Monday, October 6, 2014

စီမံကိန်းများကို နားလည်မှုအားနည်းသောကြောင့် ဝေဖန်မှုများပြုနေခြင်းဖြစ်ဟု နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြောကြား


အ စိုးရသစ်လက်ထက်တွင် ပြုလုပ်သည့် စီမံကိန်းများနှင့်ပတ်သက်ပြီး ပြည် သူများက နားလည်မှုအားနည်း သောကြောင့် ဝေဖန်မှုများ ပြုလုပ် နေခြင်းဖြစ်သည်ဟု သမ္မတရုံးဝန် ကြီးဦးစိုးသိန်းက ပြောကြားလိုက် သည်။အောက်တိုဘာ ၅ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတွင် နိုင်ငံတော်သမ္မတရုံး ပြည် ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုး တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်နှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးဝင်းရှိန်တို့မှ မီဒီယာများနှင့် တွေ့ဆုံသည့်ပွဲတွင် ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
''စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အစိုးရယန္တရားလည်ပတ်မှုကို ပြည် သူတွေက နားမလည်လို့ ဆွေးနွေး ကြမယ်၊ ဝေဖန်ကြမယ်၊ ပြောကြမယ် ဆိုလဲ ကျွန်တော်တို့က နားထောင် ရမှာပဲ။
စနစ်ကိုနားလည်ရင် ဒီလိုပြောတာ မျိုးတွေဖြစ်လာမှာ မဟုတ်ဘူး''ဟု နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။


သမ္မတဦးသိန်းစိန်ဦးဆောင် သည့် အစိုးရသစ်လက်ထက်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိရန် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ လမ်းဖွင့်ဆောင်ရွက်ခဲ့ပြီး ရင်းနှီးမြှုပ် နှံမှုဆိုင်ရာဥပဒေ နည်းဥပဒေများ ရေးစွဲ ပြဋ္ဌာန်းခဲ့သည်ဟု ဝန်ကြီးက ပြောသည်။
''ကျွန်တော်တို့က ပြည်တွင်း လုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ ပြည်ပလုပ် ငန်းရှင်ပဲဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံမှုတစ် ခုလုပ်တော့မယ်ဆိုရင် ပြည်သူတွေ နဲ့ ပထမဆုံးဆွေးနွေးခိုင်းတာ ဖြစ် တယ်။ ကျွန်တော်တို့ဘက်ကတော့ ဥပဒေရေးဆွဲစဉ်ကတည်းက ပြည် သူတွေအတွက် ထည့်သွင်းစဉ်းစား ပြီး ရေးဆွဲထားတာဖြစ်ပါတယ်''ဟု ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ပတ်သက် ပြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုး သိန်းက ''ပြည်သူဗဟိုပြုစနစ်ဖြစ် တဲ့အတွက် ဘာပဲလုပ်လုပ် ပြည်သူ တွေကို အကြိမ်ကြိမ်ရှင်းပြရမယ်။ စီ မံချက်တွေ၊ စီမံကိန်းတွေ၊ ရင်းနှီး မြှုပ်နှံမှုတွေမှာလဲ ပြည်သူလက်ခံ မှရမှာ။ ပြည်သူလူထု့နဲ့ awareness လုပ်ရမယ်။ လူထု လက်မခံဘူးလား၊ လက်ခံတဲ့အထိ လုပ်ရမယ်။ လက် မခံဘူးဆိုရင် နောက်တစ်ကြိမ် ကြိုး စား။ ဆယ်ကြိမ်ကြိုးစား၊ ပြည်သူက လက်မခံသေးဘူးလား။ လက်မခံ သေးရင်မလုပ်နဲ့''ဟု ဆက်လက်ပြော ကြားခဲ့သည်။
လက်ရှိမြန်မာနိုင်ငံတွင် အ ကောင်အထည်ဖော် တည်ဆောက် ရန်စီစဉ်နေသော ရေအားလျှပ်စစ် စီမံကိန်းများ၊ ကျောက်မီးသွေးစက်ရုံ စီမံကိန်းများအပါအဝင် စီမံကိန်း များအချို့ကို ဒေသခံပြည်သူများအ နေဖြင့် ကန့်ကွက်မှုများရှိနေသဖြင့် ယင်းစီမံကိန်းများ ထပ်မံဆက်လက် အကောင်အထည်ဖော်ရန်အတွက် ဒေသခံများ နားလည်သဘောပေါက် အောင် ဆောင်ရွက်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
ယခင်ကစီမံကိန်းများ ရေးဆွဲ ရာတွင် အပေါ်မူဖြင့်ရေးဆွဲခဲ့ခြင်း များရှိသော်လည်း ယခုဒီမိုကရေစီ အစိုးရလက်ထက်တွင်မူ စီမံကိန်းများ ကို ပြည်သူဗဟိုပြုစီမံကိန်းများအ ဖြစ်ရေးဆွဲပြီး ပြည်သူလူထု၏ လို လားချက်အပေါ် ဦးတည်ကြောင်း ပြည်ထောင်စုဝန်ကြီးများက ဆို သည်။
အမျိုးသားစီမံကိန်းနှင့် စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာကံ ဇော်က ''အခုပြည်သူ့အစိုးရဖြစ်တဲ့ အတွက် အစိုးရရေးဆွဲနေတဲ့ Plan က ပြည်သူတွေပါဝင်ရေးဆွဲနိုင်သော ရေးဆွဲတဲ့ Plan မျိုးဖြစ်ပါတယ်။ Top down and button up ပုံစံမျိုးပေါ့''ဟု ဆိုသည်။
YM,AK,MAT(MMK)

No comments:

Post a Comment