Wednesday, October 8, 2014

အိမ်ခြံမြေ ကာလတန်ဖိုး သတ်မှတ်ချက် နှစ်ဆကျော်မြင့်တက်

Photo: အိမ်ခြံမြေ ကာလတန်ဖိုး သတ်မှတ်ချက် နှစ်ဆကျော်မြင့်တက်
Wednesday, October 8, 2014

ရန်ကုန်အိမ်ခြံမြေ ဝယ်ယူ၊ ရောင်းချခြင်းများမှ အခွန်ကောက်ခံစိစစ်ရန် အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်သည့် ရန်ကုန် အိမ်ခြံမြေ ကာလတန်ဖိုး ဈေးနှုန်းအသစ်များသည် ပြီးခဲ့သည့်နှစ်နှုန်းထားများထက် ၃၀ ရာခိုင်နှုန်းမှ နှစ်ဆကျော်အထိ မြင့်တက်ခဲ့သည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ နေအိမ်အဆောက်အုံများကို တွေ့ရစဉ်။ (ဓာတ်ပုံ - လွင်မောင်မောင်၊ မဇ္ဈိမ) ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ တစ်ပေပတ်လည် မြေကွက်နှုန်းများကို ယခင် ကျပ်နှစ်သိန်းလေးသောင်းမှ ယခု ကျပ်သုံးသိန်းသို့ တိုးမြှင့်သတ်မှတ်ထားသည်။

မြို့တွင်းမြို့နယ်များတွင် ယခင်နှုန်း ထားများထက် ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး အခြားမြို့နယ်များနှင့် မြို့ပြင်ဧရိယာများမှာ ယခင်သတ်မှတ်နှုန်းများထက် နှစ်ဆကျော် တိုးမြှင့်သတ်မှတ်ထားမှုများရှိသည်။ လမ်းမတန်းနှင့် အချက်အချာကျသည့်နေရာများတွင် ဈေးနှုန်းတိုးမြှင့်သတ်မှတ်ထားပြီး ရပ်ကွက်တွင်း လမ်းများမှာ ယခင်ဈေးနှုန်းနှင့် ကွာဟမှုအနည်းငယ်သာရှိသည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်များဖြစ်သည့် လမ်းမတော်၊ ပန်းဘဲတန်း၊ လသာ၊ ဗိုလ်တထောင်၊ ပုဇွန် တောင်နှင့် ကျောက် တံတားမြို့နယ်များရှိ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ကမ်းနားလမ်း၊ ကုန်သည် လမ်း၊ ဗိုလ်ချုပ်လမ်း စသည့်လမ်းမတန်းများသည် တစ်ပေပတ်လည်မြေကွက်နှုန်းမှာ ယခင် ကျပ် ၂၄၀,၀၀၀ မှ ကျပ်သုံးသိန်းသို့ တိုးမြှင့်သတ်မှတ်ထားသည်။

ဒဂုံမြို့နယ်တွင် ပြည်လမ်းမကြီးနှင့် ဗဟန်းမြို့နယ်၌ ကမ္ဘာအေးစေတီလမ်း၊ ကိုယ့်မင်းကိုယ့်ချင်းလမ်းများရှိ တစ်ပေပတ် လည်မြေကွက်များကို ကျပ် ၃၂၅,၀၀၀ မှ ကျပ်လေးသိန်းအထိ တိုးမြှင့်သတ်မှတ်ထားပြီး ယင်း မြို့နယ်များရှိ ယောမင်းကြီးလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းများကို ယခင် ကျပ် ၂၇၅,၀၀၀ မှ ယခုသတ်မှတ် ချက်တွင် ကျပ် ၃၃၀,၀၀၀ အထိ တိုးမြှင့်ထားကာ အတွင်း လမ်းများကို အနိမ့်ဆုံး ကျပ် ၁၅၀,၀၀၀ - ၁၈၀,၀၀၀ အထိ သတ်မှတ်ထားသည်။

တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်း ကျွန်း၊ တောင်ဥက်္ကလာပ၊ အင်းစိန်နှင့် အလုံ မြို့နယ်များရှိ လမ်းမ တန်းများသည် ယခင် ကျပ်တစ်သိန်းကျော်မှ နှုန်းထားသစ်အရ ကျပ်နှစ်သိန်းမှ နှစ်သိန်းခွဲအထိ နှစ်ဆကျော် ခန့် တိုးမြှင့်သွားပြီး အတွင်းလမ်းများသည် ယခင်နှုန်းထားထက် အနည်းငယ်သာ မြင့်တက်ခဲ့ကာ ကျပ် ၅၀,၀၀၀ ၀န်းကျင် သတ်မှတ်ထားသည်။

မရမ်းကုန်း၊ စမ်းချောင်း၊ လှိုင်နှင့် ကမာရွတ်မြို့နယ်များရှိ အချက်အချာကျသည့် လမ်းမများ၌ ယခင်နှုန်းထား ကျပ် ၂၇၀,၀၀၀ ၀န်းကျင်မှ ကျပ်လေးသိန်းအထိ၊ အခြား လမ်းများတွင် ကျပ် ၇၀,၀၀၀ အထိ ဈေးနှုန်းများ တိုးမြှင့်သတ်မှတ်ထားကာ ယင်းမြို့နယ်များရှိ အတွင်းလမ်းမများ၌ ယခင် နှုန်းထားများနှင့် ကွာဟမှုမရှိပေ။

မြေအရောင်းအဝယ် အများဆုံးပြုလုပ်လေ့ရှိသည့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပဲခူးမြစ်လမ်း၊ ရတနာလမ်းများရှိ မြေတစ်ကွက်လျှင် ယခင် ကျပ်သိန်း ၁၃၀ မှ ၃၀၀အထိ နှစ်ဆ ကျော်တိုးမြှင့်ထားကာ အတွင်းလမ်းများမှာ ဈေးနှုန်းကွာဟမှု အနည်းငယ်သာရှိသည်။

ရွှေပြည်သာ၊ ဒဂုံတောင်/မြောက်/ အရှေ့မြို့နယ်များရှိ စက်မှုဇုန်များနှင့် လမ်းမများတွင် တစ်ကွက်လျှင် ကျပ် သိန်း ၉၀၀ ၀န်းကျင်မှ ၁၂၀၀ အထိ ဈေးနှုန်များ သတ်မှတ်ထားပြီး လှိုင်သာယာစက်မှုဇုန်မြေ တစ် ကွက်လျှင် ကျပ်သိန်း ၁,၄၅၀မှ ၁၉၀၀ အထိ တိုးမြှင့်ထားသည်။ ကျန်မြို့နယ်များရှိ လမ်းမတန်းများတွင် ယခင်နှုန်းထားထက် ကျပ် ၃၀,၀၀၀ မှ ၅၀,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းတိုးမြှင့်ထားသည်။

တိုက်ခန်းများ ရောင်းဝယ်ခြင်းကို မြို့တွင်း ခြောက်မြို့နယ်နှင့် စမ်းချောင်း၊ ဗဟန်း စသည့်မြို့နယ်များတွင် မြေညီထပ် တစ်ပေ ပတ်လည်လျှင် အနည်းဆုံး ကျပ် ၆၀,၀၀၀ ကျော်၊ ရန်ကင်း၊ သင်္ဃန်းကျွန်းတို့တွင် ကျပ် ၄၅,၀၀၀ ကျော်၊ မြောက်ဥက်္ကလာပ၊ သာ ကေတတို့တွင် အနည်းဆုံး ကျပ် ၂၀,၀၀၀ ကျော် သတ်မှတ်ထား သည်။

ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့သည် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေးနယ်နိမိတ်အတွင်း မြို့နယ်များ သတ်မှတ်ပေးခဲ့ပြီး ယခုနှစ်တွင် စည်ပင်ဧရိယာ ပြင်ပမြို့နယ် များကိုလည်း စတင်သတ်မှတ်ပေးထားသည်။

