Monday, November 3, 2014

စပါးဈေး ကျပ် သုံးသိန်းငါးသောင်းဖြင့် ဝယ်ယူပေးမည်ဖြစ်ပြီး ၎င်းဈေးထက် လျှော့မရောင်းရန် အသိပေး

Farmer-1
ရန်ကုန် (မဇ္ဈိမ)။ ။ ဧည့်မထ စပါး တင်း ၁၀၀ (တစ်တင်း ၄၆ ပေါင်) ကို ကျပ် ၃၅၀,၀၀၀ ဈေးနှုန်းဖြင့် ဝယ်ယူပေးမည်ဟု မြန်မာနိုင်ငံ
တောင်သူလယ်သမား အသင်းက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည်။တောင်သူလယ်သမားများသည် စိုထိုင်း ဆ ၁၈ ရာခိုင်နှုန်းရှိသော စပါး တင်း ၁၀၀ လျှင် ကျပ် ၃၅၀,၀၀၀ ဈေးအောက်သို့ ရောင်းချခြင်းမပြုရန် သတိပေးထားပြီး ၎င်းဈေးနှုန်း မရရှိပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်းနှင့် မြန်မာနိုင်ငံတောင်သူလယ်သမား အသင်းတို့ထံ ဆက်သွယ်ရောင်းချရန် အသိပေးထုတ်ပြန်ထားသည်။



ယခုနှစ် မိုးစပါးဈေး ကျဆင်းမည့်အခြေ အနေကို ကြိုတင်ကာကွယ်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော် အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီမှလည်း နိုင်ငံတော်အရန် ဆန်များကို တောင်သူများထံမှဝယ်ယူပေး မည်ဖြစ်သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာ့လယ်ယာစီးပွားအများပိုင်ကော်ပိုရေးရှင်းတို့က နယ်ကိုယ်စား လှယ်များထားရှိကာ စပါး ဝယ်ယူပေးမည်ဖြစ်ပြီး မြန်မာ့ရှေ့ဆောင်ဘဏ်မှလည်း သီးနှံအာမခံစနစ်ဖြင့် တောင်သူများ၊ စက်ပိုင်များနှင့် ဆန်ကုန် သည်များကို ငွေထုတ်ချေးပေးသွားရန် စီစဉ်ထားခြင်းဖြစ်သည်။

မိုးစပါး ဧက ၁၆ သန်းမှ စပါးများရိတ် သိမ်းမည်ဖြစ်ရာ မိုးစပါးဈေးကျဆင်းမည်ကို တောင်သူများက စိုးရိမ် နေပြီး စပါးဈေးမှာ ထုတ်လုပ်မှု ကုန်ကျစရိတ်အောက်သို့ ရောက်ရှိသွားပါက တောင်သူများ၏ လူမှုစီးပွား ရေးကို များစွာထိခိုက်နိုင်သည့်အတွက် စပါးဈေး မကျဆင်းစေရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

သို့ဖြစ်ရာ တောင်သူများသည် မိုးစပါးများကို အချိန်မီ စနစ်တကျ ရိတ်သိမ်းပြီး အမိုးအကာအောက် သိုလှောင်ရုံသို့ လုံခြုံစွာရောက် ရှိအောင် ဆောင်ရွက်ထားရန် မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းက အကြံ ပြုထားသည်။

ပြီးခဲ့သည့်နှစ် မိုးစပါးပေါ်ချိန်၌ ဧည့်မထ စပါးဈေး တင်း ၁၀၀ ပေါက်ဈေးမှာ အနည်းဆုံး ကျပ်လေးသိန်းရှိ သော်လည်း လက်ရှိအချိန်၌ စပါးဈေးမှာ ကျပ်သုံးသိန်းခွဲဝန်း ကျင်ဈေးရှိနေပြီး အချို့ဒေသများတွင် စပါး ဈေးမှာ ကျပ်သုံးသိန်းခွဲအောက်သို့ စတင်ကျဆင်းလျက် ရှိနေသည်ဟု ဆန်စပါးလုပ်ငန်းအသိုင်းအ၀ိုင်းက ဆိုသည်။

ယခုနှစ်ကုန်ပိုင်းနှင့် လာမည့်နှစ်ဆန်းပိုင်းတို့တွင် ဧည့်မထဆန် တန်ချိန်နှစ်သိန်းကို တရုတ်နိုင်ငံသို့ တရားဝင် စတင်တင်ပို့ ရောင်းချနိုင် မည်ဖြစ်ရာ တောင်သူများအနေဖြင့် ရိတ်သိမ်းပြီးစပါးများကို အလျင်စလို ဈေးနှိမ်ခံရောင်းရန် မလိုအပ်ဘဲ ဈေးကောင်းရနိုင်ချေရှိသည့်အထိ စနစ်တကျပြင်ဆင်ပြီးမှ ရောင်းချသင့် သည်ဟု ဆန်စပါးလုပ်ငန်းရှင်များက အကြုံပြု ဆွေးနွေးထားသည်။

Mizzima

No comments:

Post a Comment