Tuesday, October 7, 2014

မြန်မာ့ပင်လယ်ပြင်တွင် မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ပြီး ဒေသအချို့ မိုးသက်လေပြင်း ကျနိုင်

မြန်မာ့ပင်လယ်ပြင်တွင် ၂၄ နာရီအတွင်း ၂၀၁၄ ခုနှစ် အတွက် တတိယမြောက် မုန်တိုင်း ငယ် ဖြစ်ပေါ်မည်ဖြစ်ကြောင်း မိုး လေဝသ ပညာရှင် ဒေါက်တာထွန်း လွင်က သတိပေးထားသည်။
နိုင်ငံတကာမှ အမည်မတပ် ရသေးသော အဆိုပါမုန်တိုင်းငယ် သည် ကော့သောင်းမြို့ အနီး ကမ်းလွန်ဒေသမှ စတင်ကာ ဖြစ်ပေါ် လာပြီး ကိုကိုး ကျွန်းနှင့် ဟိုင်းကြီး ကျွန်းတို့ကြားမှဖြတ်၍ ဘင်္ဂလား ပင်လယ်အော်အရှေ့ အလယ်ပိုင်း ကို ရွေ့လျားသွားနိုင်ကြောင်း နိုင်ငံတကာ မိုးလေဝသဌာနများ၏ ခန့် မှန်းချက်များကို ကိုးကား၍ မုန် တိုင်းရွေ့လျားမည့် လမ်းကြောင်း ကို ဒေါက်တာထွန်းလွင်က ရှင်းပြ သည်။

‘‘ဒီမုန်တိုင်းက မြန်မာ့ရေပိုင် နက်ထဲမှ သေချာပေါက်ဖြစ်မှာမို့ လို့ ရာသီဥတု သတင်းတွေကို နား စွင့်ထားဖို့ လိုနေပါပြီ။ ဒါဟာ တတိယမြောက် မုန်တိုင်းပါ။ တိုင်းဒေ သကြီးနဲ့ ပြည်နယ်ငါးခုရယ်၊ ကမ်းရိုးတန်းနဲ့ ပင်လယ်ပြင်မှာရယ် မုန် တိုင်းအရှိန် အဓိကသက်ရောက် မယ်’’ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

ဒေါက်တာထွန်းလွင်က မုန် တိုင်း၏ အရှိန်ကြောင့် အောက် တိုဘာ ၇ ရက်နှင့် ၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မွန်နှင့် ကရင်ပြည်နယ်၊ ဧရာဝတီနှင့် ရန် ကုန်တိုင်းဒေသကြီးတို့တွင် မိုး သက်လေပြင်းကျပြီး တစ်နာရီ လေတိုက်နှုန်း မိုင် ၄၀ မှ ၄၅ မိုင် ခန့်အထိ တိုက်ခတ်နိုင်ကြောင်း သတိပေးသည်။ ထို့အပြင် ကမ်း ရိုးတန်းဒေသများနှင့် မြန်မာ့ပင် လယ်ပြင်၌ လှိုင်းကြီးကာ လှိုင်းအ မြင့် ၁၀ ပေမှ ၁၄ ပေအထိ မြင့် တက်နိုင်ကြောင်း ကမ်းဝေးငါးဖမ်းရေယာဉ်များကို သတိပေးထား သည်။

မိုး/ဇလဌာနကလည်း မြန် မာ့ပင်လယ်ပြင်တွင် အောက်တို ဘာ ၆ ရက် နေ့လယ် ၁၂ နာရီမှ နောက် ၂၄ နာရီအတွင်း မုန်တိုင်း ငယ် တစ်လုံး ဖြစ်ပေါ်လာ မည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ထား သည်။ မြန်မာ့ပင်လယ်ပြင်တွင် ဇန်နဝါရီလနှင့် မေလက မုန်တိုင်း ငယ်နှစ်လုံးဖြစ် ခဲ့ပြီး မြန်မာနိုင်ငံ ဒေသအချို့ မုန်တိုင်းအန္တရာယ် ရင်ဆိုင်ခဲ့ရသည်။ ယခု အချိန် သည် တောင်တရုတ် ပင်လယ် ဘက်တွင်လည်း မုန်တိုင်းများ ဆက်တိုက်ဖြစ်နေပြီး ပြီးခဲ့သည့် စက်တင်ဘာလက တောင်တရုတ် ပင်လယ်မှ မုန်တိုင်းတစ်လုံး၏ အ ရှိန်ကြောင့် မန္တလေး၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် ကချင်ပြည် နယ်တို့တွင် လူနှင့် တိရစ္ဆာန် သေ ဆုံးသည်အထိ ရေဘေးအန္တရာယ် ရင်ဆိုင်ခဲ့ရသည်။

မုန်တိုင်း သတိပေးချက် ထွက်ပေါ်လာပြီးနောက် နေပြည် တော် လူကယ်ပြန်ဌာန၊ ကယ် ဆယ်ရေးဌာန ညွှန်ကြားရေးမှူး က မုန်တိုင်းအရှိန် သက်ရောက် နိုင်သည့် ဒေသများတွင် ကယ် ဆယ်ရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းပြောကြားပြီး မီးသတ်ဗဟိုကလည်း ကယ်ဆယ်ရေးလုပ်ငန်း များအတွက် ၎င်းတို့၏ တပ်ဖွဲ့ဝင် များကို သတိပေးထားကြောင်း ဖုန်းမှတစ်ဆင့် အသိပေးသည်။

7Day Daily

No comments:

Post a Comment