Friday, November 7, 2014

အာဆီယံထိပ်သီးအစည်းအဝေးတက်မည့် နိုင်ငံ့ခေါင်းဆောင် ၁၈ ဦး လုံခြုံရေး ရဲမှူးကြီး ၁၈ ဦး တာဝန်ယူမည်

Photo: အာဆီယံထိပ်သီးအစည်းအဝေးတက်မည့် နိုင်ငံ့ခေါင်းဆောင် ၁၈ ဦး လုံခြုံရေး ရဲမှူးကြီး ၁၈ ဦး တာဝန်ယူမည်
Friday, November 7, 2014

အာဆီယံထိပ်သီးအ စည်းအဝေးတက်ရောက်မည့် နိုင်ငံ့ခေါင်းဆောင် ၁၈ ဦး၏ လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး ၁၈ ဦးက တစ်ဦးချင်း တာဝန်ယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက် အထိ နေပြည်တော်တွင် ကျင်းပ မည့် အာဆီယံထိပ်သီးအစည်း အဝေးသို့ ဥရောပနှင့် အာရှမှ အင် အားကြီး ရှစ်နိုင်ငံဖြစ်သည့် အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံတို့မှ ခေါင်း ဆောင်များ တက်ရောက်မည် ဖြစ်သည်။ ထို့ပြင် အာဆီယံနိုင်ငံ ၁၀နိုင်ငံခေါင်းဆောင်များပါ တက်ရောက်မည် ဖြစ်၍ စုစုပေါင်း ထိပ် သီးခေါင်းဆောင် ၁၈ ဦးအတွက် လုံခြုံရေးကို ရဲမှူးကြီး ၁၈ ဦးအား ရဲချုပ်က တာဝန်ပေးခဲ့ခြင်း ဖြစ် ကြောင်း သတင်းရရှိသည်။ ထိပ် သီးအစည်းအဝေးသို့ တက်ရောက် မည့် နိုင်ငံတကာခေါင်းဆောင် များတွင် ၎င်းတို့၏ လုံခြုံရေးအဖွဲ့ များလည်း ပါရှိလာမည် ဖြစ်သည်။‘‘သူတို့တွေ အဓိကသွားမယ့် လေဆိပ်၊ MICC ခန်းမနဲ့ ဟိုတယ် တွေမှာ ကျွန်တော်တို့က ရဲအင် အားအပြည့်နဲ့ လုံခြုံရေးစောင့် မယ်။ နိုင်ငံ့ခေါင်းဆောင်တစ် ယောက်ကို ကျွန်တော်တို့က တစ် ယောက်ချင်း လုံခြုံရေးယူသွား မယ်’’ဟု အာရှနိုင်ငံတစ်ခုမှ ခေါင်းဆောင်တစ်ဦးကို လုံခြုံရေးယူပေး မည့် ရဲမှူးကြီးတစ်ဦးက ပြော သည်။ အမေရိကန်သမ္မတ အိုဘား မား၏ လုံခြုံရေးကို ငွေကြေးခ၀ါချ မှု တိုက်ဖျက်ရေးအဖွဲ့မှ ရဲမှူးကြီး ကျော်ဝင်းသိန်း တာဝန်ယူရမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အာဆီယံထိပ်သီးအစည်း အဝေးသို့ တက်ရောက်မည့် နိုင်ငံခေါင်းဆောင်များ တည်းခိုရန် မူလက နေပြည်တော်ရှိ ဟိုတယ် ၁၁ လုံးတွင် စီစဉ်ထားခဲ့သော်လည်း လိုအပ်ချက်အရ နောက်ထပ် ဟိုတယ်ခုနစ်လုံးကို ပြည်ထဲရေးဝန်ကြီးဌာနက ထပ်မံငှားရမ်းခဲ့ကြောင်း သတင်းရရှိသည်။ ထို့ကြောင့် လုံခြုံရေးရဲအင်အားလည်း ထပ်မံတိုးခဲ့ရကြောင်း သတင်းရရှိသည်

အာဆီယံထိပ်သီးအစည်းအဝေး လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ − MOI)
7Day Daily
အာဆီယံထိပ်သီးအ စည်းအဝေးတက်ရောက်မည့် နိုင်ငံ့ခေါင်းဆောင် ၁၈ ဦး၏ လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး ၁၈ ဦးက တစ်ဦးချင်း တာဝန်ယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက် အထိ နေပြည်တော်တွင် ကျင်းပ မည့် အာဆီယံထိပ်သီးအစည်း အဝေးသို့ ဥရောပနှင့် အာရှမှ အင် အားကြီး ရှစ်နိုင်ငံဖြစ်သည့် အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံတို့မှ ခေါင်း ဆောင်များ တက်ရောက်မည် ဖြစ်သည်။ ထို့ပြင်
အာဆီယံနိုင်ငံ ၁၀နိုင်ငံခေါင်းဆောင်များပါ တက်ရောက်မည် ဖြစ်၍ စုစုပေါင်း ထိပ် သီးခေါင်းဆောင် ၁၈ ဦးအတွက် လုံခြုံရေးကို ရဲမှူးကြီး ၁၈ ဦးအား ရဲချုပ်က တာဝန်ပေးခဲ့ခြင်း ဖြစ် ကြောင်း သတင်းရရှိသည်။ ထိပ် သီးအစည်းအဝေးသို့ တက်ရောက် မည့် နိုင်ငံတကာခေါင်းဆောင် များတွင် ၎င်းတို့၏ လုံခြုံရေးအဖွဲ့ များလည်း ပါရှိလာမည် ဖြစ်သည်။‘‘သူတို့တွေ အဓိကသွားမယ့် လေဆိပ်၊ MICC ခန်းမနဲ့ ဟိုတယ် တွေမှာ ကျွန်တော်တို့က ရဲအင် အားအပြည့်နဲ့ လုံခြုံရေးစောင့် မယ်။ နိုင်ငံ့ခေါင်းဆောင်တစ် ယောက်ကို ကျွန်တော်တို့က တစ် ယောက်ချင်း လုံခြုံရေးယူသွား မယ်’’ဟု အာရှနိုင်ငံတစ်ခုမှ ခေါင်းဆောင်တစ်ဦးကို လုံခြုံရေးယူပေး မည့် ရဲမှူးကြီးတစ်ဦးက ပြော သည်။ အမေရိကန်သမ္မတ အိုဘား မား၏ လုံခြုံရေးကို ငွေကြေးခ၀ါချ မှု တိုက်ဖျက်ရေးအဖွဲ့မှ ရဲမှူးကြီး ကျော်ဝင်းသိန်း တာဝန်ယူရမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အာဆီယံထိပ်သီးအစည်း အဝေးသို့ တက်ရောက်မည့် နိုင်ငံခေါင်းဆောင်များ တည်းခိုရန် မူလက နေပြည်တော်ရှိ ဟိုတယ် ၁၁ လုံးတွင် စီစဉ်ထားခဲ့သော်လည်း လိုအပ်ချက်အရ နောက်ထပ် ဟိုတယ်ခုနစ်လုံးကို ပြည်ထဲရေးဝန်ကြီးဌာနက ထပ်မံငှားရမ်းခဲ့ကြောင်း သတင်းရရှိသည်။ ထို့ကြောင့် လုံခြုံရေးရဲအင်အားလည်း ထပ်မံတိုးခဲ့ရကြောင်း သတင်းရရှိသည်

အာဆီယံထိပ်သီးအစည်းအဝေး လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ − MOI)
7Day Daily

No comments:

Post a Comment