Wednesday, November 19, 2014

တရားခံပြေး လူဝတ်ကြောင်ဘုန်းတော်ကြီးကို ထိုင်းသို့ပြန်လွှဲပေးရန် အထူးစုံစမ်းစစ်ဆေးရေးဋ္ဌာန အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်

ထိုင်း အထူးစုံစမ်းရေးဌာန (DSI) သည် တရာခံပြေး လူဝတ်ကြောင်ဘုန်းတော်ကြီး လျောင်ပုနန်ခမ်ကို ထိုင်းနိုင်ငံတွင် တရား ရင်ဆိုင်ရေးအတွက် နိုင်ငံအတွင်းသို့ ပြန်လည်ခေါ်ယူရန် အမေရိကန်ပြည်ထောင်စုနှင့် ပူပေါင်းလုပ်ဆောင်သွားမည် ဖြစ်သည်။အသက်၃၅နှစ်အရွယ် ၀ီရာပိုလ် ဆက်ခ်ဖိုလ်အမည်ရှိ လျောင်ပုနန်ခမ်သည် အမေရိကန်တွင် ပုန်းအောင်နေသည်ဟုယူဆရသည်။ SI ၏ အမျိုးသားလုံခြုံရေး ဗျူရိုမှ တပ်မှူး ဒုတိယဗိုလ်မှူးကြီး ဖျောင်-အင် အင်ထရာခေါက်က ၀ီရာပိုလ်ကို တရားမမှုနှင့်ရာဇ၀တ်မှုအပါအ၀င် စွဲချက်ငါးချက် တင်ရန်အတွက် အမှုဆိုင်ရာအချက်အလက်များကိုပြင်ဆင်ပေးရန် ရာဇ၀တ်မှုနှိမ်နှင်းရေးဌာနကို နိုဝင်ဘာ ၁၇ ရက်က တောင်းဆိုခဲ့သည်။

ဝီရာပိုလ်သည် ငွေကြေးခဝါချခြင်း၊ သဘာဝလွန်စွမ်းအင်များ ပိုင်ဆိုင်သည်ဆိုကာ အတုယောင်များ ပြုလုပ်ကာပြည်သူများအား လိမ်ညာခြင်း အပါအဝင်တရားမမှုနှစ်မှု ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့အပြင် အသက်မပြည့်သူနှင့် လိင်ဆက်ဆံမှု၊ ကလေးငယ်တစ်ဦးကို ပြန်ပေးဆွဲမှုနှင့် လိမ်ညာသော သတင်းအချက်အလက်များကို တင်ခြင်းဖြင့် ထိုင်းနိုင်ငံ၏ ကွန်ပျူတာ ရာဇဝတ်မှု အက်ဥပဒေကို ချိုးဖောက်မှုအတွက်လည်း ရင်ဆိုင်ရမည်ဖြစ်သည်။ အဆိုပါ စွဲချက်များကြောင့် ၎င်းအား ဆရာတော်ကြီးများက မျက်ကွယ်တွင် ၎င်းအား လူဝတ်လဲပေးခဲ့ခြင်း ဖြစ်သည်။ DSI သည် ၀ီရာပိုလ်အား လူသေမှု၊ မမှန်မကန် ကြော်ငြာခြင်းများ၊ အခွန်ရှောင်တိမ်းမှု၊ မူးယစ်ဆေး သုံးစွဲမှု၊ ပါရဂူဘွဲ့ အတုပြုလုပ် မှုနှင့် ငွေကြေးခ၀ါချခြင်း အပါအဝင်များပြားလှသော စွဲချက်များဖြင့် အမှုဖွင့်ခဲ့သည်။

ဝီရာပိုလ်သည် အဝါရောင် သင်္ဃန်းကို ဝတ်ဆင်လျက် ၎င်း၏ နောက်လိုက်များနှင့် ထိုင်း ဗုဒ္ဓဘာသာဝင်များ အကြားဘုန်းကြီး တစ်ပါးကဲ့ သို့ ပြုမှုနေထိုင်ခဲ့သည့် ဓာတ်ပုံကိုမကြာသေးမီက အွန်လိုင်းတွင် တွေ့ရှိခဲ့ပြီးနောက် အမေရိကန် အာဏာပိုင်များနှင့် ပူးပေါင်းလုပ်ဆောင်ရန် DSI ကဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း ဖြစ်သည်။အဆိုပါဓာတ်ပုံကို ပြီးခဲ့သည့် သီတင်းပတ်က ဝက်ဆိုက်ဘ် တစ်ခုတွင်တင်ခဲ့ရာမှ အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်။ ဝီရာပိုလ်သည် အမေရိကတွင် နေထိုင်လျက်ရှိကြောင်း ယင်းဝက်ဆိုက်ဘ် က ပြောကြားသည်။

ဝီရာပိုလ်၏နိုင်ငံကူးလက်မှတ်ကိုဖျက်သိမ်းခဲ့သော်လည်း ၎င်းသည် အမေရိကန်ပြည်ထောင်စုတွင် ဘာကြောင့်ဆက်လက်နေထိုင်နေသည်ကို မသိရှိကြောင်း ရဲတပ်ဖွဲ့ဒုတိယဗိုလ်မှူးကြီးဖျောင်-အင်ကပြောကြားသည်။ဝီရာပိုလ်သည် ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံအတွင်းမှထွက်ပြေးခဲ့ပြီး အမေရိကန် ပြည်ထောင်စုတွင် နေထိုင်ခဲ့ကြောင်းနှင့် ပြင်သစ်နိုင်ငံတွင်လည်း ဒုက္ခသည်တစ်ဦးအဖြစ် ခဏကြာမျှနေထိုင်ခဲ့ဖူးသည်။

လျောင်ပုနန်ခမ်သည် အဆင့်မြင့်သီးသန့်လေယာဉ်ဖြင့်ခရီးသွားသည့် ဗွီဒီယိုခွေထွက်ပေါ်ခဲ့ပြီးနောက် ၎င်းသည် မီဒီယာများ၏ အာရုံစူးစိုက်မှုကို အများအပြားရရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်ဇူလိုင်လက DSIအကြီးအကဲဟောင်းက ၎င်းအားတရားခွင် တင်နိုင်ရန် နိုင်ငံပိုင်အေဂျင်စီငါးမှ ကိုယ်စားလှယ်များကိုတောင်းဆိုခဲ့သည်။ လျောင်ပုနန်ခမ်သည် ဇိမ်ခံကား ၁၀၀ ကျော်နှင့် မြေဧက အများအပြားကို ပိုင်ဆိုင်သူ တစ်ဦး ဖြစ်သည်။

Mizzima

No comments:

Post a Comment