Wednesday, October 22, 2014

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် လုပ်ငန်းရှင် အမတ်နှစ်ဦး လိပ်ကျွန်းအမှုအတွက် ကျပ်သိန်း ၃၀၀ လှူ

ထိုင်းနိုင်ငံ လိပ် ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခြင်းခံနေရသော မြန်မာနိုင်ငံသား လူငယ်နှစ်ဦး၏ အမှုကိစ္စအတွက် သုံးစွဲရန် အမျိုးသားလွှတ်တော်ကိုယ်စား လွှတ် တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် စီးပွားရေးလုပ်ငန်းရှင်နှစ်ဦး တို့က ငွေကျပ် သိန်းသုံးရာလှူဒါန်း လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသား လူငယ်နှစ် ဦး၏ အမှုကိစ္စနှင့် ပတ်သက်၍ လိုက်ပါဆောင်ရွက်ပေးနေသူ များနှင့် ဖမ်းဆီးစစ်ဆေးခြင်းခံနေ ရသူ လူငယ်နှစ်ဦး၏ မိဘများအ သုံးစရိတ်လိုအပ်နေကြောင်း သိရှိရသည့်အတွက် အမျိုးသားလွှတ် တော်ကိုယ်စား ဥက္ကဋ္ဌ ဦးခင် အောင်မြင့်နှင့် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးခင်ရွှေ (ဇေကမ္ဘာကုမ္ပဏီ)၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးနေ ၀င်းထွန်း (ပတ္တမြားနဂါးကုမ္ပဏီ) တို့ စုပေါင်းပြီး ငွေကျပ် သိန်းသုံး ရာလှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများအဖွဲ့က ဒါရိုက်တာ ကျော်သောင်း၊ ရခိုင်အမျိုးသား ကွန်ရက်က တင်ထူးအောင်၊ ဦး ကျော်အေးမောင်၊ စတီဗင်မြင့် မောင်အေး၊ ဒီအရေးကိစ္စများကို ဆောင်ရွက်မယ့်သူများ၊ ထိုင်း နိုင်ငံကို လိုက်ပါသွားမည့် မိဘများအတွက် ငွေကြေးလိုအပ်တယ်လို့ သိရပါတယ်။ သိရှိရတဲ့အတွက် အမျိုးသားလွှတ်တော်ကိုယ်စား ဥက္ကဋ္ဌက သိန်းတစ်ရာ၊ ဇေကမ္ဘာ ကုမ္ပဏီ ဦးခင်ရွှေက သိန်းတစ်ရာ နောက်လိုအပ်ချက်အပေါ်မူ တည် ပြီး ဆက်လက်လှူဒါန်းမယ်။ ဦးနေ၀င်းထွန်းက သိန်းတစ်ရာ၊ ဒါ့အပြင် ဒီကိစ္စက ဘယ်လောက် ကြာရှည်မှန်း မသိတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များအ နေနဲ့ နည်းသည်များသည် မဟူ စိတ်ဓာတ်ရေးရာအရ လှူဒါန်းနိုင် ပါတယ်။ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ရုံးထံ အချိန်မရွေးလှူ ဒါန်းနိုင်ပါတယ်’’ဟု အောက်တို ဘာ ၂၁ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအ ဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြော သည်။

အောက်တိုဘာ ၂၁ ရက်တွင်ကျင်းပသော အမျိုးသားလွှတ် တော်အစည်းအဝေးတွင် အမျိုး သားလွှတ်တော်ကိုယ်စား ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင် ရွှေနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနေ၀င်းထွန်းတို့ တစ်ဦးလျှင် ကျပ် သိန်းတစ်ရာ၊ စုစုပေါင်း ကျပ် သိန်းသုံးရာလှူ ဒါန်းမှုကို ယင်းလွှတ်တော်အစည်း အဝေးက မှတ်တမ်းတင်ခဲ့သည်။ ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်းကို လာ ရောက်လည်ပတ်သည့် ဗြိတိန်နိုင် ငံသား စုံတွဲတစ်တွဲအသတ်ခံရမှု နှင့် ပတ်သက်ပြီး ယင်းကျွန်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို လူသတ်တရားခံအဖြစ် စွပ်စွဲကာ ဖမ်းဆီးထားသည်။

7Day Daily

No comments:

Post a Comment