Saturday, September 13, 2014

MH17 ပျက်ကျသည့် နေရာသို့ ကျွမ်းကျင်သူများ ထပ်မံစေလွှတ်မည်ဟု နယ်သာလန်အစိုးရ အတည်ပြု

Photo: MH17 ပျက်ကျသည့် နေရာသို့ ကျွမ်းကျင်သူများ ထပ်မံစေလွှတ်မည်ဟု နယ်သာလန်အစိုးရ အတည်ပြု
Saturday, September 13, 2014 

MH17 လေယာဉ် ပျက်ကျထားရာ နေရာသို့ နောက်ထပ် ကျွမ်းကျင်သူများ စေလွှတ် စုံစမ်းစေမည်ဟု နယ်သာလန် အစိုးရက အတည်ပြု ကြေညာခဲ့သည်။

ယူကရိန်း အရှေ့ပိုင်း ဒေသတွင် ဇူလိုင်လလယ်က ပျက်ကျခဲ့သည့် လေယာဉ်တွင် လိုက်ပါသွားသူ (၂၉၈)ဦးစလုံး သေဆုံးခဲ့ပြီး အများစုသည် နယ်သာလန် နိုင်ငံသားများ ဖြစ်ကြသည်။ မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်သည် စစ်မက်ဖြစ်ပွားနေသည့် ဒေသတွင် ယူကရိန်း သူပုန်တပ်များက မှားယွင်းပစ်ချမှုကြောင့် ပျက်ကျခဲ့ခြင်းဟု ယူဆရသည်။

နယ်သာလန် ဝန်ကြီးချုပ် မတ်ရူတေးက လေယာဉ်ပျက်မှ ရုပ်အလောင်းများနှင့် သက်သေခံ အထောက်အထားများ ပြန်လည်ရရှိရေးအတွက် အရှိန်မြှင့် ဆောင်ရွက်နိုင်ရန် ယူကရိန်းသို့ နောက်ထပ် ပညာရှင်များ ပို့လွှတ်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ နယ်သာလန် ပညာရှင်များသည် ယူကရိန်း အစိုးရ ထိန်းချုပ်ထားရာ ခါကစ်ဗ်မြို့သို့ ဦးစွာ သွားရောက်ပြီး ထိုမှတစ်ဆင့် သူပုန်တပ်များ လှုပ်ရှားနေသည့် ယူကရိန်း အရှေ့ပိုင်းသို့ ဝင်ရောက်မည်ဟု ဆိုသည်။

အဆိုပါ အဖွဲ့တွင် ကျွမ်းကျင်သူ ပညာရှင် (၁၀)ဦးမှ (၁၅)ဦးထိ ပါရှိမည်ဟုလည်း သိရသည်။ “MH17 ပျက်ကျတဲ့ နေရာကို သွားရောက်ပြီး ရှာဖွေရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ကတော့ အစွမ်းရှိသ၍ လုပ်ဆောင်မှာပါပဲ။ အရင်တုန်းက လုပ်ငန်းတွေက တိုက်ခိုက်မှုတွေ ပြင်းထန်လာတာကြောင့် ကံမကောင်းစွာဘဲ ရပ်နားထားရတာ ဖြစ်ပါတယ်”ဟု ရူတေးက ပြောကြားခဲ့သည်။

“နောက်ထပ် ကျွမ်းကျင်သူတွေပါ ထပ်ပေါင်းပြီး ယူကရိန်းကို ပြန်သွားမှာပါ။ ကျွန်တော်တို့ အနေနဲ့ လေယာဉ်ပျက်ကျရာ နေရာကို အမြန်ဆုံး ပြန်ရောက်နိုင်ဖို့အတွက် ဖြစ်နိုင်သမျှ အခွင့်အလမ်း အားလုံးကို ရှာဖွေနေပါတယ်”ဟုလည်း ဝန်ကြီးချုပ်က ဆိုသည်။ ဇူလိုင်လ (၁၇)ရက်က ပျက်ကျခဲ့သည့် လေယာဉ်တွင် အသက်ဆုံးရှုံးခဲ့သူများ၏ (၃)ပုံ(၂)ပုံမျှသည် နယ်သာလန် နိုင်ငံသားများ ဖြစ်ကြသည်။

ယူကရိန်းနှင့် အနောက်နိုင်ငံများက အဆိုပါ လေယာဉ်သည် ယူကရိန်း စစ်ဘက်လေယာဉ် တစ်စင်းအဖြစ် မှားယွင်းယူဆပြီး သူပုန်များက BUK ဒုံးကျည်ဖြင့် ပစ်ချခဲ့ခြင်းဟု စွပ်စွဲထားသည်။ သို့သော်လည်း ရုရှားလုပ် အဆိုပါ ဒုံးကျည်စနစ်ကို ယူကရိန်း သူပုန်များ ပိုင်ဆိုင်ထားသည် ဆိုခြင်းကို ရုရှားရော၊ သူပုန်များကပါ အစဉ်တစိုက် ငြင်းဆိုခဲ့သည်။

