Monday, November 3, 2014

အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် အရပ်ဘက် အဖွဲ့အစည်းအချို့ ဆန္ဒထုတ်ဖော်မည်


 ယခုလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန်သမ္မတ အိုဘားမား၏ ခရီးစဉ်တွင် ရန်ကုန်မြို့တော် ခန်းမရှေ့၌ ဆန္ဒ ထုတ်ဖော် သွားမည် ဖြစ်ကြောင်း အရပ်ဘက် အဖွဲ့ အစည်း အချို့ထံမှ သတင်း ရရှိသည်။ အမေရိကန်သမ္မတ အပါအ၀င် နိုင်ငံတကာမှာ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းကို သိစေ ချင်တယ်။ အဓိကက လွှတ်တော်မှာ PR တင်သွင်းတဲ့ ကိစ္စရယ်၊ ၄၃၆ ပြင်ဖို့ရယ်၊ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ စလယ်ဆုံး ပြင်ဖို့ရယ် အဓိထား ဆန္ဒထုတ်ဖော် သွားမှာပါ ဟု ပြည်သူ့ လှုပ်ရှားမှု မြင့်တက်ရေး ကွန်ရက်မှ ကိုမြတ်ကျော်က ပြောသည်။ ဆန္ဒ ထုတ်ဖော်မည့် အချိန် တွင် အနည်းဆုံး အရပ်ဘက် အဖွဲ့ အစည်း (၁၀) ဖွဲ့ ခန့် ပါဝင် နိုင်အောင် ဖိတ်ကြား သွားမည် ဖြစ်ပြီး ဆန္ဒပြမည့် အစီအစဉ်ကို တိုင်ပင် ဆွေးနွေး၍ အသေးစိတ် ထုတ်ပြန် သွားမည် ဖြစ်ကြောင်း၊ ဆန္ဒ ထုတ်ဖော်ရာတွင် သက်ဆိုင်ရာ ရဲစခန်းသို့ ခွင့်ပြုမိန့် ရယူ သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။



                ယခုအခါတွင်  အရပ်ဘက် အဖွဲ့ အစည်း အချို့ စုပေါင်း၍ PR ကန့်ကွက်သည့် ဆန္ဒပြပွဲများကို မြို့နယ် အသီးသီး၌ ဆက်တိုက် ပြုလုပ်နေပြီး ယခုလ (၈) ရက်နေ့တွင်လည်း ဗိုလ်တထောင် မြို့နယ်တွင် PR စနစ်ကို ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ အိုဘားမား လာတဲ့ အချိန်မှာ  ဆန္ဒ ထုတ်ဖော်ဖို့ အစီအစဉ် လုပ်နေပါတယ်။ ဖွဲ့ စည်းပုံ ဥပဒေ အမြန်ဆုံး ပြင်ဖို့ရယ်၊ ၅၉ (စ) ကိုလည်း အဓိကပြင်ဖို့ ဆန္ဒ ထုတ်ဖော်မှာပါ ဟု ဒီမိုကရေစီ အင်အားစု အဖွဲ့ မှ ဦးဘမြင့်က ပြောသည်။ မြန်မာ နိုင်ငံသို့ အမေရိကန်သမ္မတ အိုဘားမား  လာရောက်မည့် ခရီးစဉ်သည် ဒုတိယ အကြိမ်မြောက် ဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလက ပထမအကြိမ် အဖြစ် လာရောက်ခဲ့ ဖူးသည်။

The Messenger News

No comments:

Post a Comment