Friday, October 24, 2014

မိုးရာသီ ဂီတဆုပေးပွဲမှာ နီနီခင်ဇော် အဓိကဆု နှစ်ဆုနဲ့ အောင်ပွဲခံခဲ့

Photo: မိုးရာသီ ဂီတဆုပေးပွဲမှာ နီနီခင်ဇော် အဓိကဆု နှစ်ဆုနဲ့ အောင်ပွဲခံခဲ့
======================================

Friday, October 24, 2014

မိုးရာသီဂီတဆုပေးပွဲမှာ ဆုတွေ ရရှိခဲ့တဲ့ နီနီခင်ဇော်၊ ၀ိုင်းစုနဲ့ မိစန္ဒီ။ ဓာတ်ပုံ - မြန်မာဂီတဆုပေးပွဲဖေ့စ်ဘွတ်ခ်မိုးရာသီဂီတဆုပေးပွဲမှာ ဆုတွေ ရရှိခဲ့တဲ့ နီနီခင်ဇော်၊ ၀ိုင်းစုနဲ့ မိစန္ဒီ။ ဓာတ်ပုံ - မြန်မာဂီတဆုပေးပွဲဖေ့စ်ဘွတ်ခ်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ မိုးရာသီဂီတဆုပေးပွဲကြီးမှာ စင်ပေါ်မှာ
အမြဲလန်း နေတတ်တဲ့ အဆိုတော် နီနီခင်ဇော် တစ်ယောက် အဓိကဆု နှစ်ဆု ပိုက်ပြီးအောင်ပွဲခံသွားခဲ့ပါတယ်။

ဆုတွေကို ပရိသတ်တွေ ရွေးချယ်ပေးတဲ့ဆုနဲ့ ဒိုင်လူကြီးများ ရွေးချယ်ပေးတဲ့ဆုဆိုပြီး နှစ်မျိုးခွဲခြားထားရာ နီနီခင်ဇော်က 'မျှော်လင့်ချက်တစ်စုံ တစ်ရာ' သီချင်းတစ်ပုဒ်တည်းနဲ့ ဒိုင်လူကြီးများ
ရွေးချယ်ပေးတဲ့ The Best Pop Song နဲ့ The Best Song of the Monsoon ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒီသီချင်းက နီနီခင်ဇော်ရဲ့ တစ်ကိုယ်တော်ခွေ 'မာရီရို' ထဲက သီချင်းလေးဖြစ်ပြီး နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး သီဆိုထားတာဖြစ်ပါတယ်။

"ဒီလိုဆုတွေရမယ်လို့ မမျှော်လင့်ထားပါဘူး။ အသိအမှတ်ပြုပေးတဲ့ ပညာရှင်တွေကိုကျေးဇူးအများကြီး တင်ပါတယ်။ တစ်ခုပဲပြောချင်ပါတယ်။ နီနီ နိုင်ငံရေးသမား မဟုတ်ပါဘူး။နိုင်ငံရေးလုပ်နေတာလည်း မဟုတ်ပါဘူး။ နီနီလေးစားတဲ့ ပုဂ္ဂိုလ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီသီချင်းကို
သီဆိုခဲ့ခြင်းသာဖြစ်ပါတယ်"လို့ ဆုတွေလက်ခံအပြီးမှာ နီနီခင်ဇော်က ပြောခဲ့ပါတယ်။

ဒိုင်လူကြီးတွေပဲ ရွေးချယ်ခဲ့ကြတဲ့ The best Rock ကိုတော့ အဆိုတော်ဝေလက
'မိတ်ကပ် မကြိုက်သော သီချင်းများ' နဲ့ ရရှိခဲ့ပြီး ဆုပေးပွဲမှာလည်း အဲဒီ သီချင်းကိုပဲ သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။

