Wednesday, October 8, 2014

သားအိမ် အစားထိုး ကုသမှု ခံယူ ခဲ့သည့် အမျိုး သမီး နှစ်ဦး လာမည့် လတွင် ကလေး မွေးဖွားမည်

ဆွီဒင်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး စီမံကိန်းအရ မိခင်နှစ်ဦးထံမှ သားအိမ်များဖြင့် အစားထိုးခွဲစိတ်ကုသမှု ခံယူထားသည့် အမျိုးသမီး နှစ်ဦးသည် လာမည့် လ တွင် ၎င်း တို့၏ရင်သွေးများကို မွေးဖွားတော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးနှစ်ဦး၏ ကလေးမွေးဖွားမှု အောင်မြင်ပါက သားအိမ်တစ်ခု သည် မိသားစုတစ်စုတွင် မျိုးဆက်နှစ်ဆက် ကို မွေးထုတ်နိုင် မည်ဖြစ် သည်။ ယခုအခါ ကိုယ်ဝန်ဆောင်မိခင် နှစ်ဦးစလုံး၏ ကျန်းမာရေးသည် ကောင်းမွန်လျက် ရှိကြောင်း၊ မိခင်နှစ်ဦးစလုံးသည် ၎င်းတို့၏ ရင်သွေးများကို မြင်တွေ့ခွင့်ရရန် အတွက် အလွန်စိတ်လှုပ်ရှားလျက် ရှိကြောင်း ဂိုသမ်ဘာ့ဂ်မြို့ရှိ Sahlgrenska တက္ကသိုလ်ဆေးရုံမှ ဆရာဝန် လိုင်ဇာဂျိုဟန် နက်ဆန်က ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံတွင် အမျိုးသမီး ၆ဝ ဦးသည် သားအိမ်အစားထိုး ခွဲစိတ်ကုသမှု ခံယူရန် စောင့်ဆိုင်းလျက်ရှိသည်။ ကမ္ဘာတွင် သားအိမ်အစားထိုး ခွဲစိတ်ကုသမှု ခံယူ၍ မွေး ဖွားခဲ့သည့် ကလေးငယ်မှာ အာက်တိုဘာ ၃ ရက်က မွေးဖွားခဲ့သည့် ဗင်းဆင့်ဟူသော ကလေးငယ်ဖြစ်သည်။ ဗင်းဆင့်၏ မိခင်ဖြစ်သူသည် ဆွေမျိုး သားချင်း ထံမှ မဟုတ်ဘဲ မိတ်ဆွေတစ်ဦးထံမှ လှူဒါန်းသည့်သားအိမ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

ဗင်းဆင့်သည် မွေးဖွားချိန်ထက် နှစ်လစော၍ မွေးဖွားခဲ့ပြီး ၎င်း၏ခန္ဓာကိုယ် အလေးချိန် မှာ လေးပေါင်ရှိသည်။ ၎င်း၏ မိခင်ဖြစ်သူက သူမ၏ဘဝတွင် မိခင်ဘဝကို ပိုင်ဆိုင်ခွင့်ရတော့မည် မဟုတ်ဟု တွေး၍ ဝမ်းနည်းကြေကွဲ ခဲ့ရသော်လည်း ယခုအခါ မဖြစ် နိုင်တော့သည်ဟု ယူဆထားသော မိခင်ဘဝကို ရရှိခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြ၀တီ

No comments:

Post a Comment