Mizzima - News in Burmese
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ နေအိမ်အဆောက်အုံများကို တွေ့ရစဉ်။ (ဓာတ်ပုံ - လွင်မောင်မောင်၊ မဇ္ဈိမ)
ရန်ကုန်အိမ်ခြံမြေ ဝယ်ယူ၊ ရောင်းချခြင်းများမှ အခွန်ကောက်ခံစိစစ်ရန် အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်သည့် ရန်ကုန်အိမ်ခြံမြေ ကာလ တန်ဖိုး ဈေးနှုန်းအသစ်များသည် ပြီးခဲ့သည့်နှစ်နှုန်းထားများထက် ၃၀ ရာခိုင်နှုန်းမှ နှစ်ဆကျော်အထိ မြင့်တက်ခဲ့သည်။
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ တစ်ပေပတ်လည် မြေကွက်နှုန်းများကို ယခင် ကျပ်နှစ်သိန်းလေးသောင်းမှ ယခု ကျပ်သုံးသိန်းသို့ တိုးမြှင့် သတ်မှတ် ထားသည်။

မြို့တွင်းမြို့နယ်များတွင် ယခင်နှုန်း ထားများထက် ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး အခြားမြို့နယ်များနှင့် မြို့ပြင်ဧရိယာများမှာ ယခင် သတ်မှတ်နှုန်း များထက် နှစ်ဆကျော် တိုးမြှင့်သတ်မှတ်ထားမှုများရှိသည်။ လမ်းမတန်းနှင့် အချက်အချာကျသည့်နေရာများ တွင် ဈေးနှုန်း တိုးမြှင့်သတ်မှတ်ထားပြီး ရပ်ကွက်တွင်း လမ်းများမှာ ယခင်ဈေးနှုန်းနှင့် ကွာဟမှုအနည်းငယ်သာရှိသည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်များဖြစ်သည့် လမ်းမတော်၊ ပန်းဘဲတန်း၊ လသာ၊ ဗိုလ်တထောင်၊ ပုဇွန် တောင်နှင့် ကျောက် တံတားမြို့နယ်များရှိ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ကမ်းနားလမ်း၊ ကုန်သည် လမ်း၊ ဗိုလ်ချုပ်လမ်း စသည့်လမ်းမတန်းများသည် တစ်ပေပတ်လည်မြေ ကွက်နှုန်းမှာ ယခင် ကျပ် ၂၄၀,၀၀၀ မှ ကျပ်သုံးသိန်းသို့ တိုးမြှင့်သတ်မှတ်ထားသည်။

ဒဂုံမြို့နယ်တွင် ပြည်လမ်းမကြီးနှင့် ဗဟန်းမြို့နယ်၌ ကမ္ဘာအေးစေတီလမ်း၊ ကိုယ့်မင်းကိုယ့်ချင်းလမ်းများရှိ တစ်ပေပတ် လည်မြေကွက်များကို ကျပ် ၃၂၅,၀၀၀ မှ ကျပ်လေးသိန်းအထိ တိုးမြှင့်သတ်မှတ်ထားပြီး ယင်း မြို့နယ်များရှိ ယောမင်းကြီးလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းများကို ယခင် ကျပ် ၂၇၅,၀၀၀ မှ ယခုသတ်မှတ် ချက်တွင် ကျပ် ၃၃၀,၀၀၀ အထိ တိုးမြှင့်ထားကာ အတွင်း လမ်းများကို အနိမ့်ဆုံး ကျပ် ၁၅၀,၀၀၀ - ၁၈၀,၀၀၀ အထိ သတ်မှတ်ထားသည်။

တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်း ကျွန်း၊ တောင်ဥက်္ကလာပ၊ အင်းစိန်နှင့် အလုံ မြို့နယ်များရှိ လမ်းမ တန်းများသည် ယခင် ကျပ်တစ်သိန်းကျော်မှ နှုန်းထားသစ်အရ ကျပ်နှစ်သိန်းမှ နှစ်သိန်းခွဲအထိ နှစ်ဆကျော် ခန့် တိုးမြှင့်သွားပြီး အတွင်းလမ်းများသည် ယခင်နှုန်းထားထက် အနည်းငယ်သာ မြင့်တက်ခဲ့ကာ ကျပ် ၅၀,၀၀၀ ၀န်းကျင် သတ်မှတ်ထားသည်။

မရမ်းကုန်း၊ စမ်းချောင်း၊ လှိုင်နှင့် ကမာရွတ်မြို့နယ်များရှိ အချက်အချာကျသည့် လမ်းမများ၌ ယခင်နှုန်းထား ကျပ် ၂၇၀,၀၀၀ ၀န်းကျင်မှ ကျပ်လေးသိန်းအထိ၊ အခြား လမ်းများတွင် ကျပ် ၇၀,၀၀၀ အထိ ဈေးနှုန်းများ တိုးမြှင့်သတ်မှတ်ထားကာ ယင်းမြို့နယ်များရှိ အတွင်းလမ်းမများ၌ ယခင် နှုန်းထားများနှင့် ကွာဟမှုမရှိပေ။

မြေအရောင်းအဝယ် အများဆုံးပြုလုပ်လေ့ရှိသည့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပဲခူးမြစ်လမ်း၊ ရတနာလမ်းများရှိ မြေတစ်ကွက်လျှင် ယခင် ကျပ်သိန်း ၁၃၀ မှ ၃၀၀အထိ နှစ်ဆ ကျော်တိုးမြှင့်ထားကာ အတွင်းလမ်းများမှာ ဈေးနှုန်းကွာဟမှု အနည်းငယ်သာရှိသည်။

ရွှေပြည်သာ၊ ဒဂုံတောင်/မြောက်/ အရှေ့မြို့နယ်များရှိ စက်မှုဇုန်များနှင့် လမ်းမများတွင် တစ်ကွက်လျှင် ကျပ် သိန်း ၉၀၀ ၀န်းကျင်မှ ၁၂၀၀ အထိ ဈေးနှုန်များ သတ်မှတ်ထားပြီး လှိုင်သာယာစက်မှုဇုန်မြေ တစ် ကွက်လျှင် ကျပ်သိန်း ၁,၄၅၀မှ ၁၉၀၀ အထိ တိုးမြှင့်ထားသည်။ ကျန်မြို့နယ်များရှိ လမ်းမတန်းများတွင် ယခင်နှုန်းထားထက် ကျပ် ၃၀,၀၀၀ မှ ၅၀,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းတိုးမြှင့်ထားသည်။

တိုက်ခန်းများ ရောင်းဝယ်ခြင်းကို မြို့တွင်း ခြောက်မြို့နယ်နှင့် စမ်းချောင်း၊ ဗဟန်း စသည့်မြို့နယ်များတွင် မြေညီထပ် တစ်ပေ ပတ်လည်လျှင် အနည်းဆုံး ကျပ် ၆၀,၀၀၀ ကျော်၊ ရန်ကင်း၊ သင်္ဃန်းကျွန်းတို့တွင် ကျပ် ၄၅,၀၀၀ ကျော်၊ မြောက်ဥက်္ကလာပ၊ သာ ကေတတို့တွင် အနည်းဆုံး ကျပ် ၂၀,၀၀၀ ကျော် သတ်မှတ်ထား သည်။

ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့သည် ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေးနယ်နိမိတ်အတွင်း မြို့နယ်များ သတ်မှတ်ပေးခဲ့ပြီး ယခုနှစ်တွင် စည်ပင်ဧရိယာ ပြင်ပမြို့နယ် များကိုလည်း စတင်သတ်မှတ်ပေးထားသည်။

Mizzima - News in Burmese

No comments:

Post a Comment