"ဒါကျွန်တော့်ဘ၀မှာ ပထမဆုံးပိုင်ဆိုင်ဖူးတဲ့ ဆုပါပဲ။ ငယ်ငယ်လေးကတည်းက ကျောင်းမှာလည်းဘာဆုမှ မရခဲ့ဖူးပါဘူး။ အခုလိုမျိုး ကိုယ်ဝါသနာပါတဲ့ အလုပ်၊ ဘ၀တစ်ခုလုံး ရင်းထားတဲ့အရာနဲ့ ဒီဆုကို ပညာရှင်တွေဆီက ရရှိခဲ့လို့ အရမ်းဝမ်းသာပါတယ်"လို့ အဆိုတော် ဝေလက ဆိုခဲ့ပါတယ်။

The Best Rap Song ဆုကိုတော့ လွှမ်းပိုင်က 'ကိုကို' သီချင်းနဲ့ ရရှိသွားပြီး ပရိသတ်တချို့ဆီကတော့ ဝေဖန်သံတွေ ထွက်လာပါတယ်။

ဖေ့ဘွတ်ခ်ပေါ်မှာလည်း လူငယ်တစ်ဦးက "ဟစ်ပ်ဟော့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အဲဒီသီချင်းကိုမပေးသင့်ဘဲ။ တကယ်တမ်း ဟစ်ပ်ဟော့ကို ချပြထားတွဲှ့သညန တို့လိုအဆိုတော်တွေကို
ဘယ်လိုချောင်ထိုးထားလဲ"ဆိုပြီး ရေးသားထားပါတယ်။

လွှမ်းပိုင်ကလည်း နီနီခင်ဇော်လိုပဲ သီချင်းတစ်ပုဒ်တည်းပဲ ဆုနှစ်ဆု ရခဲ့တာဖြစ်ပြီး နောက်တစ်ဆုကတော့ ပရိသတ်တွေရွေးချယ်ပေးတဲ့ The Freshest Rap Song of Monsoon ဆုပဲဖြစ်ပါတယ်။

ထူးခြားတာ တစ်ခုကတော့ ဆန်ခါတင်မဲအရေအတွက် အများဆုံး သီချင်း ငါးပုဒ်စလုံးက လွှမ်းပိုင် တစ်ဦးတည်း ဖြစ်နေတာပါပဲ။

စုစုပေါင်းဒိုင်လူကြီး ၄၀ ကျော် ပါဝင်တဲ့အဖွဲ့က ဆုပေါင်း ကိုးဆုရွေးချယ်ပေးခဲ့ကြပြီး အောင်ရင်ရဲ့
'အိမ်အလွမ်း'၊ အရေး၊ အတီး၊ အဆို ထူးချွန်သူအဖြစ် မိစန္ဒီ၊ အကောင်းဆုံး မျက်နှာသစ်အဖွဲ့သစ်ဆုအတွက် Sarah၊ 'မိတ်ကပ်မကြိုက်သော သီချင်းများ' နဲ့ ဝေလ နဲ့ 'သည်းခံ'သီချင်းနဲ့ Big Bag တို့ကို အထူးဆုတွေ ပေးခဲ့ပါတယ်။

မိုးရာသီဂီတဆုပေးပွဲကို တေးရေးပညာရှင်တစ်ဦး ဖြစ်တဲ့ ရွှေဂျော်ဂျော်နဲ့အတူ ဂီတမောင်နှမများပါဝင်တဲ့ Beautiful Noise အဖွဲ့မှ ဦးစီးကျင်းပကြတာဖြစ်ပြီး တစ်နှစ်သုံးကြိမ် (နွေ၊မိုး၊ ဆောင်းအတွက်) ကျင်းပသွားမယ်လို့ သိရပါတယ်။

နှစ်တစ်နှစ် ကုန်ဆုံးတဲ့အခါတိုင်းမှာတော့ တစ်နှစ်တာ အကောင်းဆုံးဂီတဆုပေးပွဲကြီး Myanmar
Music Awards ကိုကျင်းပသွားမယ်လို့ စက်တင်ဘာလအတွင်းက မြန်မာတိုင်း(မ်)နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ရွှေဂျော်ဂျော်က ပြောပြခဲ့ပါတယ်။

ခုပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁၈ ရက်နေ့က ရှင်စောပုလမ်းပေါ်ရှိ Myanmar Event Park မှာ ကျင်းပတဲ့ပွဲမှာတော့ မိုးရာသီကာလ (မေ ၁ ရက်နေ့ကနေ ဩဂုတ် ၃၁ ရက်နေ့ထိ)
အတွင်းထွက်ရှိခဲ့တဲ့ စီးရီးတွေနဲ့ မြန်မာမြူးဇစ်အွန်လိုင်းစတိုးမှာ တစ်ပုဒ်ချင်းစီ ထွက်ထားတဲ့သီချင်းတွေထဲကနေ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကိုတော့ နိုင်ငံတွင်းမှာ ပညာရှင်အဆင့်ဂီတ ပညာရှင်တွေပေးတဲ့ ဆုပေးပွဲ မရှိသေးတာကြောင့် ဖန်တီးဖြစ်တာပါလို့ ဆိုပါတယ်။

"ပုံမှန်ဆုပေးပွဲတွေကတော့ လုပ်နေကြတာပေါ့နော်။ ဒါပေမဲ့ ပညာရှင်တွေပေးတဲ့ ဆုပေးပွဲလေး
ဖြစ်စေချင်လို့ စီစဉ်ဖြစ်တာပါ" ရွှေဂျော်ဂျော်က ဆိုပါတယ်။

ပရိသတ်တွေ ရွေးချယ်ပေးတဲ့ ဆုတွေကိုတော့ စက်တင်ဘာလကုန်မှ စတင်ပြီး အွန်လိုင်းကနေမဲပေး စနစ်ဖွင့်ပေးခဲ့ကာ မဲအရေအတွက်နဲ့ အက်ဖ်အမ်တွေကနေ သီချင်းတောင်းတဲ့အကြိမ်
အရေအတွက်တွေကို ပေါင်းကာ ဆုသုံးဆုကို အရင်ကြေညာခဲ့ပါတယ်။ ကလေးအဆိုရှင် လွှမ်းရတီဇော် က The Freshest Pop Song of Monsoon ကို Baby Love သီချင်းနဲ့ ဆန်ခါတင် ငါးပုဒ်ထဲမှာ နီနီခင်ဇော်ရဲ့ "မျှော်လင့်ချက် တစ်စုံတစ်ရာ"သီချင်းကိုပါကျော်ပြီး ဆုကိုသိမ်းပိုက်သွားတာ ဖြစ်ပါတယ်။

ပရိသတ်များက နီနီခင်ဇော် နာမည်ကို အော်ဟစ်နေပေမယ့် မဲအရေအတွက်ကတော့ လွှမ်းရတီဇော်က ပိုများခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

The Freshest Rock Song of Monsoon ဆုကိုတော့ Big Bag အဖွဲ့က သူတို့ရဲ့
နောက်ဆုံးအခွေ "We are Big Bag" ထဲက 'သည်းခံ' သီချင်းနဲ့ ရရှိခဲ့ပါတယ်။

အွန်လိုင်းကနေပဲ မဲအရေအတွက်နဲ့ ပေးခဲ့တဲ့ "I love Artist" အမျိုးသားနဲ့ အမျိုးသမီးဆုတွေကိုတော့ ရမှတ် အများဆုံး ငါးယောက်မှာ ၀ိုင်းစုခိုင်သိန်းက မဲအရေအတွက် တစ်သောင်းကျော်နဲ့
အမျိုးသမီးဆုကို ပိုင်ဆိုင်သွားပြီး အမျိုးသားဆုကိုတော့ အခုချိန်ထိ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲဖြစ်နေသေးတဲ့ စိုင်းစိုင်းခမ်းလှိုင် က မဲအရေအတွက် ငါးသောင်းကျော်နဲ့ အပြတ်အသတ်ပိုင်ဆိုင်သွားပါတယ်။

