Thursday, September 18, 2014

NDF သို့ ပြောင်းသွားခဲ့သည့် ပါတီဝင် လေးဦးကို ဒီချုပ်ပြန်လည်လက်ခံ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှထွက်၍ ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမို ကရေစီအင်အားစု (NDF) ပါတီ သို့ ပြောင်းသွားခဲ့သည့် ပါတီဝင် လေးဦးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က  ပါတီဝင် အဖြစ် ပြန် လည်လက်ခံလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အယူခံဝင်တဲ့အခါမှာ သူတို့အမှားကို သူတို့ဝန်ခံတဲ့အတွက် ပြန်ပြီး လက်ခံလိုက်တာပါ’’ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နေ အိမ်အကျယ်ချုပ်မှ လွတ်မြောက် ပြီး ပထမဆုံးအကြိမ်ပြုလုပ်သည့် ပါတီညီလာခံတွင် NDF ပါတီသို့ ပြောင်းသွားသူအချို့က ပါတီဝင် အဖြစ် လက်ခံရန် တင်ပြခဲ့သော် လည်း ငြင်းပယ်ခြင်းခံခဲ့ရသည်။

‘‘အခက်အခဲရှိတဲ့အချိန်မှာ ပါတီနဲ့ အတူမရပ်ခဲ့တာတော့ မှား တယ်။ ဒါကလည်း တိုင်းပြည်ရဲ့ လိုအပ်ချက်ကြောင့် လုပ်ခဲ့တာ ဒါ ကြောင့် ရိုးရိုးပါတီဝင်အဖြစ် လက်ခံပေးပါလို့ ပြန်လျှောက်လိုက်တာ’’ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီသို့ ပြောင်းခဲ့သူ ကိုမျိုးဇော်အောင်က ပြောသည်။
သို့သော် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီပြန်လည်မှတ် ပုံတင်ပြီးနောက် NDF ပါတီသို့ ပြောင်းသွားသူအချို့မှာ အဆိုပါ ပါတီမှ နုတ်ထွက်ပြီး NLD ပါတီဝင်အဖြစ် ပြန် လည်လက်ခံပေးရန် လျှောက်ထားခဲ့ကြသည်။
‘‘နေရာတွေ ဘာတွေတော့ မမက်ပါဘူး။ ကိုယ်တတ်နိုင်တဲ့ ဘက်က ၀ိုင်းလုပ်ပေးဖို့ပဲ မျှော် လင့်ပါတယ်’’ဟု လက်ရှိတွင် နိုင်ငံ ရေးပါတီများအား စွမ်းဆောင်ရည် မြှင့် သင်တန်းများပေးနေသော The Innovative ကျောင်းဥက္ကဋ္ဌ ကိုမျိုးဇော်အောင်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပြန်လက်ခံလိုက်သည့် လေးဦးထဲတွင် လက်ရှိ မြောက် ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ် တော်အမတ်ဖြစ်နေသော ဒေါက် တာသံဝင်း၊ ကိုမျိုးဇော်အောင်နှင့် ဦးတင်အောင်တို့ ပါဝင်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟိုကော်မတီဝင်များဖြစ်ကြ သော ဦးခင်မောင်ဆွေ၊ ဒေါက် တာသန်းငြိမ်း၊ ဦးသိန်းညွန့်နှင့် ပါတီဝင်အချို့   ပါတီမှထွက်၍ NDF ပါတီတည်ထောင်ကာ ရွေး ကောက်ပွဲဝင်ခဲ့ကြသည်။

7 Day Daily

No comments:

Post a Comment