Saturday, September 13, 2014

အမေရိကန်သည် IS အဖွဲ့နှင့် စစ်ဖြစ်နေကြောင်း အိမ်ဖြူတော် ကြေညာ

Photo: အမေရိကန်သည် IS အဖွဲ့နှင့် စစ်ဖြစ်နေကြောင်း အိမ်ဖြူတော် ကြေညာ
Saturday, September 13, 2014

အမေရိကန် ပြည်ထောင်စုသည် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့နှင့် စစ်ဖြစ်နေကြောင်း အိမ်ဖြူတော်က အတည်ပြု ကြေညာခဲ့သည်။

ယခုသီတင်းပတ်အတွင်း အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက အီရတ်နှင့် ဆီးရီးယားရှိ IS စစ်သွေးကြွများကို လေကြောင်းမှ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။ အိုဘားမား၏ စစ်ဆင်ရေးများတွင် ပါဝင်ကူညီရန် အာရပ်နိုင်ငံ အများအပြားကလည်း ကတိပြုထားသည်။

“အမေရိကန် ပြည်ထောင်စုဟာ ISIL အဖွဲ့နဲ့ စစ်ပွဲဖြစ်ပွားနေပါပြီ။ ဒါဟာ အယ်လ်ကိုင်ဒါရယ်၊ ကမ္ဘာတလွှားက အယ်လ်ကိုင်ဒါနဲ့ ဆက်နွယ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲရဲ့ သဘောသဘာဝအတိုင်းပါပဲ”ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဂျော့ရှ် အားနက်စ်က ပြောကြားခဲ့သည်။ အားနက်စ်သည်လည်း အိုဘားမားနည်းတူ IS ဆိုသော အမည်ကို အသုံးမပြုဘဲ အစွန်းရောက် စစ်သွေးကြွ အဖွဲ့၏ အမည်ဟောင်းကိုသာ ရည်ညွှန်းသွားခဲ့သည်။

ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်းသေနာပတိ ဂျွန်ကာဘီကလည်း ISIL ဆိုသော ဝေါဟာရကိုပင် သုံးနှုန်းကာ အမေရိကန်သည် အီရတ်စစ်ပွဲကဲ့သို့ အခြေအနေမျိုး နောက်တစ်ကြိမ် ကြုံတွေ့မလာအောင် ရှောင်လွှဲသွားမည်ဟု ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အမှားခံမှာ မဟုတ်ပါဘူး။ ISIL နဲ့ လောလောဆယ် စစ်ဖြစ်နေမှန်း သဘောပေါက်ပါတယ်။ ဒါဟာ အယ်လ်ကိုင်ဒါနဲ့ အဖွဲ့ခွဲတွေကို အမေရိကန်က ဆင်နွှဲနေတဲ့ စစ်ပွဲတွေနဲ့ သဘောတရား အတူတူပါပဲ”ဟု ကာဘီက ဆိုသည်။

အိုဘားမားသည် ယခုသီတင်းပတ် မိန့်ခွန်းအတွင်း၌ ၎င်း၏ ရည်မှန်းချက်မှာ ISILကို အလုံးစုံ ဖျက်ဆီးသွားနိုင်ရန် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ISIL မှ အမည်ပြောင်းလဲခဲ့သည့် IS အဖွဲ့သည် ယခုအချိန်ထိ ဆီးရီးယားနှင့် အီရတ်တို့ရှိ နယ်မြေဒေသ အမြောက်အမြားကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။

Ref: Channelnewsasia
7Day DAILY
အမေရိကန် ပြည်ထောင်စုသည် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့နှင့် စစ်ဖြစ်နေကြောင်း အိမ်ဖြူတော်က အတည်ပြု ကြေညာ ခဲ့သည်။ယခုသီတင်းပတ်အတွင်း အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက အီရတ်နှင့် ဆီးရီးယားရှိ IS စစ်သွေးကြွများကို လေကြောင်းမှ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။ အိုဘားမား၏ စစ်ဆင်ရေးများတွင် ပါဝင်ကူညီရန် အာရပ်နိုင်ငံ အများအပြားကလည်း ကတိပြု ထားသည်။

“အမေရိကန် ပြည်ထောင်စုဟာ ISIL အဖွဲ့နဲ့ စစ်ပွဲဖြစ်ပွားနေပါပြီ။ ဒါဟာ အယ်လ်ကိုင်ဒါရယ်၊ ကမ္ဘာတလွှားက အယ်လ်ကိုင်ဒါနဲ့ ဆက်နွယ်နေ တဲ့ အဖွဲ့အစည်းတွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲရဲ့ သဘောသဘာဝအတိုင်းပါပဲ”ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဂျော့ရှ် အားနက်စ် က ပြောကြားခဲ့သည်။ အားနက်စ်သည်လည်း အိုဘားမားနည်းတူ IS ဆိုသော အမည်ကို အသုံးမပြုဘဲ အစွန်းရောက် စစ်သွေးကြွ အဖွဲ့၏ အမည်ဟောင်း ကိုသာ ရည်ညွှန်းသွားခဲ့သည်။

ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်းသေနာပတိ ဂျွန်ကာဘီကလည်း ISIL ဆိုသော ဝေါဟာရကိုပင် သုံးနှုန်းကာ အမေရိ ကန်သည် အီရတ်စစ်ပွဲကဲ့သို့ အခြေအနေမျိုး နောက်တစ်ကြိမ် ကြုံတွေ့မလာအောင် ရှောင်လွှဲသွားမည်ဟု ပြောကြားခဲ့သည်။ “ကျွန်တော် တို့ အမှားခံမှာ မဟုတ်ပါဘူး။ ISIL နဲ့ လောလောဆယ် စစ်ဖြစ်နေမှန်း သဘောပေါက်ပါတယ်။ ဒါဟာ အယ်လ်ကိုင်ဒါနဲ့ အဖွဲ့ခွဲတွေ ကို အမေရိကန်က ဆင်နွှဲနေတဲ့ စစ်ပွဲတွေနဲ့ သဘောတရား အတူတူပါပဲ”ဟု ကာဘီက ဆိုသည်။

အိုဘားမားသည် ယခုသီတင်းပတ် မိန့်ခွန်းအတွင်း၌ ၎င်း၏ ရည်မှန်းချက်မှာ ISILကို အလုံးစုံ ဖျက်ဆီးသွားနိုင်ရန် ဖြစ်ကြောင်း ထည့် သွင်း ပြောကြားခဲ့သည်။ ISIL မှ အမည်ပြောင်းလဲခဲ့သည့် IS အဖွဲ့သည် ယခုအချိန်ထိ ဆီးရီးယားနှင့် အီရတ်တို့ရှိ နယ်မြေဒေသ အမြောက် အမြားကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။

Ref: Channelnewsasia
7Day DAILY

No comments:

Post a Comment