Monday, September 29, 2014

Miss Asia Pacific World အဖွဲ့က မေမြတ်နိုး၏မိခင်ကို တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း ကြေညာချက်ထုတ်ပြန်

Photo: Miss Asia Pacific World အဖွဲ့က မေမြတ်နိုး၏မိခင်ကို တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း ကြေညာချက်ထုတ်ပြန်
Monday, September 29, 2014

Miss Asia Pacific World ၏ ကော်မတီအဖွဲ့ဝင် အင်ဒရေဂျန်က မေမြတ်နိုး၏မိခင်ကို ရာဇဝတ်မှု စွဲချက်များဖြင့် တရားစွဲရန် ပြင်ဆင်နေကြောင်း ကြေညာခဲ့သည်။

အဖွဲ့၏ တာဝန်ခံကော်မရှင်နာဖြစ်သူ အင်ဒရေဂျန်က မေမြတ်နိုးသည် ကမ္ဘာတစ်ဝန်းမှ သတင်းထောက် ၁ဝဝ ခန့်ပါဝင်သော သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့က သူမကို ခေါင်းအစခြေအဆုံး ခွဲစိတ်ပြုပြင်ရန် ဖိအားပေးခဲ့ကြောင်းနှင့် နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူများနှင့် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုများ ဆောင်ရွက်ရန် ဖိအားပေး စေခိုင်းခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း၊ ထိုမှားယွင်းသော ပြောဆိုမှုသည် ကော်မတီ၏ ဂုဏ်သတင်း၊ ပံ့ပိုးသူများနှင့် တောင်ကိုရီးယားနိုင်ငံ၏ ဂုဏ်သတင်းကို ပျက်စီးစေခဲ့ကြောင်း၊ ထို့အတွက်ကြောင့် အဖွဲ့၏ဥက္ကဋ္ဌသည် စက်တင်ဘာ ၂၂ ရက်တွင် တောင်ကိုရီးယားနိုင်ငံ၏ ၃၇ ယောက်မြောက် ရှေ့နေချုပ် ဂျွန်ဂျူကင်နှင့် တိုင်ပင်ခဲ့ကြောင်း၊ ထိုတွေ့ဆုံမှုတွင် မစ္စတာကင်က မြန်မာနိုင်ငံရှိ နိုင်ငံတကာရှေ့နေတစ်ဦးနှင့် မိတ်ဆက်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ကော်မတီအဖွဲ့ဝင်အားလုံးက မေမြတ်နိုးနှင့် သူ၏မိခင်ကို အရေးယူအပြစ်ပေးရန် သဘောတူညီခဲ့ကြကြောင်း၊ ထို့နောက် ထပ်မံစုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားသည်။

မေမြတ်နိုးသည် Miss Asia Pacific World အဖွဲ့၏ ဂုဏ်သတင်းကို ပျက်စီးစေခဲ့ပြီး သရဖူ ပြန်လည်အပ်နှင်းမှုနှင့် သူမသေဆုံးသည့်တိုင် ထိုပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ကော်မတီအဖွဲ့ဝင်များက သတ်မှတ်ခဲ့ကြသည်။

ထို့ပြင် မေမြတ်နိုးသည် မြန်မာနှင့်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးကိုလည်း ပျက်စီးစေခဲ့ကြောင်း၊ မေမြတ်နိုးပြဿနာကြောင့် နှစ်နိုင်ငံကြား စီးပွားရေးဆက်ဆံမှုများ ထိခိုက်စေခဲ့ကြောင်း၊ ထို့ပြင် အာရှနိုင်ငံများနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များ ကျဆင်းမှုအတွက် မေမြတ်နိုးက အဓိကအကြောင်းရင်းတစ်ခု ဖြစ်ခဲ့ကြောင်း ကြေညာချက်က ဖော်ပြခဲ့သည်။

