Friday, October 24, 2014

မြန်မာ-ကာတာ ပွဲတွင် လက်မှတ်မှောင်ခို ရောင်းသူနှင့် စည်းကမ်းမဲ့ ပရိသတ်အချို့ကို ခေတ္တထိန်းသိမ်းပြီး ခံဝန်ဖြင့်ပြန်လွှတ်

အာရှယူ-၁၉ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်ဖြစ်သည့် အိမ်ရှင်မြန်မာနှင့်ကာတာအသင်းတို့ပွဲတွင် လက်မှတ်မှောင်ခို ရောင်းချသူနှင့် စည်းကမ်းမဲ့ ပရိသတ်အချို့ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ခေတ္တခေါ်ယူထိန်းသိမ်းခဲ့ပြီး ခံဝန်ကတိဖြင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

အောက်တိုဘာ ၂၀ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ သည့် ယင်းပွဲမတိုင်မီနှင့် ဘော လုံးပွဲကစားနေစဉ် အချိန်အတွင်း လက်မှတ်များအား အမြတ်တင်၍ တစ်ဆင့် ပြန်လည်ရောင်းချနေသူ ၁၁ ဦးနှင့် အရက်သောက်သုံး ထားသည့် ပရိသတ်လေးဦးတို့ ကို သတိပေးဆုံးမကာ ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့ပြင် ဘောလုံးပွဲပြီးဆုံးချိန် ၌ အရှေ့ဘက်ရိုးရိုးတန်းပွဲကြည့် စင်မှ ထိုင်ခုံ အချို့အား ကန် ကျောက်ဖျက်ဆီးခဲ့သည့် လူငယ် ခုနစ်ဦးမှာ အသက် (၁၅) နှစ် အောက်အရွယ်များဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းလူငယ်များအား နောင်တွင် ယခုကဲ့သို့ အပြုအမူ မျိုးမပြုလုပ်ကြစေရန် သတိပေး ဆုံးမခဲ့ပြီး ၎င်းတို့၏မိဘများထံသို့ ပြန်လည်အပ်နှံခဲ့ကြောင်း ထုတ် ပြန်ချက်တွင်ပါရှိသည်။

‘‘အဲဒီနေ့ညမှာပဲ ခံဝန်ကတိ ပြုလုပ်ပြီး ပြန်လွှတ်ပေးခဲ့တာဖြစ် ပါတယ်’’ဟု သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူက ပြော ကြားသည်။

မြန်မာနှင့်ကာတာအသင်း ယှဉ်ပြိုင်ကစားခဲ့သည့် အာရှယူ- ၁၉ အကြိုဗိုလ်လုပွဲတွင် ပရိသတ်ကွင်းလုံးပြည့် (သုံးသောင်းဝန်းကျင်)လာရောက်အားပေးခဲ့ ကြပြီး ယင်းပွဲစဉ်လက်မှတ်မှောင်ခို ဈေးနှုန်းများမှာလည်း အထူးတန်း ကျပ်နှစ်သောင်းငါးထောင်နှင့် ရိုးရိုးတန်း ကျပ်တစ်သောင်းငါးထောင်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့ သည်။ ယင်းပွဲစဉ်၏ ပုံမှန်လက်မှတ်ဈေးနှုန်းမှာ အထူးတန်း ကျပ်ငါးထောင်နှင့် ရိုးရိုးတန်း ကျပ်နှစ်ထောင်ဖြစ်သည်။ မြန်မာနှင့် ကာတာယှဉ်ပြိုင်ကစားခဲ့သည့် အကြိုဗိုလ်လုပွဲတွင် ကွင်းအတွင်းသို့ ပရိသတ် ၂၉,၈၇၀ ဦးလာရောက်အားပေးခဲ့ကြပြီး ၂၀၁၄ အာရှယူ-၁၉ ပြိုင်ပွဲတစ်လျှောက် ပရိသတ် အများဆုံး စံချိန်တင်ခဲ့ သည်

7Day Daily

No comments:

Post a Comment