Monday, September 8, 2014

ဆယ်စုနှစ်တစ်စုနီးပါးခန့် ဆုဖလားနှင့်ဝေးကွာနေသည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို MFF ကြိုဆိုဂုဏ်ပြုမည်

ဆယ်စု နှစ်တစ်စုနီးပါးခန့်ဆု ဖလားနှင့်ဝေး ကွာနေခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း ဖိလစ် ပိုင်ငြိမ်းချမ်းရေးဖိတ်ခေါ်ဖလားပြိုင် ပွဲတွင်ဗိုလ်စွဲပြီးနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အောင်ပွဲရအား ကစားသမားများကို ဂုဏ်ပြုကြိုဆို မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် သည် ပြီးခဲ့သည့် ဘရူနိုင်းဖိတ်ခေါ် ဖလားပြိုင်ပွဲတွင် ဗီယက်နမ်အသင်း ကို ဗိုလ်လုပွဲတွင် ၄-၃ဂိုးဖြင့်အနိုင် ရရှိအောင် စွမ်းဆောင်ပေးနိုင်သည့် မြန်မာယူ-၁၉အသင်းကို ဘရူနိုင်း နိုင်ငံမှ ပြန်လည်ရောက်ရှိလာချိန် တွင် ရန်ကုန်လေဆိပ်မှစတင်ကာ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့သည်။
ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူက ''အောင်ပွဲရမြန်မာအသင်းအနေနဲ့ ယနေ့နံနက်၉နာရီ၂ဝမှာ ရန်ကုန်လေ ဆိပ်ကို ပြန်လည်ဆိုက်ရောက်လာ မှာဖြစ်ပါတယ်။ ဘရူနိုင်းဖိတ်ခေါ် ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ မြန်မာ ယူ-၁၉အသင်းလိုပဲ ကြိုဆိုသွားမှာ ဖြစ်ပါတယ်။ သွားမယ့်လမ်းကြောင်း အဲဒီလမ်းကြောင်းအတိုင်း သွားမှာ ပါ''ဟုဆိုသည်။
မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းသည် ၂ဝဝ၆ခုနှစ်မှစတင်ကာ ဆုဖလားများနှင့်ဝေးကွာနေသည့် အ သင်းဖြစ်ပြီး လက်ရှိအချိန်တွင် ရှစ် နှစ်တာအတွင်း ဖလားလက်မဲ့ဖြစ်မှု ကိုအဆုံးသတ်နိုင်ခဲ့ပြီဖြစ်၍ လာမည့် အောက်တိုဘာ အတွင်း ခြေစစ်ပွဲဝင် ရောက်ယှဉ်ပြိုင်ရမည့် ဆူဇူကီးခြေ စစ်ပွဲအောင်မြင်ရန် တွန်းအားတစ် ရပ်ဖြစ်သည်။
ထို့အပြင် ဖီဖာမှသတ်မှတ်ထား သည့် နိုင်ငံတကာခြေစမ်းပွဲကစားရ မည့်ရက်တွင် ကစားရသဖြင့် ကမ္ဘာ့ အဆင့်သတ်မှတ်ချက်သည် လက်ရှိ အဆင့်သတ်မှတ်ချက်ဖြစ်သည့် အ ဆင့်၁၆ဝထက် များစွာလျှော့ချနိုင် မည်ဖြစ်ကြောင်း သိရသည်။
NTL

Yangon Media Group

No comments:

Post a Comment