Tuesday, October 21, 2014

မြန်မာအသင်းစွမ်းဆောင်မှုအပေါ် ပရိသတ်များချီးကျူး

မြန်မာယူ-၁၉အသင်း ကာတာအသင်းကို ရှုံးနိမ်ခဲ့သော် လည်း အသင်း၏ပြိုင်ပွဲဝင်စိတ် ဓာတ်နှင့်ခြေစွမ်းအပေါ် လူမှုကွန်ရက်များမှတစ် ဆင့်ချီးကျုးမှုများပြုလုပ်ခဲ့ကြသည်။

‘‘Thiha Kyaw Zaw’’အမည်ဖြင့်ဖေ့စ်ဘွတ်ခ်သုံးစွဲသူကလည်း ‘‘ကျေနပ်တယ်ညီလေးတို့’’ မင်းတို့ လုပ်ပေးနိုင်တာထက် အများကြီး ပိုပေးဆပ်ခဲ့တာပဲ။ ညီလေးတို့ရဲ့ စိတ်ဓာတ်ကိုလေးစားတယ်။ မြန်မာအသင်းဟာ ဆီမီးကိုထိုက်ထိုက်တန်တန်တက်လာခဲ့တယ် ဆိုတာ အာရှတစ်တိုက်လုံးသိအောင် ညီတို့စွမ်းဆောင်နိုင်ခဲ့တယ်’’ဟု ရေးသားခဲ့သည်။

မြန်မာယူ-၁၉ အသင်းသားများ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင်လည်း ပရိသတ်များက ဂုဏ်ပြုစာများရေး သားခဲ့ကြသည်။ မြန် မာအသင်း၏ ဒုတိယဂိုးရှင်ငြိမ်းချမ်းအောင်၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင်‘‘Eiphwe Eiphwe’’ အမည်ဖြင့်ဖေ့စ်ဘွတ်ခ်သုံးစွဲသူက ‘‘ဆင်းရဲပြီးအမြဲအနှိမ်ခံနေရတဲ့ မြန်မာ U 19 ရေ မင်းတို့ မြန်မာ ပြည်မှာ မွေးဖွားခဲ့ရလို့ စိတ်မကောင်းပေမယ့် မင်းတို့နဲ့အတူ မြန်မာပြည်မှာ လူဖြစ်ခွင့်ရလို့အရမ်းကို ဂုဏ်ယူမိပါတယ်။ အရှုံး ကို ရင်ဆိုင်ခဲ့ရပေမယ့် ပြည်သူသန်းငါးဆယ်ရဲ့ ရင်ထဲမှာမင်းတို့က အမြဲအနိုင်ပါပဲ’’ဟုရေးသားဂုဏ်ပြုခဲ့ကြသည်။

နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားရေးမှူးလည်းဖြစ်၊ Hmuu Zaw အမည်ဖြင့်ဖေ့စ်ဘွတ်ခ်သုံးစွဲသည့် ဦးဇော်ဌေးကလည်း ‘‘ပွဲကို ကြည့်နေကြတဲ့ တစ်နိုင်ငံလုံးကို ကျေနပ်စိတ်တွေ၊ ဂုဏ်ယူစိတ်တွေ ကြည့်နေရင်း တဖွားဖွားပေါ်ပေါက်လာစေအောင် ကစားပြခဲ့တဲ့ ယူ-၁၉ ညီငယ် အားလုံးအတွက် လေးစားဂုဏ်ယူမိပါကြောင်း အသိပေးလိုပါတယ်’’ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။ မြန်မာယူ-၁၉အသင်းသည် ရီးရဲလ်မက်ဒရစ်ဂန္ထ၀င်ကစားသမားရာအူးလ်ဂွန်ဇာလက် နည်းပြအဖွဲ့ဝင်အဖြစ် ပါဝင်သည့် အာရှအင်အားကြီး ကာတာအသင်းကို နောက်ဆုံးမိနစ်အထိ ခြိမ်းခြောက် ကစားနိုင်ခဲ့သည်။

‘‘ရှုံးပေမယ့် နိုင်ပါတယ်။ ပရိသတ်တွေ။ ဒီနေ့ စည်းကမ်းရှိ တယ်။ ဆက်လက် ချီတက်ဂုဏ်ယူပါတယ်။ ရွှေမြန်မာ’’ဟု အဆို တော် သျှီကလည်း ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့ သည်။ ထို့အတူ အရှေ့တောင်အာရှတွင် ဗီယက်နမ်ဘာသာဖြင့်လွှင့် တင်ထားသည့်Vietnam Football ဖေ့စ်ဘွတ်ခ် စာမျက်နှာကမြန် မာအသင်း၏ ပွဲရလဒ်ကိုဖော်ပြခဲ့ပြီး ဗီယက်နမ်ပရိသတ်များကလည်း မြန်မာအသင်းအား ချီးကျုးခဲ့သည်။

7Day Daily

No comments:

Post a Comment