Friday, November 7, 2014

တင်းမာမှုများမဖြစ်စေရေး ပဋိပက္ခညှိနှိုင်းရေးအဖွဲ့သို့ ဦးစွာအကြောင်းကြားရန် နှစ်ဖက်သဘောတူ

နှစ်ဖက်တင်းမာမှု များမဖြစ်စေရန် အောက်ခြေရှိ အစိုးရနှင့် ကေအိုင်အေအောက် ခြေတပ်များအချင်းချင်း ထုတ်ပြန် မှုများမပြုလုပ်ဘဲ ပဋိပက္ခညှိနှိုင်း ရေးအဖွဲ့သို့ ပထမဆုံးအကြောင်း ကြားရန် နှစ်ဖက် သဘောတူ ခဲ့ကြောင်း သတင်းရရှိသည်။

မြစ်ကြီးနားမြို့တွင် နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သည့် (၈) ကြိမ် မြောက် ပဋိပက္ခဖြေရှင်းရေးအဖွဲ့ တွေ့ဆုံပွဲ၌ ဆွေးနွေး သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

‘‘အောက်ခြေချင်းစာပို့တာ တွေ တစ်ခုခုလုပ်မယ်ဆိုရင် ပဋိ ပက္ခဖြေရှင်းရေးအဖွဲ့ကို အရင်အ ကြောင်းကြားဖို့ ဆွေးနွေးခဲ့ကြ တယ်။ အရင်က အောက်ခြေမှာ ဖြစ်ပြီးမှ ဒီအဖွဲ့ကို ရောက်လာ တယ်ဆိုတော့ နောက်ကျတာတွေ ရှိတယ်’’ဟု ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့ (PCG) မှ ဦးအင်ရှန်ဆန်အောင်က ပြောသည်။

ပြီးခဲ့သည့်လက ဖားကန့် ဒေသတွင် ကေအိုင်အေတပ်ရင်း (၆) ကို ဖယ်ရှားရန် ဖိအားပေးခဲ့ပြီး နောက်နှစ်ဖက်တင်းမာမှုများရှိ ခဲ့ကာ ကေအိုင်အေတပ်မဟာ (၃) တွင်လည်း လက်နက်ကြီးများ ပစ် ခတ်မှုဖြစ်ပွားခဲ့သဖြင့် တွေ့ဆုံပွဲ ၌ ယင်းကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ကေအိုင်အေ ဒုဗိုလ်မှူးကြီး နော်ဘူကပြောသည်။

မြစ်ကြီးနား ဆွမ်ပရာဘွမ် သွား စက်လှေများကို အစိုးရ တပ်များက တားဆီးမှုများရှိခဲ့ ပြီး တနိုင်းမြို့မှ ကေအိုင်အေတပ် မဟာ (၂) ရှိရာ အောင်လောဒ်သွားကားလမ်းကိုလည်း ပိတ်ပင်ထားသဖြင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အစိုးရဘက်က ဖားကန့်ဒေသတွင် ၎င်းတို့အနေဖြင့် ဖယ်ရှားခိုင်းခဲ့ခြင်းမရှိကြောင်းနှင့် လမ်းကြောင်းများ ပိတ်ပင်ခိုင်းသည်များကို ညွှန်ကြားထားခြင်းမရှိသဖြင့် အောက်ခြေတွင် ယင်းကိစ္စများ စုံစမ်းသွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။

စစ်ဘေးဒုက္ခသည်များ နေ ရပ်ပြန်ရေးကိုလည်း နှစ်ဖက်အဖွဲ့ သဘောတူထားသည့်အတိုင်း နှစ် ဖက်ဆွေးနွေးပြီးမှသာ ပြောင်းရွှေ့ရန် ဆွေးနွေးခဲ့ကြကြောင်း ဦးအင်ရှန် ဆန်အောင်က ပြောကြားသည်။

7Day Daily

No comments:

Post a Comment