Monday, October 27, 2014

ဘရာဇီးလ်သမ္မတ ရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရရှိ

Photo: ဘရာဇီးလ်သမ္မတ ရွေးကောက်ပွဲ လက်ရှိသမ္မတ အနိုင်ရရှိ
Monday, October 27, 2014 

လက်တင်အမေရိကမှ ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံး နိုင်ငံတစ်ခုဖြစ်သည့် ဘရာဇီးလ်၏ သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒီလ်မာ ရူးဆက်ဖ်က အနိုင်ရရှိခဲ့သည်ဟု သိရသည်။

ရွေးကောက်ပွဲရလဒ်များကို ယနေ့တွင် ကြေညာခဲ့ရာ ရူးဆက်ဖ်မှာ မဲပေးမှု စုစုပေါင်း ၉၉.၆၆ ရာခိုင်နှုန်းတွင် ၅၁.၆၀ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ပြိုင်ဘက်ဖြစ်သူ အဲစီယို နီဗက်စ်မှာ မဲအရေအတွက် ၄၈.၄၀ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

မဲရလဒ်များ ထွက်ပေါ်လာပြီးနောက် ပြောကြားခဲ့သော မိန့်ခွန်းတွင် ရူးဆက်ဖ်က ၎င်း၏ ဒုတိယ သက်တမ်းတွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန် မျှော်လင့်ထားပြီး ဘရာဇီးလ် ပြည်သူများက တောင်းဆိုသော ပြုပြင်ပြောင်းလဲမှုများကိုလည်း လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။

အစောပိုင်းတွင် နီဗက်စ်မှာ ရူးဆက်ဖ်ထက် ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းကြား အသာရခဲ့သော်လည်း နောက်ဆုံးအချိန်ကျမှ ရူးဆက်ဖ်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နီဗက်စ်ကလည်း မိမိရှုံးနိမ့်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဘရာဇီးလ်သမ္မတ ရူးဆက်ဖ်မှာ နိုင်ငံ၏ စီးပွားရေးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှု စသည့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ref_ Al Jazeera and agencies
M-Media
လက်တင်အမေရိကမှ ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံး နိုင်ငံတစ်ခုဖြစ်သည့် ဘရာဇီးလ်၏ သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဒီလ်မာ ရူးဆက်ဖ် က အနိုင်ရရှိခဲ့သည်ဟု သိရသည်။

ရွေးကောက်ပွဲရလဒ်များကို ယနေ့တွင် ကြေညာခဲ့ရာ ရူးဆက်ဖ်မှာ မဲပေးမှု စုစုပေါင်း ၉၉.၆၆ ရာခိုင်နှုန်းတွင် ၅၁.၆၀ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ပြိုင်ဘက်ဖြစ်သူ အဲစီယို နီဗက်စ်မှာ မဲအရေအတွက် ၄၈.၄၀ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

မဲရလဒ်များ ထွက်ပေါ်လာပြီးနောက် ပြောကြားခဲ့သော မိန့်ခွန်းတွင် ရူးဆက်ဖ်က ၎င်း၏ ဒုတိယ သက်တမ်းတွင် ပိုမိုကောင်းမွန်အောင် ဆောင် ရွက်သွားရန် မျှော်လင့်ထားပြီး ဘရာဇီးလ် ပြည်သူများက တောင်းဆိုသော ပြုပြင်ပြောင်းလဲမှုများကိုလည်း လုပ်ဆောင်သွားရန် ဆုံးဖြတ် ထားကြောင်း ပြောကြားခဲ့သည်။

အစောပိုင်းတွင် နီဗက်စ်မှာ ရူးဆက်ဖ်ထက် ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းကြား အသာရခဲ့သော်လည်း နောက်ဆုံးအချိန်ကျမှ ရူးဆက်ဖ်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ နီဗက်စ်ကလည်း မိမိရှုံးနိမ့်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဘရာဇီးလ်သမ္မတ ရူးဆက်ဖ်မှာ နိုင်ငံ၏ စီးပွားရေးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှု စသည့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ref_ Al Jazeera and agencies
M-Media

No comments:

Post a Comment