မေမြတ်နိုးသည် ဖိအားပေး ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း ကိုရီးယားဘာသာဖြင့် ကျွမ်းကျင်စွာ လိမ်လည်ပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲတွင်မူ သူမက “ကျွန်မဘယ်တုန်းကမှ ခွဲစိတ်မှု မခံယူခဲ့ပါဘူး” ဟု ပြောကြားခဲ့ကြောင်း၊ MBC TV Korea ၏ Real Story Eye အစီအစဉ် အင်တာဗျူးတွင် သူမက “ကျွန်မအမေနှင့် ကျွန်မခွဲစိတ်ကုသမှုအတွက် သဘောတူညီချက်ကို လက်မှတ်ထိုးတုန်းက အဲဒါဟာ ကျန်းမာရေးဆေးစစ်တာလို့ ထင်ခဲ့ပါတယ်။ အကြောင်းအရာပါ အဓိပ္ပာယ်ကို ကျွန်မမသိခဲ့ပါဘူး” ဟု ပြောကြားခဲ့ကြောင်း၊ သူမသည် တောင်ကိုရီးယားနိုင်ငံအား ကမ္ဘာတွင် အရှက်ရစေခဲ့ပြီး တစ်ကမ္ဘာလုံးကို လိမ်လည်ခဲ့ကြောင်း ကြေညာချက်က ရေးသားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မေမြတ်နိုး၏ မိခင်ဖြစ်သူက “ကျွန်မတို့ဘက်ကလည်း ဥပဒေကြောင်းအရ ပြန်လည်ရင်ဆိုင်သွားဖို့ စီစဉ်ထားပါတယ်။ သမီးကတော့ အသက်ကလည်း ငယ်ရွယ်သေးတယ်။ သူအခုဆိုရင် ကျောင်းလည်းပြန်တက်နေပြီ။ သူရင်ဆိုင်ခဲ့ရတာတွေ အားလုံးမေ့ဖျောက်ပြီး သူ့ဘာသာ အကောင်းဆုံး ကြိုးစားနေတာပါ။ ကိုရီးယား အဖွဲ့အစည်းဘက်က တာဝန်ရှိသူတွေ လာယူမယ်ဆိုရင် သရဖူကို ပြန်ပေးမယ်လို့ ပြောထားပြီးပါပြီ။ ဒါကိုမှ သူတို့ဘက်က ဥပဒေအရ ဆောင်ရွက်မယ်ဆိုရင် ကျွန်မအနေနဲ့လည်း ဥပဒေကြောင်းအရ ပြန်လည်ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်”ဟု ဆိုပါသည်။

MBC TV Korea ၏ Real Story အစီအစဉ်အတွက် မီဒီယာဝေဖန်ရေး ဆောင်ရွက်သူ ဂျယ်အွန်ဟာက လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုများ ဆောင်ရွက်ရန် ဖိအားပေး စေခိုင်းခံခဲ့ရသည်ဟု နိုင်ငံရပ်ခြား အမျိုးသမီးတစ်ဦး၏ စွပ်စွဲပြောဆိုမှုများကြောင့် တောင်ကိုရီးယား ဖျော်ဖြေရေးလုပ်ငန်း တစ်ခုလုံးကို တုန်လှုပ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

သူမ၏ မှားယွင်းသော စွပ်စွဲပြောဆိုမှုများကြောင့် ကိုရီးယားဖျော်ဖြေရေးလုပ်ငန်း ပြိုလဲမှုကို ကာကွယ်ရန်သည် တရားစွဲဆိုမှုများအတွက် အရေးအကြီးဆုံး အကြောင်းရင်းဖြစ်ကြောင်း Miss Asia Pacific World အဖွဲ့က ထုတ်ပြန်ခဲ့သည်။

