Monday, September 29, 2014

IS အား လေကြောင်း ဗုံးကြဲစစ်ဆင်ရေးတွင် ပါဝင်သည့် ယူအေအီး အမျိုးသမီးလေယာဉ်မှူးကို မိဘများက စွန့်လွှတ်

အစ္စလာမ်မစ် နိုင်ငံတော် အဖွဲ့ IS အား လေကြောင်း ဗုံးကြဲစစ်ဆင်ရေးတွင် ပါဝင်သည့် ယူအေအီး အမျိုးသမီးလေယာဉ်မှူး၏ မိဘများက ၎င်းကို မိသားစုမှ စွန့်လွှတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု ဒေးလီးမေးလ် သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။ယူအေအီးနိုင်ငံအတွက် F-16 တိုက်လေယာဉ်ဖြင့် IS အဖွဲ့အားလေကြောင်းမှ ဗုံးကြဲ စစ်ဆင်ရေး ဆင်နွဲနေသူ မာရီယမ် အယ်လ် မန်ဆူရီ၏ စစ်ဆင်ရေးများသည် အောင်မြင်မှုများ ရရှိခဲ့သော်လည်း ၎င်း၏ မိဘများထံမှ ဟု ယူဆရ သည့် ကြေညာ ချက်စာတမ်းတွင် ဆီးရီးယားရှိ ရက်စက်သော ဗုံးကြဲတိုက်ခိုက်မှုများအတွင်း ပါဝင်ခဲ့သည့် အတွက် ၎င်းအား မိသားစုမှ စွန့်လွှတ်ကြောင်း ပါဝင်ခဲ့သည်။


ထို့ပြင် ယင်းကြေညာစာတမ်းတွင် ၎င်း၏ မိသားစုသည် IS အဖွဲ့ကို ထောက်ခံကြောင်း ရေးသား ထားသည်။ "အီရတ်မှာ ရှိတဲ့ ဆွန်နီ သူရဲကောင်းတွေအတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်"ဟု ရေးသား ထားခဲ့သည်။

ထို့ပြင် ၎င်းတို့အနေဖြင့် ဆီးရီးယား တော်လှန်ရေးကိုလည်း ထောက်ခံကြောင်း ရေးသားခဲ့သည်ဟု ပါလက်စတိုင်း ၀ါသန် သတင်းက ဖော်ပြထားသည်။

မာရီယမ်အား မိသားစုမှ စွန့်လွှတ်သည့် ကိစ္စနှင့် ပတ်သက်၍ ၎င်းတို့က "ယူအေအီးမှာရှိတဲ့ ကျွန်တော်တို့ မန်ဆူရီ မိသားစု ကနေ မာရီယမ် အယ်လ်မန်ဆူရီကို စွန့်လွှတ်ကြောင်း ကြေညာ အပ်ပါတယ်" ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဆော်ဒီ အာရေးဗျ၊ ဂျော်ဒန်၊ ဘာရိန်း၊ ယူအေအီးနှင့် ကာတာနိုင်ငံတို့သည် အမေရိကန်နှင့်အတူ ဆီးရီးယားရှိ IS အဖွဲ့အား တိုက်ခိုက်လျက်ရှိသည်။

Mizzima

No comments:

Post a Comment