Thursday, October 9, 2014

တောင်ကြီးဗုံးကွဲမှုအပြီး နေပြည်တော်တွင် ရဲတပ်ဖွဲ့နှင့် တပ်မတော် ပူးတွဲကင်းလှည့်နေ


တောင်ကြီးမြို့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ်(၂၀၂) ဆက်သွယ်ရေးတပ်နှင့် ယာဉ်ထိန်းရုံးဝင်ပေါက် အနီး တို့တွင် ချိန်ကိုက်ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲမှု အပြီး နေပြည်တော်ကောင်စီနယ် မြေတွင် ရဲတပ်ဖွဲ့နှင့် တပ်မတော်ပူးတွဲ ကင်းလှည့်ကာ လုံခြုံရေး တင်းကျပ်ထားသည်ဟု နေပြည်တော်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြော သည်။

တောင်ကြီးမြို့၊ အမှတ် (၁၅) ယာဉ်ထိန်းရဲ ဒု-တပ်ဖွဲ့ခွဲမှူးရုံးရှေ့ အုတ်နံရံတွင် ဗုံးမှန်ထားသည့် ဘောစေ့များ စိုက်နေပြီး ယာဉ်ထိန်းရဲ တပ်သားများက ဆေးသုတ်ပြုပြင်နေသည်ကို အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)

အမည်မဖော်လိုသူ ရဲမှူးတစ်ဦးက "ကျွန်တော်တို့ နေပြည်တော်လုံခြုံရေးကို ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်မှတပ်မတော်ကင်းနဲ့ ပူးတွဲကင်းလှည့်တာတွေ လုပ်နေပါတယ်" ဟု ပြောသည်။

နေပြည်တော်ပျဉ်းမနားမြို့နယ်တွင် သုံးရက်တာကျင်းပနေသည့် နှစ်ကျိပ်ရှစ် ဆူဘုရားပွဲများနှင့် အောက်တိုဘာလ ၉ ရက်တွင် စတင်ကျင်းပမည့် အသက် ၁၉ နှစ်အောက် အာရှဘောလုံးပွဲရှိသဖြင့် လုံခြုံရေးကို ပိုမို တင်းကျပ်ထားရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

၎င်းက "ညပိုင်းဆို ဟိုတယ်ဇုန်မှာ တပ်မတော်က လှည့်ကင်းတွေရှိတယ်၊ ကျွန်တော်တို့လည်း နေ့၊ ညအလှည့်ကျကင်းလှည့်နေရတယ်" ဟု ဆိုသည်။

ထို့အတွက် နေပြည်တော်ရှိ ရဲတပ်ရင်းများသာမက နေပြည်တော်တိုင်းမှ ရဲတပ်ရင်းများကိုလည်း ထပ်မံအားဖြည့်ထားသည်ဟု ၎င်းက ပြောသည်။

ထို့ပြင် နေပြည်တော်ကောင်စီနယ် မြေရှိရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အားလည်း ထူးခြားမှုများရှိပါက ချက်ချင်း သတင်းပို့ရန် ညွန်ြကားထားသည်။

မဇ္ဈိမ

No comments:

Post a Comment