Wednesday, October 8, 2014

ရော်နယ်လ်ဒိုကို ရီးယဲလ်တွင် ဆက်ရှိနေစေလိုကြောင်း ဘေးလ်ဖွင့်ဟ

Photo: ရော်နယ်လ်ဒိုကို ရီးယဲလ်တွင် ဆက်ရှိနေစေလိုကြောင်း ဘေးလ်ဖွင့်ဟ
Wednesday, October 8, 2014

ရီးယဲလ်မက်ဒရစ် အသင်းမှ ခရစ္စတီယာနို ထွက်ခွာသွားသည်ကို မလိုလားကြောင်း ဂါရတ်သ်ဘေးလ်က ထုတ်ဖော် ပြောကြားခဲ့သည်။
 
ရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ၎င်း၏ (၂၂)ကြိမ်မြောက် လာလီဂါ Hat-Trick စံချိန်ကို ရရှိခဲ့ပြီးနောက် ရီးယဲလ် ဂန္ထဝင်ဟောင်း အယ်လ်ဖရက်ဒို ဒီစတီဖာနိုနှင့် အက်သလက်တီကို ဘီလ်ဘာအို တိုက်စစ်မှူးဟောင်း တယ်လ်မို ဇာရာတို့၏ စံချိန်နှင့် တူညီစွာ ရပ်တည်နိုင်ခဲ့သည်။ ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်သည် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်သို့ ပြန်လည် ကူးပြောင်းနိုင်ကြောင်း ကောလာဟလများ ထွက်ပေါ်နေသော်လည်း ဘေးလ်ကမူ ရော်နယ်လ်ဒိုကို ဘာနေဗျူးတွင်သာ ဆက်ရှိစေလိုကြောင်း ဆိုသည်။
 
ဝေလ လက်ရွေးစင် တောင်ပံလူ ဘေးလ်က “ရော်နယ်လ်ဒိုဟာ ကမ္ဘာ့အဆင့် ကစားသမား တစ်ယောက်ပါ။ တစ်နှစ်ပြီးတစ်နှစ် ဂိုးသွင်းစွမ်းရည် ပိုပိုပြီး ထက်မြက်လာနေတဲ့သူ ဖြစ်ပါတယ်။ သေချာပါတယ်။ သူ့လို ကစားသမားမျိုးကို ဘယ်ရီးယဲလ် အသင်းသားမှ ထွက်ခွာမသွားစေချင်ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း သူ့ကို ရီးယဲလ်မှာပဲ ဆက်နေစေချင်ပါတယ်”ဟု ပြောကြားခဲ့သည်။ သတင်းအချို့က ယူနိုက်တက်သည် ဘေးလ်ကိုလည်း ရော်နယ်လ်ဒိုနည်းတူ ပစ်မှတ်ထားနေကြောင်း ခန့်မှန်း ဖော်ပြခဲ့သည်။
 
ယခုရာသီ ဘေးလ်၏ စွမ်းဆောင်ရည်ပိုင်းနှင့် ပတ်သက်၍ ရီးယဲလ် ပရိသတ် အချို့က မပျော်မရွှင် ဖြစ်နေသည့်နောက် ယူနိုက်တက်က အခြေအနေကို စောင့်ကြည့်နေခြင်းဟု ဆိုသည်။ သို့သော်လည်း ဘေးလ်က ၎င်းကိုယ်တိုင် ရီးယဲလ်မှ ထွက်ခွာရန် စိတ်ကူးမရှိဟု ဖြေရှင်းခဲ့သည်။ “ကျွန်တော်က အသင်းနဲ့ (၆)နှစ် စာချုပ်ထားတာပါ။ ဒီစာချုပ်အပြင် တခြားဘာကိုမှ စဉ်းစားမနေပါဘူး”ဟု အသက်(၂၅)နှစ်အရွယ် ကစားသမားက ပြောကြားသွားသည်။

Soccer Myanmar
ရီးယဲလ်မက်ဒရစ် အသင်းမှ ခရစ္စတီယာနို ထွက်ခွာသွားသည်ကို မလိုလားကြောင်း ဂါရတ်သ်ဘေးလ်က ထုတ်ဖော် ပြောကြားခဲ့သည်။
ရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ၎င်း၏ (၂၂)ကြိမ်မြောက် လာလီဂါ Hat-Trick စံချိန်ကို ရရှိခဲ့ပြီးနောက် ရီးယဲလ် ဂန္ထဝင်ဟောင်း အယ်လ်ဖရက်ဒို ဒီစတီဖာနိုနှင့် အက်သလက်တီကို ဘီလ်ဘာအို တိုက်စစ်မှူးဟောင်း တယ်လ်မို ဇာရာတို့၏ စံချိန်နှင့် တူညီစွာ ရပ်တည်နိုင်ခဲ့ သည်။ ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင်သည် အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်သို့ ပြန်လည် ကူးပြောင်းနို င်ကြောင်း ကောလာဟလများ ထွက်ပေါ်နေသော်လည်း ဘေးလ်ကမူ ရော်နယ်လ်ဒိုကို ဘာနေဗျူးတွင်သာ ဆက်ရှိစေလိုကြောင်း ဆိုသည်။

ဝေလ လက်ရွေးစင် တောင်ပံလူ ဘေးလ်က “ရော်နယ်လ်ဒိုဟာ ကမ္ဘာ့အဆင့် ကစားသမား တစ်ယောက်ပါ။ တစ်နှစ်ပြီးတစ်နှစ် ဂိုးသွင်း စွမ်းရည် ပိုပိုပြီး ထက်မြက်လာနေတဲ့သူ ဖြစ်ပါတယ်။ သေချာပါတယ်။ သူ့လို ကစားသမားမျိုးကို ဘယ်ရီးယဲလ် အသင်းသားမှ ထွက်ခွာ မသွားစေချင်ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း သူ့ကို ရီးယဲလ်မှာပဲ ဆက်နေစေချင်ပါတယ်”ဟု ပြောကြားခဲ့သည်။ သတင်းအချို့က ယူနိုက်တက် သည် ဘေးလ်ကိုလည်း ရော်နယ်လ်ဒိုနည်းတူ ပစ်မှတ်ထားနေကြောင်း ခန့်မှန်း ဖော်ပြခဲ့သည်။

ယခုရာသီ ဘေးလ်၏ စွမ်းဆောင်ရည်ပိုင်းနှင့် ပတ်သက်၍ ရီးယဲလ် ပရိသတ် အချို့က မပျော်မရွှင် ဖြစ်နေသည့်နောက် ယူနိုက်တက်က အခြေအနေ ကို စောင့်ကြည့်နေခြင်းဟု ဆိုသည်။ သို့သော်လည်း ဘေးလ်က ၎င်းကိုယ်တိုင် ရီးယဲလ်မှ ထွက်ခွာရန် စိတ်ကူး မရှိဟု ဖြေရှင်းခဲ့သည်။ “ကျွန်တော်က အသင်းနဲ့ (၆)နှစ် စာချုပ်ထားတာပါ။ ဒီစာချုပ်အပြင် တခြားဘာကိုမှ စဉ်းစားမနေပါဘူး”ဟု အသက်(၂၅)နှစ်အရွယ် ကစားသမားက ပြောကြားသွားသည်။

Soccer Myanmar

No comments:

Post a Comment