Thursday, September 18, 2014

၁၅ဝဝ တန် MPT ဆင်းကတ်များကို ဟန်းဆက်ရောင်းချရာတွင် လက်ဆောင်ပေးခြင်းနှင့် ဈေးတင်ရောင်းခြင်းများအား အရေးယူမည်

ကျပ် ၁၅ဝဝတန် MPT ဆင်းမ် ကတ်များအား ဟန်းဆက်ရောင်းရရန် အတွက် လက်ဆောင်ပေးခြင်းအပါအ ဝင် ဈေးနှုန်းတင်ရောင်းချနေမှုများအား စစ်ဆေးအရေးယူသွား မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ကျောင်း အုပ်ကြီး ဦးကျော်စိုးက ရန်ကုန်တိုင်းမ် သို့ ပြောသည်။

''ပြည်သူတွေကို ကျပ် ၁၅ဝဝ နဲ့ ရောင်းချပေးဖို့ ကိုယ်စားလှယ်ဆိုင်တွေ ကို ဆင်းမ်ကတ်တွေပေးထား တာလေ။ ဒါကိုအမြတ်တင်ရောင်းတာတွေ ဆိုင်က ဟန်းဆက်ဝယ်မှ ဆင်းမ်ကတ်လက် ဆောင်ပေးတာတွေက တရားမဝင်ပါဘူး။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေ နဲ့ စစ်ဆေးအရေးယူသွားမှာဖြစ်သလို ပြည်သူတွေကိုယ်တိုင်လဲ တိုင်ကြားနိုင် ပါတယ်''ဟု မြန်မာ့ ဆက်သွယ်ရေးလုပ် ငန်းမှအရာရှိတစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပထမဆုံးဝန်ဆောင်မှုတစ်ရပ်အနေဖြင့် ယခင်တိုင်းဒေသကြီးအစိုးရမှ တစ်ဆင့် သက်ဆိုင်ရာမြို့နယ်အလိုက် မဲနှိုက်သည့် စနစ်မှ ယခုလပိုင်းအတွင်း ပြည်သူများ လွတ်လပ်စွာဝယ်ယူနိုင်ရန်ဟုဆိုကာ ဆင်းမ်ကတ်အရေအတွက် ငါးသန်းအား ဖုန်းအရောင်းဆိုင်များသို့ ကိုယ်စားလှယ် အဖြစ် ရောင်းချစေခဲ့သည်။

ထိုသို့ လွတ်လပ်စွာတရားဝင်ရောင်း ချခွင့်ပေးခဲ့သော်လည်း ဈေးကွက်အ တွင်း မှောင်ခိုများဖြစ်ပေါ်ခဲ့ကာ ကျပ် ၁၅ဝဝတန်ဆင်းမ်ကတ်တစ်ကတ်လျှင် ကျပ်၅ဝဝဝမှ ကျပ် ၂ဝဝဝဝ ဝန်းကျင်အ ထိ မှောင်ခိုဈေးကွက်ဖြစ်ပေါ်ခဲ့သည်။
လှိုင်မြို့နယ်တွင်နေထိုင်သူတစ် ဦးက ''ကျပ်၁၅ဝဝတန်ကို ကျပ် ၂ဝဝဝဝ အထိဈေးတင်ရောင်းတာကတော့ တော် တော်ကိုအရှက်မရှိတဲ့လုပ်ရပ်ပဲ၊ သိက္ခာ လဲမရှိဘူး။ ကျပ် ၁၅ဝဝတန်ကို ၁၅ဝဝ နဲ့ဝယ်ဖို့ဆိုတာ ဘယ်မှာမှမဖြစ်နိုင်ဘူး။ တချို့ဆိုင်လေးတွေတော့ရှိတယ်။ တန်း စီရတယ်။ ဝယ်မယ့်သူများတော့ သူက လဲ လောက်အောင်မရောင်းနိုင်ဘူးလေ'' ဟု ပြောသည်။

ထို့ပြင် ဆင်းမ်ကတ်ရောင်းချခွင့် ကိုယ်စားလှယ်ရရှိထားသော နာမည် ကြီးဖုန်းအရောင်းဆိုင်တချို့၏ ရရှိထား သောဆင်းမ်ကတ်များအား ထိမ်ချန် ရောင်းချခြင်း၊ ဟန်းဆက်ဝယ်ယူမှသာ ဆင်းမ်ကတ်ရောင်း ချခြင်းတို့ကြောင့် ဆင်းမ်ကတ်လိုအပ်မှုမြင့်တက်ကာ မြို့ နယ်တချို့တွင် လူစုလူဝေးနှင့်ခိုက်ရန် ဖြစ်ပွား ခဲ့ကြောင်း သတင်းမီဒီယာများ တွင် ဖော်ပြသည်အထိဖြစ်ခဲ့သည်။
''ဆင်းမ်ကတ်မှောင်ခိုဖြစ်တာက ဝယ်လိုအားနဲ့ရောင်းလိုအားမမျှတလို့ ပါ။ လက်ရှိဘယ်လိုမှဖြေရှင်းလို့ မရသ လို အချိန်ကြာတာနဲ့အမျှ သူ့အလိုလို ပျောက်သွားပါလိမ့်မယ်။ ဆင်းမ်ကတ် တစ်ကတ်ကို ကျပ် ၁၅ဝဝ နဲ့ တရားဝင် ရောင်းချခွင့်တောင်းပြီး မရောင်းဘဲ ထိမ် ချန်တာတွေ၊ ဟန်းဆက်နဲ့ အတူတွဲရောင်း တာတွေကတော့ တရားမဝင်တဲ့အတွက် ဆိုင်တွေ ပြန်စစ်ဆေးပြီး အရေးယူသွား ပါမယ်''ဟု မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ ကျောင်းအုပ်ဦးကျော်စိုးက ပြော သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှထုတ်လုပ်ရောင်းချနေသည့် ကျပ် ၁၅ဝဝ တန် ဂျီအက်စ်အမ်ဆင်းမ်ကတ်များအား ဟန်းဆက်ဝယ်မှ လက်ဆောင်ပေးခြင်း နှင့် ဈေးတင်ရောင်းချနေသည့် မိုဘိုင်း ဖုန်းအရောင်းဆိုင်တချို့အား မိမိတို့ ရန်ကုန်တိုင်းမ်မှ ဆက်သွယ်မေးမြန်း ကြည့်ရာ၌ မည်သူကမျှ ဖြေကြားပေး ခြင်း မရှိခဲ့ပါ။

Yangon Media Group

No comments:

Post a Comment