၂ဝ၁၁ ခုနှစ်က ဝေလမယ် ပါဝင်ပတ်သက်ခဲ့သော အငြင်းပွားမှုသည် သတင်းမှားဖြစ်ကြောင်း ကိုရီးယားအမျိုးသားရဲတပ်ဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း၊ သို့သော်လည်း ကိုရီးယားမီဒီယာအချို့က ၎င်းတို့၏ ပြိုင်ပွဲအကြောင်းကို လှုပ်လှုပ်ရွရွဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့၏ပြိုင်ပွဲသည် တောင်ကိုရီးယားနိုင်ငံကို အထင်မှားစေခဲ့သည်ဟု ရေးသားခဲ့ကြကြောင်း Miss Asia Pacific World အဖွဲ့က ပြောကြားသည်။ ထို့ကြောင့် အဖွဲ့သည် သတင်းစာများ၊ ရုပ်သံများကို ဂရုတစိုက် စောင့်ကြည့်နေကြောင်း၊ ၎င်းတို့၏ မှားယွင်းသောသတင်းများကြောင့် အလှမယ်ပြိုင်ပွဲ ပျက်စီးမှုမှ အဖွဲ့ဝင်များက ကာကွယ်သွားမည်ဖြစ်ကြောင်း ကြေညာချက်က ဖော်ပြခဲ့သည်။

“လှိုင်သာယာမြို့နယ် စက်မှုဇုန်(၃)မှာရှိတဲ့ ကိုရီးယားလူမျိုး မစ္စတာအင်ဟိုဘန်းပိုင် မာစတာစပေါ့ ဖိနပ်စက်ရုံက စက်ရုံအလုပ်သမားတွေကို ဇွန်လပိုင်း လုပ်ခလစာနှင့် စက်ရုံပိတ်သိမ်း နစ်နာကြေးမပေးဘဲ စက်ရုံကို ဇူလိုင်လဆန်းပိုင်းမှ စတင်ပိတ်သိမ်းခဲ့တယ်။ ကိုရီးယားလူမျိုး မစ္စတာအင်ဟိုဘန်းက ကိုရီးယားကို ထွက်ပြေးတိမ်းရှောင်သွားလို့ သူ့ကိုထိရောက်တဲ့ အရေးယူမှု၊ တရားစွဲမှု ဘာမှမလုပ်နိုင်ဘူး။ ဟိုဘက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ထိထိရောက်ရောက် ကူညီတာ မရှိဘူး။ အခု Miss Asia Pacific World ရဲ့ ကော်မတီအဖွဲ့ဝင်က မေမြတ်နိုးရဲ့မိခင်ကို ရာဇဝတ်မှု စွဲချက်တွေနဲ့ တရားစွဲဖို့ ပြင်ဆင်နေတယ်။ မေမြတ်နိုးနဲ့ သူ့ရဲ့မိခင်က လက်ရှိမြန်မာနိုင်ငံမှာ။ သူတို့နိုင်ငံဘက်ကနေ တရားစွဲလည်း သူတို့နိုင်ငံဥပဒေနဲ့ပဲ တရားစွဲလို့ရမယ်။ သူတို့နိုင်ငံ ဥပဒေနဲ့ တရားစွဲရင် ဒီကိုလာဖမ်းလို့ မရဘူး။ ဘာလို့လဲဆိုတော့ ဒီကိစ္စက ပုဂ္ဂိုလ်ရေးကိစ္စ။ သူတို့က နိုင်ငံတကာနဲ့ဆိုင်တဲ့ အကြမ်းဖက်တဲ့ပြစ်မှုမျိုး ကျူးလွန်ထားတဲ့ ရာဇဝတ်တရားခံတွေလည်း မဟုတ်လို့ ဒီကိုလွယ်လွယ်နဲ့ လာဖမ်းလို့ မရနိုင်ဘူး။ မစ္စတာအင်ဟိုဘန်းက ကိုရီးယားကို ထွက်ပြေးတိမ်းရှောင်သွားလို့ သူ့ကိုထိရောက်တဲ့ အရေးယူမှု တရားစွဲမှု ဘာမှမလုပ်နိုင်သလို မြန်မာနိုင်ငံမှာရှိနေတဲ့ မေမြတ်နိုးနဲ့ သူ့ရဲ့မိခင်ကိုလည်း ကိုရီးယားနိုင်ငံကနေ ကိုရီးယားဥပဒေတွေနဲ့ ဒီမှာဘာမှလာလုပ်လို့ မရဘူး” ဟု ဥပဒေပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

