Tuesday, October 21, 2014

ရွေးကောက်ပွဲစနစ်ရှစ်မျိုးပါဝင်သည့် အစီရင်ခံစာ ယနေ့ပြည်သူ့လွှတ်တော်သို့တင်မည်

ရွေးကောက်ပွဲ စနစ် ရှစ်မျိုးပါဝင်သော အစီရင်ခံစာကို ယနေ့ (အောက်တိုဘာ ၂၁)တွင် ကျင်းပမည့် ပြည်သူ့လွှတ် တော်အစည်းအဝေးသို့ ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော် မရှင်က တင်သွင်းမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ပြည်သူ့လွှတ်တော် ရွေး ကောက်ပွဲစနစ်လေ့လာသုံးသပ် ရေးအစီရင်ခံစာကို အောက်တို ဘာ ၂၁ ရက်တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တင်သွင်းမည်ဖြစ်ပြီး ယင်းလွှတ်တော်အစည်းအဝေး လျာထား ချက်တွင်လည်း အစီရင်ခံစာတင် သွင်းခြင်းအစီအစဉ်ကို ထည့်သွင်းထားသည်ဟု ယင်းကော်မရှင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဇင်က ပြောသည်။

ယခုတင်သွင်းမည့် အစီရင်ခံစာတွင် ပီအာရ်စနစ်ရွေးကောက် ပွဲကို သီးသန့်ကျင့်သုံးရန် မပါရှိသော်လည်း ပီအာရ်နှင့် လက်ရှိရွေး ကောက်ပွဲစနစ်ကို ရောနှောထားသည့် ရွေးကောက်ပွဲစနစ်ပုံစံများ ပါဝင်မည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးသို့ ယင်းကော်မရှင်က အစီရင်ခံစာ တင်သွင်းခဲ့သော်လည်း FPTP (နိုင်သူအကုန်ယူ)၊ PR (အချိုးကျ ကိုယ်စားပြုစနစ်)နှင့် ယင်းစနစ် နှစ်မျိုးပေါင်းစပ်ထားသည့်စနစ် သုံးမျိုးကိုသာ ထည့်သွင်းဖော်ပြ ထား၍ အနည်းဆုံးစနစ်ခုနစ်မျိုး ဖြင့် ပြန်လည်တင်ပြပေးရန် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်းက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ရွေး ကောက်ပွဲတွင် လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများမှ လွှတ်တော် ကိုယ်စားလှယ် ၂၄ ဦးပါဝင်သည့် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမည့် ရွေးကောက်ပွဲစနစ်လေ့လာသုံးသပ်ရေးကော်မရှင်ကို ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်၌ စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်သည်။

7Day Daily

No comments:

Post a Comment