်ဆင်လေ့ရှိသည့် တိုက်ပွဲဝင် ဝတ်စုံများကို ဆင်မြန်းကြသည်။ “တကယ်တမ်း တိုက်ပွဲဖြစ်လာပြီဆိုရင်တော့ ကျွန်မတို့ရဲ့ အဖွဲ့ငယ်လေးတွေကို ခွဲထုတ်ပြီး အမျိုးသားတွေနဲ့အတူ ရှေ့တန်းမှာ ကျရာနေရာက ဝင်တိုက်ခိုက်ရပါတယ်”ဟုလည်း ရှင်းပြခဲ့သည်။

သူမတွင် အိမ်ထောင်ရှိမရှိ မေးမြန်းသည့်အခါ တီကိုရှင်က ရယ်မောရင်း “ကျွန်မတို့ အများစုက အိမ်ထောင်မရှိပါဘူး။ ကျွန်မက PKK မှာ (၁၄)နှစ် အရွယ်ကတည်းက ပါတီဝင် ဖြစ်နေတာ”ဟု ဖြေကြားခဲ့သည်။ သို့သော်လည်း ပါတီက တိုက်ခိုက်ရေးသမားများကို အိမ်ထောင်ပြုရန် တားမြစ်ထားခြင်း မရှိကြောင်းလည်း သူမက ဆိုသည်။

အခြား အမျိုးသမီး တိုက်ခိုက်ရေးသမား တစ်ဦးဖြစ်သည့် အသက်(၂၆)နှစ်အရွယ် ရှီမဲလ်ကမူ IS တို့ကို ဆန့်ကျင်သည့် တိုက်ပွဲသည် အမျိုးသမီးများအတွက် ထိုက်တန်သည့် အခွင့်အရေးကို တောင်းဆိုမှုဟု ခံယူထားကြောင်း ဖွင့်ဟခဲ့သည်။ “IS က အမျိုးသမီးတွေကို ကျေးကျွန်တွေလို သဘောထား ဆက်ဆံနေတာပါပဲ။ ဒါမျိုးကို ကျွန်မတို့ လက်သင့်မခံနိုင်ပါဘူး”ဟု သူမက ပြောကြားသွားသည်။

Ref: Channelnewsasia
7Day DAILY
အစ္စလာမ်မစ် နိုင်ငံတော် (IS) တပ်ဖွဲ့ကို တွန်းလှန် တိုက်ခိုက်နေသည့် ကာဒစ်ရှ် တပ်ဖွဲ့ဝင်များအနက် အမျိုးသမီးများပါ ရင်ဘောင်တန်း ပါဝင် အမှုထမ်းနေကြောင်း သိရှိရသည်။
တီကိုရှင်သည် ပခုံးပေါ်တွင် ရိုင်ဖယ်သေနတ်ကို ထမ်းထားပြီး ခါးပတ်တွင် လက်ပစ်ဗုံးတစ်လုံးကို တွယ်ချိတ်ထားသည်။ သူမသည် အီရတ်မြောက်ပိုင်းရှိ တောင်တစ်လုံးပေါ်တွင် ရပ်နေရင်း ပတ်ဝန်းကျင်ကို အကဲခတ် လေ့လာလျက် ရှိသည်။ တီကိုရှင်သည် IS အဖွဲ့၏ လက်အောက် တွင် အမျိုးသမီးများကို ဖိနှိပ်နေခြင်းကို တွန်းလှန်ဖယ်ရှားရန် ပါဝင် တိုက်ခိုက်နေသည့် ကာဒစ်ရှ် အမျိုးသမီး စစ်သည် တစ်ဦး ဖြစ် သည်။

အသက်(၂၇)နှစ်ရှိ တီကိုရှင်က “IS တွေက သူတို့လက်အောက်ခံ ဒေသတွေမှာ အမျိုးသမီးတွေကို အပြင်ထွက်ပြီး ဈေးဝယ်တာမျိုးတောင် ခွင့်မပြုဘူး။ မဖြစ်မနေ ခေါင်းမြီးခြုံရတယ်။ IS ရဲ့ လက်အောက်ခံ အမျိုးသမီးတွေနဲ့ အမျိုးသမီးတွေအပေါ် ဒီလို တွေးခေါ်ပြုမူပုံတွေကနေ အကာအကွယ်ပေးဖို့ ကျွန်မတို့ ရုန်းကန် တိုက်ခိုက်နေရတာပါ”ဟု ပြောကြားခဲ့သည်။ သူမအပြင် အခြားသော ကာဒစ်ရှ်နွယ်ဝင် အမျိုးသမီး အချို့သည်လည်း IS တို့ကို လက်နက်ကိုင် တိုက်ပွဲဝင်လျက် ရှိသည်။