MBC TV Korea ရုပ်သံဌာနက မေမြတ်နိုးနှင့် မိခင်ဖြစ်သူအား လာရောက်တွေ့ဆုံမေးမြန်းစဉ်
Eleven Media Group
Miss Asia Pacific World ၏ ကော်မတီအဖွဲ့ဝင် အင်ဒရေဂျန်က မေမြတ်နိုး၏မိခင်ကို ရာဇဝတ်မှု စွဲချက်များဖြင့် တရားစွဲရန် ပြင်ဆင်နေကြောင်း ကြေညာခဲ့သည်။

အဖွဲ့၏ တာဝန်ခံကော်မရှင်နာဖြစ်သူ အင်ဒရေဂျန်က မေမြတ်နိုးသည် ကမ္ဘာတစ်ဝန်းမှ သတင်းထောက် ၁ဝဝ ခန့်ပါဝင်သော သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့က သူမကို ခေါင်းအစခြေအဆုံး ခွဲစိတ်ပြုပြင်ရန် ဖိအားပေးခဲ့ကြောင်းနှင့် နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူများနှင့် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေ မှုများ ဆောင်ရွက်ရန် ဖိအားပေး စေခိုင်းခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း၊ ထိုမှားယွင်းသော ပြောဆို မှုသည် ကော်မတီ၏ ဂုဏ်သတင်း၊ ပံ့ပိုးသူများနှင့် တောင်ကိုရီးယားနိုင်ငံ၏ ဂုဏ်သတင်းကို
ပျက်စီးစေခဲ့ကြောင်း၊ ထို့အတွက်ကြောင့် အဖွဲ့၏ဥက္ကဋ္ဌသည် စက်တင်ဘာ ၂၂ ရက်တွင် တောင်ကိုရီးယားနိုင်ငံ၏ ၃၇ ယောက်မြောက် ရှေ့နေချုပ် ဂျွန်ဂျူကင်နှင့် တိုင်ပင်ခဲ့ကြောင်း၊ ထိုတွေ့ဆုံမှုတွင် မစ္စတာကင်က မြန်မာနိုင်ငံရှိ နိုင်ငံတကာရှေ့နေတစ်ဦးနှင့် မိတ်ဆက်ပေးမည်ဟု ပြောဆို ခဲ့ကြောင်း ကော်မတီအဖွဲ့ဝင်အားလုံးက မေမြတ်နိုးနှင့် သူ၏မိခင်ကို အရေးယူအပြစ်ပေးရန် သဘောတူညီခဲ့ကြကြောင်း၊ ထို့နောက် ထပ်မံစုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာ ချက်တွင် ပြောကြားသည်။

မေမြတ်နိုးသည် Miss Asia Pacific World အဖွဲ့၏ ဂုဏ်သတင်းကို ပျက်စီးစေခဲ့ပြီး သရဖူ ပြန်လည်အပ်နှင်းမှုနှင့် သူမသေဆုံးသည့်တိုင် ထိုပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ကော်မတီအဖွဲ့ဝင်များက သတ်မှတ်ခဲ့ကြသည်။

ထို့ပြင် မေမြတ်နိုးသည် မြန်မာနှင့်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးကိုလည်း ပျက်စီးစေခဲ့ကြောင်း ၊ မေမြတ်နိုးပြဿနာကြောင့် နှစ်နိုင်ငံကြား စီးပွားရေးဆက်ဆံမှုများ ထိခိုက်စေခဲ့ကြောင်း၊ ထို့ပြင် အာရှနိုင်ငံများနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များ ကျဆင်းမှုအတွက် မေမြတ်နိုးက အဓိကအကြောင်းရင်းတစ်ခု ဖြစ်ခဲ့ကြောင်း ကြေညာချက်က ဖော်ပြခဲ့သည်။