"ဒီပွဲကို တက်တာ သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမတွေကို အားပေးဖို့ တက်တာပါ။ ဆုရမယ်လို့ မမျှော်လင့်ထားပါဘူး။ ကျွန်တော် တစ်နှစ်ကျော်လောက် အခွေလည်းမထွက်နိုင်ဘဲ
အခုလို ပရိသတ်က ချစ်ပေးလို့ ဒီဆုကို ပိုင်ဆိုင်နိုင်တာပါ။ ပရိသတ်ပေးတဲ့ ဆုဖြစ်လို့ ဒီရွှေတစ်ကျပ်သားကို ကျွန်တော့် ပရိသတ်တွေ နာမည်နဲ့ အလှူအတန်း လုပ်လိုက်ပါမယ်"လို့
ရရှိတဲ့ ဆုကိုပိုက်ထားရင်း စိုင်းစိုင်းခမ်းလှိုင်က ပြောခဲ့ပါတယ်။

အခမ်းအနားမှာ ဖျော်ဖြေရေး အစီအစဉ်တွေကိုလည်း ထည့်သွင်းခဲ့ပြီး အဆိုတော်များစွာကအကတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေခဲ့ပါတယ်။

အစီအစဉ် တင်ဆက်သူအဖြစ် မောင်မောင်အေးနဲ့ ဆန်းထွဋ်တို့က ဆောင်ရွက်ခဲ့ပြီး အနောက်တိုင်းဝတ်စုံကိုမှ အဆင်ဆန်းပိတ်စနဲ့ ဖန်တီးထားတဲ့ ဆန်းထွဋ်ရဲ့ ဖက်ရှင်ကလည်း လူပြောများခဲ့ပါတယ်။

နောက်ကျင်းပမယ့် ဆောင်းရာသီဂီတဆုပေးပွဲကိုတော့ စက်တင်ဘာလ ၁ ရက်နေ့က ဒီဇင်ဘာလ၃၁ ရက်နေ့အထိ ထွက်ရှိခဲ့တဲ့ သီချင်းတွေထဲကနေ ရွေးချယ်ပြီးဆုပေးသွားမှာဖြစ်ပါတယ်။

Myanmar Times
မိုးရာသီဂီတဆုပေးပွဲမှာ ဆုတွေ ရရှိခဲ့တဲ့ နီနီခင်ဇော်၊ ၀ိုင်းစုနဲ့ မိစန္ဒီ။ ဓာတ်ပုံ - မြန်မာဂီတဆုပေးပွဲဖေ့စ်ဘွတ်ခ် မိုးရာသီဂီတဆုပေးပွဲမှာ ဆုတွေ ရရှိခဲ့တဲ့ နီနီခင်ဇော်၊ ၀ိုင်းစုနဲ့ မိစန္ဒီ။ ဓာတ်ပုံ - မြန်မာဂီတ ဆုပေးပွဲဖေ့စ်ဘွတ်ခ်ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ မိုးရာသီဂီတဆုပေးပွဲကြီးမှာ စင်ပေါ်မှာအမြဲလန်း နေတတ်တဲ့ အဆိုတော် နီနီခင်ဇော် တစ်ယောက် အဓိကဆု နှစ်ဆု ပိုက်ပြီးအောင်ပွဲ ခံသွား ခဲ့ပါတယ်။

ဆုတွေကို ပရိသတ်တွေ ရွေးချယ်ပေးတဲ့ဆုနဲ့ ဒိုင်လူကြီးများ ရွေးချယ်ပေးတဲ့ဆုဆိုပြီး နှစ်မျိုးခွဲခြားထားရာ နီနီခင်ဇော်က 'မျှော်လင့်ချက်တစ်စုံ တစ်ရာ' သီချင်းတစ်ပုဒ်တည်းနဲ့ ဒိုင်လူကြီးများ
ရွေးချယ်ပေးတဲ့ The Best Pop Song နဲ့ The Best Song of the Monsoon ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒီသီချင်းက နီနီခင်ဇော်ရဲ့ တစ်ကိုယ်တော်ခွေ 'မာရီရို' ထဲက သီချင်းလေးဖြစ်ပြီး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး သီဆိုထားတာဖြစ်ပါတယ်။

