Friday, October 24, 2014

မလေးရှားတွင် ဘီယာတစ်ဘူးခိုးယူသူ မြန်မာတစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

ကွာလာလမ်ပူ−ခုနစ်ရင်းဂစ်တန် ဘီယာတစ်ဘူး ခိုးယူမှုအတွက် မြန်မာနိုင်ငံသားတစ်ဦးကို မလေး ရှား တရားသူကြီးတစ်ဦးက ထောင်ဒဏ်တစ်လနှင့် ဒဏ်ငွေ ရင်းဂစ် ၁၀၀ ပေးဆောင်ရန် အောက်တိုဘာ ၂၃ ရက်တွင် အ မိန့်ချမှတ်လိုက်သည်။

ယင်းပြစ်မှုအတွက် အပြစ် ရှိသည်ဟု ၀န်ခံထားသူ မြန်မာနိုင်ငံသား ဘိတ်မွှန်း(၂၄)နှစ်ကို တရားသူကြီး ဆိုင်ဖူလက်မေးလ်ဆာအိ က ယင်းသို့ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်သည်။ ဘိတ်မွှန်း (၂၄) နှစ်သည် အောက်တိုဘာ ၂၀ ရက်က ဂျ လန်းထွန်တန်းရှိ ချန်းလော့စ်ကေ ကေမတ်ဆိုင်ခွဲတစ်ခု ညနေ ၄ နာရီခွဲတွင် Danish Royal Stout ဘီယာတစ်ဘူး ခိုးယူမှုဖြင့် စွဲချက် တင်ခံခဲ့ရသည်။

ရုံးတင်စစ်ဆေးစဉ် တက် ရောက်ခဲ့ခြင်းမရှိသည့် တရားခံက ၎င်း၏ လုပ်ရပ်အတွက် တောင်း ပန်ခဲ့ကြောင်း သိရသည်။ ယင်း တရားရုံးတွင်ပင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လျှပ်စစ်ပြင်သမားတစ် ဦးသည် ဓားဖြင့် လူတစ်ယောက် ကို နာကျင်စေမှုအတွက် ထောင်သုံးလပြစ်ဒဏ် ချခံခဲ့ရပြီးနောက် တရားရုံးအတွင်း သတိလစ်လဲကျ သွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အမ်ရစ်ဒါဒယ်လ်ချန်း (၄၀) နှစ်ကို ဖမ်း ဆီးခဲ့သည့်နေ့မှစ၍ ထောင်ဒဏ် သုံးလကျခံရန် တရားသူကြီး ဆိုင်ဖူလက်မေးလ်က ပြစ်ဒဏ်ချမှတ်ခဲ့သည်။ အမ်ရစ်ဒါသည် ရှိတ်မာရစ် (၄၀) နှစ်ကို ဘန်ဒါမန်ဂျာလာရာ မြို့ မီဒန်ပူထရာဒေသ၊ ဂျလန်း မီဒန်ပူထရာ (၆) လမ်းရှိ နေအိမ် တွင် ယင်းပြစ်မှုကို အောက်တို ဘာ ၁၃ ရက် နံနက် ၈ နာရီက ကျူး လွန်ခဲ့ခြင်းဖြစ်သည်။

ယင်းပြစ်မှုနှစ်ခုလုံးအတွက် အစိုးရရှေ့နေ နောဒီယာနာနော် အက်စ်ဝါက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

—Ref: BERNAMA
7Day Daily

No comments:

Post a Comment