Wednesday, October 8, 2014

လိပ်ကျွန်းလူသတ်မှု ထိုင်းအစိုးရသက်သေ ကိုမောင်မောင်ကို မြန်မာ သံရုံးအဖွဲ့ တွေ့ဆုံ မေးမြန်းခွင့် ရပြီ

Photo: လိပ်ကျွန်းလူသတ်မှု ထိုင်းအစိုးရသက်သေ ကိုမောင်မောင်ကို မြန်မာ သံရုံးအဖွဲ့ တွေ့ဆုံ မေးမြန်းခွင့် ရပြီ
Wednesday, October 8, 2014 

ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) က ဗြိတိန်လူမျိုး ၂ ဦး အသတ်ခံရမှုမှာ ထိုင်းအစိုးရသက်သေအဖြစ် ထိန်းသိမ်းထားတဲ့ အသက် ၂၁ နှစ်အရွယ် ကိုမောင်မောင် (ခေါ်) ကိုသန်းဆွေကို ထိုင်းရဲက မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့ ဒီကနေ့မနက် ကော့စမွီမြို့နယ်မှာ တွေ့ဆုံခွင့် ပြုပါတယ်။

ဒီတွေ့ဆုံပွဲဟာ ဒီအမှုနဲ့ ပတ်သက်လို့ ဘာသာပြန်လည်းလုပ်ပြီး ရိုက်နှက်ရာမှာ ပါတယ်လို့ စွပ်စွဲခံရသူတဦးဖြစ်တဲ့ ကိုသားကြီးခေါ် ကိုအောင်ကိုဦးနဲ့ ရဲမှူးကြီးတဦးရှေ့မှာ ၂ နာရီကျော်ကြာ မေးမြန်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒုတိယအတွင်းဝန် ဦးထွန်းအေး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တမြန်နေ့က ကိုမောင်မောင်နဲ့ တွေ့ဆုံဖို့ တောင်းဆိုချက်ကို ရဲက ပယ်ချခဲ့ပြီး မနေ့ကတော့ အခင်းဖြစ်တဲ့ကျွန်းကို သွားရောက်ကြည့်ရှု့ပြီး မေးမြန်းစုံစမ်း မှတ်တမ်း ရယူခဲ့ပါတယ်။

မနေ့ညနေက အခင်းဖြစ်ရာကျွန်းကနေ ကော့စမွီကို ပြန်ရောက်ပြီး ဒီနေ့ မနက်မှာ မူလ တွေ့ဆုံခွင့်တောင်းထားတဲ့ ကိုမောင်မောင်နဲ့ တွေ့ဆုံဖို့ ထိုင်းရဲဘက်က စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။

[Source: DVB -http://burmese.dvb.no/archives/67186]

Credit to Hmuu Zaw Facebook
ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) က ဗြိတိန်လူမျိုး ၂ ဦး အသတ်ခံရမှုမှာ ထိုင်းအစိုးရသက်သေအဖြစ် ထိန်းသိမ်းထားတဲ့ အသက် ၂၁ နှစ်အရွယ် ကိုမောင်မောင် (ခေါ်) ကိုသန်းဆွေကို ထိုင်းရဲက မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့ ဒီကနေ့မနက် ကော့စမွီမြို့နယ် မှာ တွေ့ဆုံ ခွင့် ပြုပါတယ်။
ဒီတွေ့ဆုံပွဲဟာ ဒီအမှုနဲ့ပတ်သက်လို့ ဘာသာပြန်လည်းလုပ်ပြီး ရိုက်နှက်ရာမှာပါတယ်လို့ စွပ်စွဲခံရသူတဦးဖြစ်တဲ့ ကိုသားကြီးခေါ် ကိုအောင်ကိုဦး နဲ့ ရဲမှူးကြီးတဦးရှေ့မှာ ၂ နာရီကျော်ကြာ မေးမြန်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒုတိယအတွင်းဝန် ဦးထွန်းအေး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တမြန်နေ့က ကိုမောင်မောင် နဲ့ တွေ့ဆုံဖို့ တောင်းဆိုချက်ကို ရဲက ပယ်ချခဲ့ပြီး မနေ့ကတော့အခင်းဖြစ်တဲ့ကျွန်းကို သွားရောက်ကြည့်ရှု့ပြီး မေးမြန်းစုံစမ်း မှတ်တမ်း ရယူခဲ့ ပါတယ်။

မနေ့ညနေက အခင်းဖြစ်ရာကျွန်းကနေ ကော့စမွီကို ပြန်ရောက်ပြီး ဒီနေ့ မနက်မှာ မူလ တွေ့ဆုံခွင့်တောင်းထားတဲ့ ကိုမောင်မောင်နဲ့ တွေ့ဆုံဖို့ ထိုင်းရဲဘက်က စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။

[Source: DVB -http://burmese.dvb.no/archives/67186]

Credit to Hmuu Zaw Facebook

No comments:

Post a Comment