Tuesday, October 7, 2014

မာစတာစပေါ့ဖိနပ်စက်ရုံလုပ်သားများအား နစ်နာကြေးပေးရန် စက်ပစ္စည်းများလေလံတင်ရောင်းချ

မာစတာစပေါ့ဖိနပ်စက် ရုံမှ စက်ပစ္စည်းများဝယ်ယူရန် ပြည်ထောင်စုဝန်ကြီးက ဖိနပ်လုပ် ငန်းရှင်များနှင့်တွေ့ဆုံကာ မေတ္တာရပ်ခံတောင်းဆိုမှုပြုလုပ်ခဲ့ကြောင်းအလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ကိုရီးယားအလုပ်ရှင်က အ လုပ်သမားများကို နစ်နာကြေးမ ပေးဘဲကိုရီးယားနိုင်ငံသို့ ထွက် ပြေးတိမ်းရှောင်ခဲ့၍ အလုပ်သမား များ စားဝတ်နေရေးအခက်အခဲ များဖြစ်ပေါ်နေသောကြောင့်ယင်း စက်ရုံမှစက်ပစ္စည်းများကို လေလံ တင်ရောင်းချပြီး နစ်နာကြေးပေး လျော်ရန်အစိုးရက စီစဉ်ဆောင် ရွက်လျက်ရှိသည်။
လေလံတင်ရောင်းချရန် ကြေညာခဲ့ပြီးနောက် စက်ရုံရှစ်ခု မှ လေလံဆွဲရန်စပေါ်ငွေကျပ်သိန်းတစ်ရာစီ ပေးသွင်းထားကြောင်း သတင်းရရှိသည်။ လေလံဝယ်ယူ မည့်သူများတွက် ယင်းရောင်းချ မည့်စက်ပစ္စည်းများနှင့်အသုံးမ တည့်နိုင်သော လုပ်ငန်းအချို့ပါ ၀င်သဖြင့် အောက်တိုဘာ ၆ရက် က ဖိနပ်လုပ်ငန်းရှင်များအား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးက ဖိတ်ကြားပြီးဝယ်ယူ ရန်မေတ္တာရပ်ခံတောင်းဆိုသည့် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
‘‘စီပွားရေးဘက်ကိုချလည်း မကြည့်ဘဲနဲ့အလုပ်သမားတွေရဲ့ ဘက်ကိုစာနာပြီးကြည့်ပေးဖို့။ ဒီ စက်တွေက ဖိနပ်ချုပ်တဲ့စက်တွေ ဖြစ်တဲ့အတွက် ဖိနပ်စက်ရုံတွေအ တွက်ပဲ အသုံးတည့်တယ်။ ဒါ ကြောင့် ရန်ကုန်က ဖိနပ်လုပ်ငန်း ရှင်တွေခေါ်ပြီး တွေ့ဆုံခဲ့တာ။ လုပ်သားတွေကို ရသင့်ရထိုက်တဲ့ နစ်နာကြေးပေးဖို့ တွေ့ဆုံမေတ္တာ ရပ်ခံခဲ့တာ’’ဟု ပြည်ထောင်စုဝန် ကြီးဦးအေးမြင့်ကပြောသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲ သို့ ဖိနပ်လုပ်ငန်းရှင် ၂၈ဦးတက် ရောက်ခဲ့ပြီး အောက်တိုဘာ ၇ ရက်တွင် စက်ရုံသို့ ကုန်ကြမ်း၊ ကုန်ချောများဝယ်ယူရန် လေ့လာ မည်ဖြစ်ကြောင်းသိရသည်။ လေ လံ စတင်ရောင်းချမည့်ရက်ကို အောက်တိုဘာ ၉ရက်သတ်မှတ် ထားသော်လည်း လုပ်ငန်းသ ဘောအရ အနည်းငယ်ရက်ရွှေ့ ဆိုင်းမှုများလည်းဖြစ်ပေါ်နိုင် ကြောင်းသိရသည်။
‘‘ကျွန်တော်တို့က ကူညီပေးဖို့ လေလံတင်ခဲ့တာပါ။ လုပ်ငန်း တိုးချဲ့ဖို့လည်းပါတာပေါ့’’ဟု လှိုင် သာယာမြို့နယ်ငွေပင်လယ်စက် မှုဇုန်မှ မြန်မာစိုးစံဝင်းဖိနပ်စက်ရုံ အထွေထွေမန်နေဂျာဦးဝင်းထက် ကပြောသည်။
မာစတာစပေါ့စက်ရုံတွင်အ လုပ်သမားရှစ်ရာကျော်ရှိပြီး ၎င်း တို့ကို အလုပ်ထုတ်နစ်နာကြေး ကျပ်သိန်း ၂၃၀၀ကျော်ပေးရန်ရှိ ကြောင်း သိရသည်။ အဆိုပါလုပ် သားများမှာ အလုပ်ပိတ်သိမ်းမှုနစ် နာကြေးအပြင် ဇွန်လလုပ်ခလစာလည်းမရရှိသေးကြောင်း သတင်းရရှိသည်။
By 7day

No comments:

Post a Comment