Friday, October 24, 2014

ရခိုင်ပြဿနာ ၂၀၁၅ ရွေးကောက်ပွဲကာလတွင် ပိုမို ဆိုးရွားလာနိုင်ကြောင်း ICG ဖော်ပြ

ရခိုင်ပြဿနာမှာ ၂၀၁၅ ရွေးကောက်ပွဲကာလတွင် ပိုမိုဆိုး ရွားလာနိုင်ကြောင်း နိုင်ငံတကာပဋိပက္ခ စောင့်ကြည့်လေ့လာရေး အဖွဲ့ (ICG)အစီရင်ခံစာတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၂၂ ရက်စွဲ ဖြင့် ထုတ်ပြန်ခဲ့သော ICG အစီ ရင်ခံစာ၌ အလွန်အမင်းဖွံ့ဖြိုးမှု နိမ့်ကျနေသော ရခိုင်ပြည်နယ် တွင် အသိုင်းအဝိုင်းနှစ်ခုကြား ပဋိ ပက္ခများ၊ တင်းမာမှုများ သမိုင်း နှင့်ချီဖြစ်ပွားခဲ့ပြီး ၂၀၁၂ ခုနှစ် တွင်းပြဿနာများ ဆက်လက်ဖြစ် ပွားခဲ့ကြောင်းနှင့် ယင်းအခြေ အနေများမှာ ၂၀၁၅ ခုနှစ်နှောင်း ပိုင်းတွင်ပြုလုပ်မည့် ရွေးကောက် ပွဲကာလတွင် ပိုမိုမြင့်တက်လာ နိုင်ကြောင်းသုံးသပ်ထားသည်။



ထို့အပြင် ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များကို နိုင် ငံသားစိစစ်ရာတွင် ဘင်္ဂါလီအသုံး အနှုန်းကို အစ္စလာမ်ဘာသာဝင် များလက်မခံနိုင်မှု၊ ရိုဟင်ဂျာ အသုံးအနှုန်းကို အစိုးရနှင့်ရခိုင် တိုင်းရင်းသားများ ဘက်က လက် မခံနိုင်မှုတို့မှာ အကျပ်အတည်း ဖြစ်လာစေနိုင်ကြောင်း ICG က ပြောသည်။

ရခိုင်ပြဿနာဖြေရှင်းရာ တွင် ရခိုင်တိုင်းရင်းသားများ၏ စိုးရိမ်မှုများကို ပပျောက်စေရန် နည်းလမ်းများရှာဖွေရမည်ဖြစ် ပြီး မွတ်စလင်အသိုင်းအဝိုင်း၏ အခွင့်အရေးများကိုလည်း ကာ ကွယ်ပေးနိုင်ရန် လိုအပ်ကြောင်း ICG ကသုံးသပ်သည်။

ရခိုင်ပြည်နယ်ရှိ ယာယီ သက်သေခံကတ်ပြား (white card)ကိုင်ဆောင်ထားသူများ အနေဖြင့် ပြီးခဲ့သည့် ၂၀၁၀ ရွေး ကောက်ပွဲတွင် မဲပေးခွင့်၊ နိုင်ငံ ရေးပါတီတည်ထောင်ခွင့်များရရှိ ခဲ့သည်။ သို့သော် စက်တင်ဘာ ၃၀ ရက်ကအတည်ပြုပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင် သည့်ဥပဒေအရ ဝှိုက်ကတ်ကိုင် ဆောင်ထားသူများ မဲပေးခွင့်၊ ပါတီတည်ထောင်ခွင့် ရရှိတော့ မည်မဟုတ်ပေ။ ယင်းအချက်ကို အခြေခံ၍ ရခိုင်ပြဿနာမှာ လာ မည့်ရွေးကောက်ပွဲကာလတွင် ပိုမိုမြင့်မားလာနိုင်သည်ဟု ICG ကသုံးသပ်ထားခြင်းဖြစ်နိုင်ကြောင်း ရခိုင်အရေးစောင့်ကြည့်သူများ က ခန့်မှန်းပြောဆိုမှုများလည်း ရှိ သည်။

၂၀၁၂ ခုနှစ်အတွင်းက ရခိုင် ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိ ပက္ခများကြောင့် လူဦးရေ ၂၀၀ ခန့်သေ ဆုံးပြီး လူတစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

7 Day Daily

No comments:

Post a Comment