မေမြတ်နိုးသည် ဖိအားပေး ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း ကိုရီးယားဘာသာဖြင့် ကျွမ်းကျင်စွာ လိမ်လည်ပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲတွင်မူ သူမက “ကျွန်မဘယ်တုန်းကမှ ခွဲစိတ်မှု မခံယူခဲ့ပါဘူး” ဟု ပြောကြားခဲ့ကြောင်း၊ MBC TV Korea ၏ Real Story Eye အစီအစဉ် အင်တာဗျူးတွင် သူမက “ကျွန်မအမေနှင့် ကျွန်မခွဲစိတ်ကုသမှုအတွက် သဘောတူညီချက်ကို လက်မှတ်ထိုးတုန်းက အဲဒါဟာ ကျန်းမာရေးဆေးစစ်တာလို့ ထင်ခဲ့ပါတယ်။ အကြောင်းအရာပါ အဓိပ္ပာယ်ကို ကျွန်မမသိခဲ့ပါဘူး” ဟု ပြောကြားခဲ့ကြောင်း၊ သူမသည် တောင်ကိုရီးယားနိုင်ငံအား ကမ္ဘာတွင် အရှက်ရစေခဲ့ပြီး တစ်ကမ္ဘာလုံးကို လိမ်လည်ခဲ့ကြောင်း ကြေညာချက်က ရေးသားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မေမြတ်နိုး၏ မိခင်ဖြစ်သူက “ကျွန်မတို့ဘက်ကလည်း ဥပဒေကြောင်းအရ ပြန်လည်ရင်ဆိုင်သွားဖို့ စီစဉ်ထားပါတယ်။ သမီးကတော့ အသက်ကလည်း ငယ်ရွယ်သေးတယ်။ သူအခုဆိုရင် ကျောင်းလည်းပြန်တက်နေပြီ။ သူရင်ဆိုင်ခဲ့ရတာတွေ အားလုံးမေ့ဖျောက်ပြီး သူ့ဘာသာ အကောင်းဆုံး ကြိုးစားနေတာပါ။ ကိုရီးယား အဖွဲ့အစည်းဘက်က တာဝန်ရှိသူတွေ လာယူမယ်ဆိုရင် သရဖူကို ပြန်ပေးမယ်လို့ ပြောထားပြီးပါပြီ။ ဒါကိုမှ သူတို့ဘက်က ဥပဒေအရ ဆောင်ရွက်မယ်ဆိုရင် ကျွန်မအနေနဲ့လည်း ဥပဒေကြောင်းအရ ပြန်လည်ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်”ဟု ဆိုပါသည်။

MBC TV Korea ၏ Real Story အစီအစဉ်အတွက် မီဒီယာဝေဖန်ရေး ဆောင်ရွက်သူ ဂျယ်အွန်ဟာက လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုများ ဆောင်ရွက်ရန် ဖိအားပေး စေခိုင်းခံခဲ့ရသည်ဟု နိုင်ငံရပ်ခြား အမျိုးသမီးတစ်ဦး၏ စွပ်စွဲပြောဆိုမှုများကြောင့် တောင်ကိုရီးယား ဖျော်ဖြေရေးလုပ်ငန်း တစ်ခုလုံးကို တုန်လှုပ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

သူမ၏ မှားယွင်းသော စွပ်စွဲပြောဆိုမှုများကြောင့် ကိုရီးယားဖျော်ဖြေရေးလုပ်ငန်း ပြိုလဲမှုကို ကာကွယ်ရန်သည် တရားစွဲဆိုမှုများအတွက် အရေးအကြီးဆုံး အကြောင်းရင်းဖြစ်ကြောင်း Miss Asia Pacific World အဖွဲ့က ထုတ်ပြန်ခဲ့သည်။

၂ဝ၁၁ ခုနှစ်က ဝေလမယ် ပါဝင်ပတ်သက်ခဲ့သော အငြင်းပွားမှုသည် သတင်းမှားဖြစ်ကြောင်း ကိုရီးယားအမျိုးသားရဲတပ်ဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း၊ သို့သော်လည်း ကိုရီးယားမီဒီယာအချို့က ၎င်းတို့၏ ပြိုင်ပွဲအကြောင်းကို လှုပ်လှုပ်ရွရွဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့၏ပြိုင်ပွဲသည် တောင် ကိုရီးယားနိုင်ငံကို အထင်မှားစေခဲ့သည်ဟု ရေးသားခဲ့ကြကြောင်း Miss Asia Pacific World အဖွဲ့က ပြောကြားသည်။ ထို့ကြောင့် အဖွဲ့သည် သတင်းစာများ၊ ရုပ်သံများကို ဂရုတစိုက် စောင့် ကြည့်နေကြောင်း၊ ၎င်းတို့၏ မှားယွင်းသောသတင်းများကြောင့် အလှမယ်ပြိုင်ပွဲ ပျက်စီးမှုမှ အဖွဲ့ဝင်များက ကာကွယ်သွားမည်ဖြစ်ကြောင်း ကြေညာချက်က ဖော်ပြခဲ့သည်။

