Thursday, September 18, 2014

ပျောက်ဆုံးတောင်တက်သမားနှစ်ဦးအား အမေရိကန်အပါအဝင် နိုင်ငံခြောက်နိုင်ငံ ပူးပေါင်းရှာရန်ပြင်ဆင်

 ခါကာဘိုရာဇီ ရေခဲတောင်တွင် နှစ်ပတ်ကြာ ပျောက်ဆုံးနေသည့် တောင် တက်သမားနှစ်ဦးအား အမေရိကန်အပါ အဝင် ခြောက်နိုင်ငံအထိ ပူးပေါင်းကာ အင်အားတိုးမြှင့် ရှာဖွေရန် ပြင်ဆင်နေ ကြောင်း ထူးဖောင်ဒေးရှင်းမှ သိရသည်။
အဆိုပါပျောက်ဆုံးနေသော တောင် တက်သမားနှစ်ဦးအား ရှာဖွေရန် လက် ရှိတွင် မြန်မာ၊ ဂျပန်နှင့် တရုတ် သုံးနိုင်ငံ တို့မှ ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ် ဆောင်နေလျက် ရှိပြီး ထပ်မံ၍ကယ်ဆယ် ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်နိုင်ရန် အမေရိကန်၊ နီပေါနှင့် ထိုင်းနိုင်ငံတို့ အား ကမ်းလှမ်းထားကြောင်း ထူးဖောင် ဒေးရှင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုး ကိုကိုက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ပြော သည်။

''လက်ရှိမှာတော့ ထိုင်းကြ၎ အ မည်ရှိ ရဟတ်ယာဉ်တစ်စင်း ရောက်ရှိ လာပါပြီ။ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အရင်အတိုင်းလုပ်နေဆဲပါ''ဟု အ ဆိုပါကယ်ဆယ်ရေးလုပ်ငန်းများ ဦး ဆောင် ဆောင်ရွက် လျက်ရှိသော ¤င်း ကပြောသည်။
မီဒီယာတချို့တွင် ဖော်ပြလျက်ရှိ သော တရုတ်ကယ်ဆယ်ရေးအဖွဲ့ အ ဆင့်မမီ၍ ပြန်လွှတ်သည် ဆိုသည်မှာ မှန်ကန်မှုမရှိဘဲ နည်းပညာလိုအပ်ချက် အရ တရုတ်နိုင်ငံ ကူမင်းရှိ ကယ်ဆယ် ရေးအဖွဲ့  တစ်ခုနှင့်ပူးပေါင်းကာ တရုတ် နိုင်ငံဘက်ခြမ်းမှ ရှာဖွေရန် ပြန်သွား ခြင်းသာဖြစ်ကြောင်း ¤င်းကရှင်းလင်း ပြောကြားသည်။
ပျောက်ဆုံးနေသော တောင်တက် သမားနှစ်ဦးမှာ သြဂုတ် ၃၁ ရက်ညနေ ၅နာရီကျော်ခန့်က အမြင့်ပေ ၁၉ဝဝဝ ကျော်ရှိသော ခါကာဘိုရာဇီတောင်ထိပ် တွင် အလံစိုက်နိုင်ခဲ့ပြီး တောင်ပေါ်မှ အဆင်းတွင် အဆက်အသွယ် ပြတ် တောက်ကာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ် သည်။
တောင်တက်သမားနှစ်ဦး ပျောက် ဆုံးနေကြောင်း စက်တင်ဘာ ၁ရက် တွင် တရားဝင် ထုတ်ပြန်ပြီးနောက်တွင် အဆိုပါတောင်ခြေရှိ ဒေသခံများနှင့် ဦးတေဇဦးဆောင်သော ထူးဖောင်ဒေး ရှင်းနှင့် သဘာဝခေါ်သံဖောင်ဒေးရှင်း တို့ဦးဆောင်ကာ ရှာဖွေမှုများ ပြုလုပ် လျက်ရှိသော်လည်း လက်ရှိအချိန်အ ထိ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

Yangon Media Group

No comments:

Post a Comment