"ဒီလိုဆုတွေရမယ်လို့ မမျှော်လင့်ထားပါဘူး။ အသိအမှတ်ပြုပေးတဲ့ ပညာရှင်တွေကိုကျေးဇူးအများကြီး တင်ပါတယ်။ တစ်ခုပဲပြောချင်ပါတယ်။ နီနီ နိုင်ငံရေးသမား မဟုတ်ပါဘူး။နိုင်ငံရေးလုပ်နေတာလည်း မဟုတ်ပါဘူး။ နီနီလေးစားတဲ့ ပုဂ္ဂိုလ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီသီချင်းကို
သီဆိုခဲ့ခြင်းသာဖြစ်ပါတယ်"လို့ ဆုတွေလက်ခံအပြီးမှာ နီနီခင်ဇော်က ပြောခဲ့ပါတယ်။

ဒိုင်လူကြီးတွေပဲ ရွေးချယ်ခဲ့ကြတဲ့ The best Rock ကိုတော့ အဆိုတော်ဝေလက'မိတ်ကပ် မကြိုက်သော သီချင်းများ' နဲ့ ရရှိခဲ့ပြီး ဆုပေးပွဲမှာလည်း အဲဒီ သီချင်းကိုပဲ သီဆိုဖျော်ဖြေပေးခဲ့ ပါတယ်။

"ဒါကျွန်တော့်ဘ၀မှာ ပထမဆုံးပိုင်ဆိုင်ဖူးတဲ့ ဆုပါပဲ။ ငယ်ငယ်လေးကတည်းက ကျောင်းမှာလည်းဘာဆုမှ မရခဲ့ဖူးပါဘူး။ အခုလိုမျိုး ကိုယ်ဝါသနာပါတဲ့ အလုပ်၊ ဘ၀တစ်ခုလုံး ရင်းထားတဲ့အရာနဲ့ ဒီဆုကို ပညာရှင်တွေဆီက ရရှိခဲ့လို့ အရမ်းဝမ်းသာပါတယ်"လို့ အဆိုတော် ဝေလက ဆိုခဲ့ပါတယ်။

The Best Rap Song ဆုကိုတော့ လွှမ်းပိုင်က 'ကိုကို' သီချင်းနဲ့ ရရှိသွားပြီး ပရိသတ်တချို့ဆီကတော့ ဝေဖန်သံတွေ ထွက်လာပါတယ်။

ဖေ့ဘွတ်ခ်ပေါ်မှာလည်း လူငယ်တစ်ဦးက "ဟစ်ပ်ဟော့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အဲဒီသီချင်းကိုမပေး သင့်ဘဲ။ တကယ်တမ်း ဟစ်ပ်ဟော့ကို ချပြထားတွဲှ့သညန တို့လိုအဆိုတော်တွေကို
ဘယ်လိုချောင်ထိုးထားလဲ"ဆိုပြီး ရေးသားထားပါတယ်။

လွှမ်းပိုင်ကလည်း နီနီခင်ဇော်လိုပဲ သီချင်းတစ်ပုဒ်တည်းပဲ ဆုနှစ်ဆု ရခဲ့တာဖြစ်ပြီး နောက်တစ်ဆုကတော့ ပရိသတ်တွေရွေးချယ်ပေးတဲ့ The Freshest Rap Song of Monsoon ဆုပဲဖြစ်ပါတယ်။

ထူးခြားတာ တစ်ခုကတော့ ဆန်ခါတင်မဲအရေအတွက် အများဆုံး သီချင်း ငါးပုဒ်စလုံးက လွှမ်းပိုင် တစ်ဦးတည်း ဖြစ်နေတာပါပဲ။