“လှိုင်သာယာမြို့နယ် စက်မှုဇုန်(၃)မှာရှိတဲ့ ကိုရီးယားလူမျိုး မစ္စတာအင်ဟိုဘန်းပိုင် မာစတာစပေါ့ ဖိနပ်စက်ရုံက စက်ရုံအလုပ်သမားတွေကို ဇွန်လပိုင်း လုပ်ခလစာနှင့် စက်ရုံပိတ်သိမ်း နစ်နာကြေးမပေးဘဲ စက်ရုံကို ဇူလိုင်လဆန်းပိုင်းမှ စတင်ပိတ်သိမ်းခဲ့တယ်။ ကိုရီးယားလူမျိုး မစ္စတာအင်ဟိုဘန်းက ကိုရီးယားကို ထွက်ပြေးတိမ်းရှောင်သွားလို့ သူ့ကိုထိရောက်တဲ့ အရေးယူမှု၊ တရားစွဲမှု ဘာမှမလုပ်နိုင်ဘူး။ ဟိုဘက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ထိထိရောက်ရောက် ကူညီတာ မရှိဘူး။ အခု Miss Asia Pacific World ရဲ့ ကော်မတီအဖွဲ့ဝင်က မေမြတ်နိုးရဲ့မိခင်ကို ရာဇဝတ်မှု စွဲချက်တွေနဲ့ တရားစွဲဖို့ ပြင်ဆင်နေတယ်။ မေမြတ်နိုးနဲ့ သူ့ရဲ့မိခင်က လက်ရှိမြန်မာနိုင်ငံမှာ။ သူတို့နိုင်ငံဘက်ကနေ တရားစွဲလည်း သူတို့နိုင်ငံဥပဒေနဲ့ပဲ တရားစွဲလို့ရမယ်။ သူတို့နိုင်ငံ ဥပဒေနဲ့ တရားစွဲရင် ဒီကိုလာဖမ်းလို့ မရဘူး။ ဘာလို့လဲဆိုတော့ ဒီကိစ္စက ပုဂ္ဂိုလ်ရေးကိစ္စ။ သူတို့က နိုင်ငံတကာနဲ့ဆိုင်တဲ့ အကြမ်းဖက်တဲ့ပြစ်မှုမျိုး ကျူးလွန်ထားတဲ့ ရာဇဝတ်တရားခံတွေလည်း မဟုတ်လို့ ဒီကိုလွယ်လွယ်နဲ့ လာဖမ်းလို့ မရနိုင်ဘူး။ မစ္စတာအင်ဟိုဘန်းက ကိုရီးယားကို ထွက်ပြေးတိမ်းရှောင်သွားလို့ သူ့ကိုထိရောက်တဲ့ အရေးယူမှု တရားစွဲမှု ဘာမှမလုပ်နိုင်သလို မြန်မာနိုင်ငံမှာရှိနေတဲ့ မေမြတ်နိုးနဲ့ သူ့ရဲ့မိခင်ကိုလည်း ကိုရီးယားနိုင်ငံကနေ ကိုရီးယားဥပဒေတွေနဲ့ ဒီမှာဘာမှလာလုပ်လို့ မရဘူး” ဟု ဥပဒေပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

MBC TV Korea ရုပ်သံဌာနက မေမြတ်နိုးနှင့် မိခင်ဖြစ်သူအား လာရောက်တွေ့ဆုံမေးမြန်းစဉ်
Eleven Media Group

1 comment:

  1. နေ၀င်းမြေးရဲ့ မယားငယ်ဖြစ်မှတော့၊ ဒီလောက်တော့ ဇာတ်ရှုပ်မှာပေါ့။

    ReplyDelete