Ref: Channelnewsasia
7Day DAILY
MH17 လေယာဉ် ပျက်ကျထားရာ နေရာသို့ နောက်ထပ် ကျွမ်းကျင်သူများ စေလွှတ် စုံစမ်းစေမည်ဟု နယ်သာလန် အစိုးရက အတည်ပြု ကြေ ညာ ခဲ့သည်။
ယူကရိန်း အရှေ့ပိုင်း ဒေသတွင် ဇူလိုင်လလယ်က ပျက်ကျခဲ့သည့် လေယာဉ်တွင် လိုက်ပါသွားသူ (၂၉၈)ဦးစလုံး သေဆုံးခဲ့ပြီး အများစုသည် နယ်သာလန် နိုင်ငံသားများ ဖြစ်ကြသည်။ မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်သည် စစ်မက်ဖြစ်ပွားနေသည့် ဒေသတွင် ယူကရိန်း သူပုန်တပ်များက မှားယွင်းပစ်ချမှုကြောင့် ပျက်ကျခဲ့ခြင်းဟု ယူဆရသည်။

နယ်သာလန် ဝန်ကြီးချုပ် မတ်ရူတေးက လေယာဉ်ပျက်မှ ရုပ်အလောင်းများနှင့် သက်သေခံ အထောက်အထားများ ပြန်လည်ရရှိရေးအတွက် အရှိန်မြှင့် ဆောင်ရွက်နိုင်ရန် ယူကရိန်းသို့ နောက်ထပ် ပညာရှင်များ ပို့လွှတ်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ နယ်သာလန် ပညာရှင် များသည် ယူကရိန်း အစိုးရ ထိန်းချုပ်ထားရာ ခါကစ်ဗ်မြို့သို့ ဦးစွာ သွားရောက်ပြီး ထိုမှတစ်ဆင့် သူပုန်တပ်များ လှုပ်ရှားနေသည့် ယူကရိန်း အရှေ့ပိုင်းသို့ ဝင်ရောက်မည်ဟု ဆိုသည်။

အဆိုပါ အဖွဲ့တွင် ကျွမ်းကျင်သူ ပညာရှင် (၁၀)ဦးမှ (၁၅)ဦးထိ ပါရှိမည်ဟုလည်း သိရသည်။ “MH17 ပျက်ကျတဲ့ နေရာကို သွားရောက်ပြီး ရှာဖွေရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ကတော့ အစွမ်းရှိသ၍ လုပ်ဆောင်မှာပါပဲ။ အရင်တုန်းက လုပ်ငန်းတွေက တိုက်ခိုက်မှုတွေ ပြင်းထန်လာတာကြောင့် ကံမကောင်းစွာဘဲ ရပ်နားထားရတာ ဖြစ်ပါတယ်”ဟု ရူတေးက ပြောကြားခဲ့သည်။

“နောက်ထပ် ကျွမ်းကျင်သူတွေပါ ထပ်ပေါင်းပြီး ယူကရိန်းကို ပြန်သွားမှာပါ။ ကျွန်တော်တို့ အနေနဲ့ လေယာဉ်ပျက်ကျရာ နေရာကို အမြန် ဆုံး ပြန်ရောက်နိုင်ဖို့အတွက် ဖြစ်နိုင်သမျှ အခွင့်အလမ်း အားလုံးကို ရှာဖွေနေပါတယ်”ဟုလည်း ဝန်ကြီးချုပ်က ဆိုသည်။ ဇူလိုင်လ (၁၇)ရက်က ပျက်ကျခဲ့သည့် လေယာဉ်တွင် အသက်ဆုံးရှုံးခဲ့သူများ၏ (၃)ပုံ(၂)ပုံမျှသည် နယ်သာလန် နိုင်ငံသားများ ဖြစ်ကြသည်။

ယူကရိန်းနှင့် အနောက်နိုင်ငံများက အဆိုပါ လေယာဉ်သည် ယူကရိန်း စစ်ဘက်လေယာဉ် တစ်စင်းအဖြစ် မှားယွင်းယူဆပြီး သူပုန်များက BUK ဒုံးကျည်ဖြင့် ပစ်ချခဲ့ခြင်းဟု စွပ်စွဲထားသည်။ သို့သော်လည်း ရုရှားလုပ် အဆိုပါ ဒုံးကျည်စနစ်ကို ယူကရိန်း သူပုန်များ ပိုင်ဆိုင်ထားသည် ဆိုခြင်းကို ရုရှားရော၊ သူပုန်များကပါ အစဉ်တစိုက် ငြင်းဆိုခဲ့သည်။

Ref: Channelnewsasia
7Day DAILY

No comments:

Post a Comment