စုစုပေါင်းဒိုင်လူကြီး ၄၀ ကျော် ပါဝင်တဲ့အဖွဲ့က ဆုပေါင်း ကိုးဆုရွေးချယ်ပေးခဲ့ကြပြီး အောင်ရင်ရဲ့
'အိမ်အလွမ်း'၊ အရေး၊ အတီး၊ အဆို ထူးချွန်သူအဖြစ် မိစန္ဒီ၊ အကောင်းဆုံး မျက်နှာသစ်အဖွဲ့သစ်ဆုအတွက် Sarah၊ 'မိတ်ကပ်မကြိုက်သော သီချင်းများ' နဲ့ ဝေလ နဲ့ 'သည်းခံ'သီချင်းနဲ့ Big Bag တို့ကို အထူးဆုတွေ ပေးခဲ့ပါတယ်။

မိုးရာသီဂီတဆုပေးပွဲကို တေးရေးပညာရှင်တစ်ဦး ဖြစ်တဲ့ ရွှေဂျော်ဂျော်နဲ့အတူ ဂီတမောင်နှမများပါဝင်တဲ့ Beautiful Noise အဖွဲ့မှ ဦးစီးကျင်းပကြတာဖြစ်ပြီး တစ်နှစ်သုံးကြိမ် (နွေ၊မိုး၊ ဆောင်းအတွက်) ကျင်းပသွားမယ်လို့ သိရပါတယ်။

နှစ်တစ်နှစ် ကုန်ဆုံးတဲ့အခါတိုင်းမှာတော့ တစ်နှစ်တာ အကောင်းဆုံးဂီတဆုပေးပွဲကြီး Myanmar
Music Awards ကိုကျင်းပသွားမယ်လို့ စက်တင်ဘာလအတွင်းက မြန်မာတိုင်း(မ်)နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ရွှေဂျော်ဂျော်က ပြောပြခဲ့ပါတယ်။

ခုပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၁၈ ရက်နေ့က ရှင်စောပုလမ်းပေါ်ရှိ Myanmar Event Park မှာ ကျင်းပတဲ့ပွဲမှာတော့ မိုးရာသီကာလ (မေ ၁ ရက်နေ့ကနေ ဩဂုတ် ၃၁ ရက်နေ့ထိ)
အတွင်းထွက်ရှိခဲ့တဲ့ စီးရီးတွေနဲ့ မြန်မာမြူးဇစ်အွန်လိုင်းစတိုးမှာ တစ်ပုဒ်ချင်းစီ ထွက်ထားတဲ့သီချင်းတွေထဲကနေ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကိုတော့ နိုင်ငံတွင်းမှာ ပညာရှင်အဆင့်ဂီတ ပညာရှင်တွေပေးတဲ့ ဆုပေးပွဲ မရှိသေးတာကြောင့် ဖန်တီးဖြစ်တာပါလို့ ဆိုပါတယ်။

"ပုံမှန်ဆုပေးပွဲတွေကတော့ လုပ်နေကြတာပေါ့နော်။ ဒါပေမဲ့ ပညာရှင်တွေပေးတဲ့ ဆုပေးပွဲလေး
ဖြစ်စေချင်လို့ စီစဉ်ဖြစ်တာပါ" ရွှေဂျော်ဂျော်က ဆိုပါတယ်။

ပရိသတ်တွေ ရွေးချယ်ပေးတဲ့ ဆုတွေကိုတော့ စက်တင်ဘာလကုန်မှ စတင်ပြီး အွန်လိုင်းကနေမဲပေး စနစ်ဖွင့်ပေးခဲ့ကာ မဲအရေအတွက်နဲ့ အက်ဖ်အမ်တွေကနေ သီချင်းတောင်းတဲ့အကြိမ်
အရေအတွက်တွေကို ပေါင်းကာ ဆုသုံးဆုကို အရင်ကြေညာခဲ့ပါတယ်။ ကလေးအဆိုရှင် လွှမ်းရတီဇော် က The Freshest Pop Song of Monsoon ကို Baby Love သီချင်းနဲ့ ဆန်ခါတင် ငါးပုဒ်ထဲမှာ နီနီခင်ဇော်ရဲ့ "မျှော်လင့်ချက် တစ်စုံတစ်ရာ"သီချင်းကိုပါကျော်ပြီး ဆုကိုသိမ်းပိုက်သွားတာ ဖြစ်ပါတယ်။