အမျိုးသမီးများသည် ကာဒစ္စတန် အလုပ်သမား ပါတီ (PKK)သို့ ဝင်ရောက်ကာ အမျိုးသားများနှင့်အတူ စစ်သွေးကြွ ရန်သူများကို တိုက်ခိုက်နေကြ သည်။ လတ်တလောတွင် တီကိုရှင် တာဝန်ထမ်းဆောင်နေသည့် ကာဒစ်ရှ် စစ်ကြောင်းသည် အီရတ်မြောက်ပိုင်းရှိ မာ့ခ်မာတောင်နှင့် အနီးတဝိုက်မှ IS များနှင့် ထိပ်တိုက် ရင်ဆိုင်လျက် ရှိသည်။ IS အဖွဲ့သည် အီရတ်မြောက်ပိုင်းတွင် နယ်ပယ်ဒေသ အမြောက်အမြားကို ထိန်းချုပ်ကာ ဩဇာ ဖြန့်ကျက်ထားနိုင်ဆဲ ဖြစ်သည်။

PKK တွင် အမျိုးသမီး လက်နက်ကိုင် တိုက်ခိုက်ရေးသမား (၅၀)မျှ ပါရှိပြီး IS တို့ကို ကွင်းဆင်း တိုက်ပွဲဝင်နေကြောင်း သိရသည်။ တီကိုရှင်က “ကျွန်မတို့ အမျိုးသမီးတွေက (၄)ယောက်ကို (၁)ဖွဲ့ခွဲပြီး တပ်ဖွဲ့ငယ်လေးတွေ အဖြစ်နဲ့ လှုပ်ရှားကြပါတယ်။ ကျွန်မက တပ်ဖွဲ့ငယ် တစ်ခုကို ဦးစီးပါတယ်”ဟု ရှင်းပြခဲ့သည်။ သူမတို့သည် ကာဒစ်ရှ် အမျိုးသား အများစုသာ ဝတ်ဆင်လေ့ရှိသည့် တိုက်ပွဲဝင် ဝတ်စုံများကို ဆင်မြန်းကြသည်။ “တကယ်တမ်း တိုက်ပွဲဖြစ်လာပြီဆိုရင်တော့ ကျွန်မတို့ရဲ့ အဖွဲ့ငယ်လေးတွေကို ခွဲထုတ်ပြီး အမျိုးသားတွေနဲ့အတူ ရှေ့တန်း မှာ ကျရာနေရာက ဝင်တိုက်ခိုက်ရပါတယ်”ဟုလည်း ရှင်းပြခဲ့သည်။

သူမတွင် အိမ်ထောင်ရှိမရှိ မေးမြန်းသည့်အခါ တီကိုရှင်က ရယ်မောရင်း “ကျွန်မတို့ အများစုက အိမ်ထောင်မရှိပါဘူး။ ကျွန်မက PKK မှာ (၁၄)နှစ် အရွယ်ကတည်းက ပါတီဝင် ဖြစ်နေတာ”ဟု ဖြေကြားခဲ့သည်။ သို့သော်လည်း ပါတီက တိုက်ခိုက်ရေးသမားများကို အိမ်ထောင်ပြုရန် တားမြစ်ထားခြင်း မရှိကြောင်းလည်း သူမက ဆိုသည်။

အခြား အမျိုးသမီး တိုက်ခိုက်ရေးသမား တစ်ဦးဖြစ်သည့် အသက်(၂၆)နှစ်အရွယ် ရှီမဲလ်ကမူ IS တို့ကို ဆန့်ကျင်သည့် တိုက်ပွဲသည် အမျိုးသမီး များ အတွက် ထိုက်တန်သည့် အခွင့်အရေးကို တောင်းဆိုမှုဟု ခံယူထားကြောင်း ဖွင့်ဟခဲ့သည်။ “IS က အမျိုးသမီးတွေ ကို ကျေးကျွန်တွေလို သဘောထား ဆက်ဆံနေတာပါပဲ။ ဒါမျိုးကို ကျွန်မတို့ လက်သင့်မခံနိုင်ပါဘူး”ဟု သူမက ပြောကြားသွားသည်။

Ref: Channelnewsasia
7Day DAILY

No comments:

Post a Comment