Saturday, September 13, 2014

ဝန်ကြီးဟောင်း ဦးဆန်းဆင့်ရုံးထုတ်စစ်ဆေးမှု အခြေအနေ ယခင်ထက်ပျော့ပျောင်းလာဟု မိသားစုဝင်များ ပြောကြား

သာသနာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဟောင်းဦးဆန်းဆင့် ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပြစ်မှုကြီးအမှတ် ၄၂/၁၄ ပြစ်မှု ပုဒ်မ၁၂၄(က)၊ အလွဲသုံးစားမှု ပြစ်မှုကြီးအမှတ် ၄၁/၁၄၊ ပြစ်မှု ပုဒ်မ ၄ဝ၉တို့ဖြင့် တရားစွဲဆိုရုံး တင်စစ်ဆေးလျက်ရှိရာ ယနေ့ (၁၆)ကြိမ်မြောက် ရုံးတင်စစ်ဆေး မှုအခြေအနေမှာ ယခင်အကြိမ်ရေ များထက် ပျော့ပျောင်းလာသည့် အခြေအနေရှိကြောင်း ¤င်း၏ မိသားစုဝင်ဦးအောင်ဌေးက သတင်း ထောက်များသို့ ပြောသည်။
''တရားရုံးဘက်က ပွင့်လင်း လာတယ်။ ပျော့ပျောင်းလာတယ်။ ဘယ်လိုခေါ်မလဲ နားချိန်မှာ။ သီးခြားအခန်းပေးပြီး ရှေ့နေရော၊ မိသားစုတွေရော လွတ်လပ်စွာတွေ့ ခွင့်ပေးတယ်။ ပိုပြီးတော့ အခွင့် အရေးရလာတယ်။ အရင်ထက် ပျော့ပျောင်းလာတယ်။ အခါတိုင်း ဆိုရင် မိသားစုရှေ့နေတွေနဲ့တွေ့တဲ့ အခါ တိုးတိုးတိတ်တိတ်ပြောရ တယ်။ အနားမှာ စောင့်ကြပ်နေ တယ်။ ဒီနေ့ဆိုရင် တရားသူကြီး ကိုယ်တိုင်က သီးသန့်အခန်းပေးပြီး မိသားစုပေါင်းလေးငါးဆယ်ယောက် ကြိုက်သလိုဆွေးနွေး၊ ကြိုက်တာ ပြော ဒီနေ့မိသားစုခုနစ်ယောက် လာတာ။ အဲ့ဒီအထဲမှာ ဇနီးလဲပါ တယ်။ သမီးလည်းပါတယ်။ ကျွန် တော်အပါအဝင် ရှစ်ယောက်ပေါ့။ သက်ဆိုင်ရာစောင့်ကြပ်တဲ့ သူတွေ၊ SP တို့၊ ဘာတို့ အပြင်ကိုထွက်ပေး တယ်။ တရားရုံရဲ့ ထင်သာမြင်သာ ရှိမှု၊ လူ့အခွင့်အရေးပေးမှု၊ ဒါဟာ မင်္ဂလာသတင်းပေါ့''ဟု ဦးအောင် ဌေးကပြောသည်။

ဝန်ကြီးဟောင်းကို ယနေ့ရုံးချိန်း ရက်တွင် စတင်စစ်ဆေးခြင်းဖြစ်ပြီး လက်ရှိတွင် ကျန်းမာရေးအခြေ အနေကောင်းမွန်တိုးတက် လာခြင်း နှင့် ပတ်သက်၍လဲ ''ဒီနေ့ ဦးဆန်း ဆင့်ကို တရားရုံးက စစစ်တယ်။ ကျန်းမာရေးအခြေအနေက တော် တော်လေး ကောင်းသွားပါပြီ။ အားလုံးသိတဲ့အတိုင်းပဲ အရင် အပတ်တွေက သူ့မှာနှလုံးရောဂါ ရှိတယ်။ အခု ဆေးကုတာ တော် တော်လေးကောင်းသွားတယ်။ ဝမ်းကိုက်ရောဂါရှိတာလဲ ကောင်း သွားတယ်။ ဒါပေမယ့် ဝမ်းကိုက် ပိုးသတ်ဆေးသောက်တော့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် အားနည်း မှုတော့ရှိတယ်။ ဒါပေမယ့် အရင် ထက်စာရင် ကျန်းမာရေးကတော့ ကောင်းသွားတယ်။ ဒီနေ့ကတော့ မင်္ဂလာရှိပါတယ်။ တရားသူကြီး ကလဲ တော်တော်အခွင့်အရေးပေး တယ်။ လွတ်လပ်စွာတွေ့ခွင့်ပေး တယ်။ လူသားတစ်ယောက်ကို စိတ်ချမ်းသာမှုပြည့်အောင် သူ့ရဲ့ အခွင့်အရေးကိုအပြည့်အဝပေးတယ်။ အဲ့ဒီတော့ ကျန်တဲ့လုံခြုံရေးပေးတဲ့ သူတွေရှိတယ်။ တာဝန်ရှိတဲ့သူတွေ ရှိတယ်၊ မတားပါဘူး။ ဝန်ကြီး ဟောင်းလဲ ကျန်းမာရေးမကောင်း တော့ နားနားနေနေစစ်ပေးတယ်'' ဟု အခြားမိသားစုဝင်တစ်ဦးက ပြောသည်။

ဦးဆန်းဆင့်အား အချုပ်ဖြင့် နေထိုင်မှုကင်းလွတ်ခွင့်ကို ယခုလ ၈ ရက်တွင် နေပြည်တော် ဒက္ခိဏ ခရိုင်တရားရုံးသို့တင်ခဲ့ပြီး မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်ရုံး သို့လည်းတင်ခဲ့ရာ ယင်းကင်းလွတ် ခွင့်ကို ပယ်ချခံခဲ့ရကြောင်းနှင့် အဆိုပါ ကင်းလွတ်နေထိုင်ခွင့်အား ဆက်လက်ကြိုးပမ်းသွားရန်ရှိ ကြောင်းနှင့်စပ်လျဉ်း၍ ''နေပြည် တော်ကို အချုပ်ကင်းလွတ်ခွင့် နောက်အပတ်တင်မယ်။ နောက် အပတ်ကျမှတင်ရမှာပေါ့။ အခုဟာ ကျတော့ မန္တလေးတိုင်းဒေသကြီး က ပယ်လိုက်တယ်လေ၊ ပယ်တာ လဲပဲ ကျွန်တော်တို့ထင်တယ်။ ဒီအမှုက အားချင်းအခုအမြန်စစ် နေတယ်။ အဲ့ဒါကြောင့်မိုလို့ပါ'' ဟု ရှင်လင်းပြောသည်။ လာမည့်ရုံးချိန်းရက်တွင် စစ် ဆေးရန်အတွက် သက်သေစာရင်း များ တောင်းခံပြီးကြောင်း သိရ သည်။

ခိုင်ထူး
The Union Daily

No comments:

Post a Comment