Wednesday, September 3, 2014

ရောင်းအားကျဆင်းလာမှုကြောင့် စက်တင်ဘာလအတွက် Ooredoo ၏ အင်တာနက်အသုံးပြုမှု ပရိုမိုးရှင်းပြုလုပ်

ပြည်ပဆက်သွယ်ရေးအော်ပရေတာတစ်ဦးဖြစ်သည့် Ooredoo မှ စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အတွင်း Top UP ငွေဖြည့်သွင်းသူများအတွက် နေ့စဉ်အင်တာနက် အသုံးပြုမှုအား 1 MB ကို ၁၀ ကျပ်နှုန်းဖြင့် အသုံးပြုနိုင်မည့် အင်တာနက်အသုံးပြုမှု ပရိုမိုးရှင်းကို စတင်လိုက်ကြောင်းသိရသည်။“Ooredoo ငွေဖြည့်ကတ်သုံးသူတွေအတွက် Top Up ကတ်ပရိုမိုးရှင်းအနေနဲ့ စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အတွင်း Top Up ငွေဖြည့်သွင်းသူတွေအားလုံး နေ့စဉ်အင်တာနက်အသုံးပြုမှု 1 MB ကို ၁၀ ကျပ်နဲ့ တစ်လတိတိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခု စက်တင်ဘာ ၂ ရက်ကဖြည့်ရင်တော့ နောက်လ အောက်တိုဘာ ၂ ရက်ထိရမယ်။ စက်တင်ဘာ ၃၀ မှဖြည့်ရင် နောက်လ အောက်တိုဘာ ၃၀ ထိ 1 MB ကို ၁၀ ကျပ်နဲ့ သုံးနိုင်မှာပါ။ ဒီပရိုမိုးရှင်းက အရင်ဝန်ဆောင်မှုပေးခဲ့တဲ့ Data ဝန်ဆောင်မှုတွေထက် အများကြီးသက်သာတယ်” ဟု Ooredoo အရောင်းပြခန်းမှ အရောင်းတာဝန်ခံတစ်ဦးက ရှင်းပြသည်။
Ooredoo အနေဖြင့် ၎င်းတို့မိုဘိုင်းဖုန်းလိုင်းများအတွက် ကြိုတင်ငွေဖြည့်ကတ်များကို တစ်ထောင်ကျပ်မှ စတင်၍ သုံးထောင်ကျပ်၊ ငါးထောင်ကျပ်၊ တစ်သောင်းကျပ်၊ နှစ်သောင်းကျပ်ဟူ၍ အမျိုးအစား ၅ မျိုး ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

Internet Journal

No comments:

Post a Comment