ပရိသတ်များက နီနီခင်ဇော် နာမည်ကို အော်ဟစ်နေပေမယ့် မဲအရေအတွက်ကတော့ လွှမ်းရတီဇော်က ပိုများခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

The Freshest Rock Song of Monsoon ဆုကိုတော့ Big Bag အဖွဲ့က သူတို့ရဲ့
နောက်ဆုံးအခွေ "We are Big Bag" ထဲက 'သည်းခံ' သီချင်းနဲ့ ရရှိခဲ့ပါတယ်။

အွန်လိုင်းကနေပဲ မဲအရေအတွက်နဲ့ ပေးခဲ့တဲ့ "I love Artist" အမျိုးသားနဲ့ အမျိုးသမီးဆုတွေကိုတော့ ရမှတ် အများဆုံး ငါးယောက်မှာ ၀ိုင်းစုခိုင်သိန်းက မဲအရေအတွက် တစ်သောင်းကျော်နဲ့
အမျိုးသမီးဆုကို ပိုင်ဆိုင်သွားပြီး အမျိုးသားဆုကိုတော့ အခုချိန်ထိ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲဖြစ်နေသေးတဲ့ စိုင်းစိုင်းခမ်းလှိုင် က မဲအရေအတွက် ငါးသောင်းကျော်နဲ့ အပြတ်အသတ်ပိုင်ဆိုင်သွားပါတယ်။

"ဒီပွဲကို တက်တာ သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမတွေကို အားပေးဖို့ တက်တာပါ။ ဆုရမယ်လို့ မမျှော်လင့်ထားပါဘူး။ ကျွန်တော် တစ်နှစ်ကျော်လောက် အခွေလည်းမထွက်နိုင်ဘဲ
အခုလို ပရိသတ်က ချစ်ပေးလို့ ဒီဆုကို ပိုင်ဆိုင်နိုင်တာပါ။ ပရိသတ်ပေးတဲ့ ဆုဖြစ်လို့ ဒီရွှေတစ်ကျပ်သားကို ကျွန်တော့် ပရိသတ်တွေ နာမည်နဲ့ အလှူအတန်း လုပ်လိုက်ပါမယ်"လို့
ရရှိတဲ့ ဆုကိုပိုက်ထားရင်း စိုင်းစိုင်းခမ်းလှိုင်က ပြောခဲ့ပါတယ်။

အခမ်းအနားမှာ ဖျော်ဖြေရေး အစီအစဉ်တွေကိုလည်း ထည့်သွင်းခဲ့ပြီး အဆိုတော်များစွာကအကတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေခဲ့ပါတယ်။

အစီအစဉ် တင်ဆက်သူအဖြစ် မောင်မောင်အေးနဲ့ ဆန်းထွဋ်တို့က ဆောင်ရွက်ခဲ့ပြီး အနောက်တိုင်းဝတ်စုံကိုမှ အဆင်ဆန်းပိတ်စနဲ့ ဖန်တီးထားတဲ့ ဆန်းထွဋ်ရဲ့ ဖက်ရှင်ကလည်း လူပြောများခဲ့ပါတယ်။

နောက်ကျင်းပမယ့် ဆောင်းရာသီဂီတဆုပေးပွဲကိုတော့ စက်တင်ဘာလ ၁ ရက်နေ့က ဒီဇင်ဘာလ၃၁ ရက်နေ့အထိ ထွက်ရှိခဲ့တဲ့ သီချင်းတွေထဲကနေ ရွေးချယ်ပြီးဆုပေးသွားမှာဖြစ်ပါတယ်။

Myanmar Times

No comments:

Post a Comment