Tuesday, October 7, 2014

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဟိုတယ်သင်တန်းကျောင်း သင်တန်းသား တစ်ရာကျော်ဖြင့် ယခုလကုန်သင်တန်းစမည်

Photo: ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဟိုတယ်သင်တန်းကျောင်း သင်တန်းသား တစ်ရာကျော်ဖြင့် ယခုလကုန်သင်တန်းစမည်
Tuesday, October 7, 2014

ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းမှ ကော့မှူးတွင် ဖွင့်လှစ်ထား သော ဟိုတယ်ဆိုင်ရာ သင်တန်း ကျောင်းသို့ လာရောက်လျှောက် ထားသူ ၂၀၀ ကျော်မှ ၁၀၀ ကျော် ကို ရွေး ချယ် ကာ အောက်တိုဘာ လကုန်၌ သင်တန်းစတင်နိုင်မည်ဟု သတင်းရရှိသည်။

‘‘သင်တန်းကို အောက်တို ဘာကုန်မှစမယ်။ လာလျှောက်တဲ့ အထဲမှာ ကော့မှူးက များတယ်။ ရန်ကုန်က အယောက် (၄၀) လောက်ရှိတယ်။ ပုဂံ၊ သာစည်၊ ပဲခူး၊ နေပြည်တော်ကလာလျှောက်တဲ့ ကျောင်းသားတွေကိုလည်း ရွေးချယ်ထားတယ်’’ဟု ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးဇွဲ နန္ဒက ပြောသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မှ ကော့မှူးတွင် Hospitality and Catering Training Academy အမည်ရှိ ဟိုတယ်ဆိုင်ရာသင် တန်းကျောင်းဖွင့်လှစ်ကာ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု Hotels Ope-ration သင်တန်းနှင့် အချက် အ ပြုတ်နှင့် စားသောက်ခန်းကျွမ်း ကျင် Culinary Art စသည့် သင် တန်းနှစ်မျိုး ကို အသိအမှတ်ပြု လက်မှတ်ရသည်အထိ အခမဲ့သင်ကြားရေးအစီအစဉ် အတွက် ကျောင်းသားများကို သြဂုတ်လက လျှောက်လွှာခေါ်ယူခဲ့သည်။

အပတ်စဉ်တစ်ခုလျှင် စာ တွေ့ ၆ လနှင့် လက်တွေ့ ၂ လ စုစုပေါင်း ၈ လအကြာ သင်ကြားပေးသွားမည်ဖြစ်ပြီး လက်တွေ့ ၂ လအတွက် ရန်ကုန်ရှိ အဆင့်မြင့် ဟိုတယ်ကြီးများ၌ On Job Train-ning လုပ်ရမည်ဖြစ်ကြောင်းဦးဇွဲနန္ဒက ဆိုသည်။

သင်တန်းကျောင်းတွင် သင် ကြားမည့် သင်ရိုးညွှန်းတမ်းကို အာဆီယံအသိုက် အ၀န်းမှ ဟို တယ်နှင့် ခရီးသွားလုပ်ငန်းအ တွက် သတ်မှတ်ချက်များကို အ ခြေခံပြီး ရေးဆွဲထားကြောင်း သင်တန်းကျောင်း ကျောင်းအုပ် ဦး အုန်းကျော်က ပြောသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စုကြည် ဦး ဆောင်၍ ၂၀၁၀ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး ရွေ့လျားစာ ကြည့်တိုက်များ၊ အခမဲ့အင်္ဂလိပ် စကားပြောသင်တန်းများစသော လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

7Day Daily 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် ကော့မှူးမြို့နယ်တွင် ဗဟိုစာကြည့်တိုက် ဖွင့်ပွဲကျင်းပစဉ် (ဓာတ်ပုံ - နစ်ကီ)
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် ကော့မှူးမြို့နယ်တွင် ဗဟိုစာကြည့်တိုက် ဖွင့်ပွဲကျင်းပစဉ် (ဓာတ်ပုံ - နစ်ကီ)
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကော့မှူးတွင် ဖွင့်လှစ်ထား သော ဟိုတယ်ဆိုင်ရာ သင်တန်း ကျောင်းသို့ လာရောက်လျှောက်ထားသူ ၂၀၀ ကျော်မှ ၁၀၀ ကျော်ကို ရွေးချယ်ကာ အောက်တိုဘာလကုန်၌ သင်တန်းစတင်နိုင်မည်ဟု သတင်းရရှိသည်။
‘‘သင်တန်းကို အောက်တို ဘာကုန်မှစမယ်။ လာလျှောက်တဲ့ အထဲမှာ ကော့မှူးက များတယ်။ ရန်ကုန်က အယောက် (၄၀) လောက်ရှိတယ်။ ပုဂံ၊ သာစည်၊ ပဲခူး၊ နေပြည်တော်ကလာလျှောက်တဲ့ ကျောင်းသားတွေကိုလည်း ရွေးချယ်ထားတယ်’’ဟု ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးဇွဲ နန္ဒက ပြောသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မှ ကော့မှူးတွင် Hospitality and Catering Training Academy အမည်ရှိ ဟိုတယ်ဆိုင်ရာ သင်တန်းကျောင်း ဖွင့်လှစ်ကာ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု Hotels Ope-ration သင်တန်းနှင့် အချက် အ ပြုတ်နှင့် စားသောက်ခန်းကျွမ်း ကျင် Culinary Art စသည့် သင်တန်းနှစ်မျိုး ကို အသိအမှတ်ပြု လက်မှတ်ရသည်အထိ အခမဲ့သင်ကြားရေးအစီအစဉ်အတွက် ကျောင်းသားများကို သြဂုတ်လ က လျှောက်လွှာခေါ်ယူခဲ့သည်။

အပတ်စဉ်တစ်ခုလျှင် စာ တွေ့ ၆ လနှင့် လက်တွေ့ ၂ လ စုစုပေါင်း ၈ လအကြာ သင်ကြားပေးသွားမည်ဖြစ်ပြီး လက်တွေ့ ၂ လအတွက် ရန်ကုန်ရှိ အဆင့်မြင့် ဟိုတယ်ကြီးများ၌ On Job Train-ning လုပ်ရမည်ဖြစ်ကြောင်းဦးဇွဲနန္ဒက ဆိုသည်။

သင်တန်းကျောင်းတွင် သင် ကြားမည့် သင်ရိုးညွှန်းတမ်းကို အာဆီယံအသိုက်အ၀န်းမှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအတွက် သတ်မှတ်ချက် များကို အ ခြေခံပြီး ရေးဆွဲထားကြောင်း သင်တန်းကျောင်း ကျောင်းအုပ် ဦး အုန်းကျော်က ပြောသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စုကြည် ဦး ဆောင်၍ ၂၀၁၀ ခုနှစ်က စတင် တည်ထောင် ခဲ့ပြီး ရွေ့လျားစာကြည့်တိုက်များ၊ အခမဲ့အင်္ဂလိပ် စကားပြောသင်တန်းများစသော လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင် ရွက် လျက်ရှိသည်။

7Day Daily

No comments:

Post a Comment