မိမိရဲ့ ကချင်ပြည်နယ်ခရီးစဉ်ဟာ ကချင်ပြည်နယ်က ဒေသခံတွေရဲ့ စိုးရိမ်မှုတွေ လိုလားချက်တွေနဲ့ မျှော်လင့်ချက်တွေကို သိရှိအောင် လာေ ရာက် နားထောင်တာဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သုံးရက်ကြာရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံ အမတ်ကြီး Derek Mitchell ကဒီနေ့ ပြောကြားပါတယ်။
“အဖွဲ့အစည်းပေါင်းစုံနဲ့ သုံးရက်ကြာတွေ့ဆုံခဲ့ပြီး မိမိခံစားမိတာက စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုရင် အောက်ခြေအဆင့်ဆင့်မှာ ဘက်ပေါင်းစုံက ယုံကြည်မှုတည်ဆောက်ဖို့ အများကြီး လိုအပ်နေပါသေးတယ်။ ရန်ကုန်လိုမြို့မှာ ကချင်ပြည်နယ်နဲ့ ပတ်သက်ပြီး အမျိုးမျိုးပြော တာ ကြားရ ပါတယ်။ အခုလို လာရောက်ပြီး အဖွဲ့အစည်းပေါင်းစုံနဲ့ တွေ့ဆုံပြီး နားထောင်ရတာကိုတော့ ဘာနဲ့မှ လဲလို့မရပါဘူး။ အဲ့ဒီမှာ အပစ် အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေ ဘာပြောနေကြသလဲ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဒေသခံတွေ ဘာတွေပြောနေသလဲ ဆိုတာကို နားထောင်ဖို့ဟာ အရေးကြီးပါတယ်” လို့ အမေရိကန်သံအမတ်ကြီးက ပြောသွားပါတယ်။
ကချင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းကလည်း သံအမတ်ကြီး ကချင်ပြည်နယ်ကို လာရောက်တာကို ကြိုဆိုကြောင်း ပြောပါတယ်။
"မြစ်ကြီးနားကို လာတဲ့အချိန်မှာပေါ့၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးကိစ္စတွေ လူသားချင်းစာနာတဲ့ အထောက်အထား ထောက်ပံ့မှုတွေ အကြောင်းတွေ ဒါတွေပဲဆွေးနွေးတာ ရှိပါတယ်၊ အမေရိကန်သံအမတ်ကြီးအနေနဲ့ ကချင်ပြည်နယ်ကို လာတယ်ဆိုတာဟာ ပြည်နယ်အစိုးရရဲ့ သဘောထားအမြင်တွေ၊ ကချင်ပြည်နယ်ရဲ့ အခြေအနေတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ခွင့်ရတာပါ၊ အဲ့ဒီတော့ တခါတခါမှာ အပြင်မှာပြောတဲ့ စကားတွေ၊ မီဒီယာမှာ ကြားရတဲ့ကိစ္စတွေ သူကိုယ်တိုင်တွေ့ဆုံတယ်၊ လေ့လာတယ်ဆိုရင်တော့ အရှိကို အရှိအတိုင်း သူမြင်သွားတာပေါ့"
သံအမတ်ကြီးဟာ မြစ်ကြီးနားမြို့နားက စစ်ပြေးဒုက္ခသည် စခန်းတွေကိုလည်း သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။
RFA Burmese
No comments:
Post a Comment