Wednesday, October 8, 2014

သင်္ဘောသစ်သုံးစီးဖြင့် ပန်းဆိုးတန်း-ဒလ ခရီးစဉ် နိုဝင်ဘာတွင် ပြေးဆွဲမည်

Photo: သင်္ဘောသစ်သုံးစီးဖြင့် ပန်းဆိုးတန်း-ဒလ ခရီးစဉ် နိုဝင်ဘာတွင် ပြေးဆွဲမည်
Wednesday, October 8, 2014

 ဂျပန်အပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးအေ ဂျင်စီ (JICA)က လှူဒါန်းထားသည့် သင်္ဘောသစ် သုံးစီးကို ပန်းဆိုး တန်း-ဒလ ခရီးစဉ် အတွက် နိုဝင် ဘာလတွင်ပြေးဆွဲသွားမည်ဖြစ် ကြောင်း ပြည်တွင်းရေကြောင်း ပို့ ဆောင်ရေးမှ သတင်းရရှိသည်။

‘‘JICA  က ဒီဘက်မှာ သင်္ဘောစီးရေ ဘယ်လောက်လို တယ်ဆိုတာကို လေ့လာ သွားပြီး ဂျပန်မှာဆောက်တယ်။ သင်္ဘော တွေက ဟိုကနေအောက်တိုဘာ လလယ်လောက်မှာရောက်မယ်။ နိုဝင်ဘာမှာပြေးဆွဲသွားမယ်’’ ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါကူးတို့သင်္ဘောအမျိုး အစားဖြစ်သည့် သင်္ဘောသစ်သုံး စီးကို ချယ်ရီ(၁)၊ ချယ်ရီ(၂)၊ ချယ်ရီ(၃)ဟူ၍ အမည်ပေးထား ပြီး ဂျပန်နိုင်ငံတွင်တစ်နှစ်ကြာ တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ပြည် တွင်း၌ လက်ရှိပြေးဆွဲနေသည့် သင်္ဘောများနှင့် ဒီဇိုင်းမတူညီ ကြောင်းသတင်းရရှိသည်။

သင်္ဘောသုံးစီး၏တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၂ သန်းရှိပြီးဒလဘက်ကမ်းမှ ခရီးသည်နားနေ ဆောင်နှင့် ခရီးသည် အတက်အဆင်းတံတား ဆောက် လုပ်ပြီးစီး ပါက ဖွင့်ပွဲ လုပ်မည်ဟု သတင်းရရှိ သည်။

သင်္ဘောခမှာ တစ်ဦးလျှင် မြန်မာငွေ ၁၀၀ ကျပ်နှုန်းနှင့် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာ ကျသင့်မည်ဖြစ်သည်။

ရန်ကုန်မြို့ တစ်ဖက်ကမ်း ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူးနှင့် တွံတေးမြို့အပါအဝင် ဧရာဝတီ တိုင်းဒေသကြီးရှိ ဒေးဒရဲနှင့် ဖျာပုံ မြို့များတွင် နေထိုင်သူများသည် ရန်ကုန်သို့ နေ့စဉ် ခရီးသည်သုံးသောင်းကျော် လာရောက်နေပြီး ဒလ-ပန်းဆိုးတန်း ရေကြောင်း ခရီးစဉ်ကိုအသုံးပြုနေရကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

လက်ရှိတွင် ပန်းဆိုးတန်း- ဒလ ပြေးဆွဲနေသည့် သင်္ဘော လေးစီးရှိကာ နေ့စဉ် ၄၆ ခေါက် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းခရီးသည်တစ်ဦးလျှင် ၁၀၀ ကျပ်နှင့် နိုင်ငံခြားသားတစ်ဦး လျှင် နှစ်ဒေါ်လာသတ်မှတ် ထားကြောင်း သိရသည်။

7Day DAILY 

လက်ရှိပြေးဆွဲနေသော ပန်းဆိုးတန်း−ဒလ သင်္ဘောတစ်စီး (ဓာတ်ပုံ − နစ်ကီ)
လက်ရှိပြေးဆွဲနေသော ပန်းဆိုးတန်း−ဒလ သင်္ဘောတစ်စီး (ဓာတ်ပုံ − နစ်ကီ)
 ဂျပန်အပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးအေ ဂျင်စီ (JICA)က လှူဒါန်းထားသည့် သင်္ဘောသစ် သုံးစီးကို ပန်းဆိုး တန်း-ဒလ ခရီးစဉ် အတွက် နိုဝင် ဘာလတွင်ပြေးဆွဲသွားမည်ဖြစ် ကြောင်း ပြည်တွင်းရေကြောင်း ပို့ ဆောင်ရေးမှ သတင်းရရှိသည်။
‘‘JICA  က ဒီဘက်မှာ သင်္ဘောစီးရေ ဘယ်လောက်လို တယ်ဆိုတာကို လေ့လာ သွားပြီး ဂျပန်မှာဆောက်တယ်။ သင်္ဘော တွေက ဟိုကနေအောက်တိုဘာ လလယ်လောက်မှာရောက်မယ်။ နိုဝင်ဘာမှာပြေးဆွဲသွားမယ်’’ ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါကူးတို့သင်္ဘောအမျိုး အစားဖြစ်သည့် သင်္ဘောသစ်သုံး စီးကို ချယ်ရီ(၁)၊ ချယ်ရီ(၂)၊ ချယ်ရီ(၃)ဟူ၍ အမည်ပေးထား ပြီး ဂျပန်နိုင်ငံတွင် တစ်နှစ်ကြာ တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ပြည် တွင်း၌ လက်ရှိပြေးဆွဲနေသည့် သင်္ဘောများနှင့် ဒီဇိုင်းမတူညီ ကြောင်းသတင်းရရှိသည်။

သင်္ဘောသုံးစီး၏တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၂ သန်းရှိပြီးဒလဘက်ကမ်းမှ ခရီးသည်နားနေ ဆောင်နှင့် ခရီးသည် အတက်အဆင်း တံတား ဆောက် လုပ်ပြီးစီး ပါက ဖွင့်ပွဲ လုပ်မည်ဟု သတင်းရရှိ သည်။

သင်္ဘောခမှာ တစ်ဦးလျှင် မြန်မာငွေ ၁၀၀ ကျပ်နှုန်းနှင့် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာ ကျသင့်မည်ဖြစ်သည်။

ရန်ကုန်မြို့ တစ်ဖက်ကမ်း ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူးနှင့် တွံတေးမြို့အပါအဝင် ဧရာဝတီ တိုင်းဒေသကြီးရှိ ဒေးဒရဲနှင့် ဖျာပုံ မြို့များတွင် နေ ထိုင်သူများသည် ရန်ကုန်သို့ နေ့စဉ် ခရီးသည်သုံးသောင်းကျော် လာရောက်နေပြီး ဒလ-ပန်းဆိုးတန်း ရေကြောင်း ခရီးစဉ်ကိုအသုံးပြုနေ ရကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

လက်ရှိတွင် ပန်းဆိုးတန်း- ဒလ ပြေးဆွဲနေသည့် သင်္ဘော လေးစီးရှိကာ နေ့စဉ် ၄၆ ခေါက် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ ပြည်တွင်း ခရီးသည် တစ်ဦးလျှင် ၁၀၀ ကျပ်နှင့် နိုင်ငံခြားသားတစ်ဦး လျှင် နှစ်ဒေါ်လာသတ်မှတ် ထားကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment