Tuesday, November 4, 2014

မြန်မာ-ရုရှား တပ်မတော်နှစ်ရပ်ကြား စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေး

Photo: မြန်မာ-ရုရှား တပ်မတော်နှစ်ရပ်ကြား စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေး
Tuesday, November 4, 2014

 နှစ်ပေါင်းခြောက်ဆယ် အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦး၏   ပထမဆုံး ဥရောပခရီးစဉ်အဖြစ်     ဘီလာ ရုစ်သမ္မတနိုင်ငံခရီးစဉ်စတင်ခဲ့ သော ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ရုရှားနိုင်ငံတွင် ခရီးတစ်ထောက်နားစဉ် ရုရှား-မြန်မာစစ် ဘက်နည်းပညာပူးပေါင်းဆောင် ရွက်ရေးပူးတွဲကော်မရှင် ဥက္ကဋ္ဌ မစ္စတာအလက်ဇန်းဒါးဖိုမင်နှင့် တပ် မတော်နှစ်ရပ်ကြား စစ်ဘက်နည်း ပညာပူးပေါင်းဆောင်ရွက်မှုတိုး မြှင့်ရေး ဆွေးနွေးခဲ့ကြောင်း သ တင်းရရှိသည်။

ဘီလာရုစ် သမ္မတနိုင်ငံသို့ နိုဝင်ဘာ ၁ ရက်တွင်    ရန်ကုန်မှ ထွက်ခွာခဲ့သော   ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် နိုဝင်ဘာ ၂ ရက်က   ရုရှားနိုင်ငံတွင်   ခရီးတစ် ထောက်နားစဉ် ယင်းသို့တွေ့ဆုံ ခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာက သ တင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည်    ဘီလာရုစ်သမ္မတနိုင်ငံခရီးစဉ်အတွင်း ဘီ လာရုစ် သမ္မတနိုင်ငံအစိုးရအဖွဲ့ မှ တာဝန်ရှိသူများ၊ တပ်မတော် ပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ် ရပ်အကြား အကျိုးတူကိစ္စရပ်များဆွေးနွေးခြင်း၊ ယဉ်ကျေးမှုဆိုင်ရာများကို လေ့လာမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘ဥရောပနိုင်ငံတွေဘက်ကို သွားတာ ဒါပထမဆုံးပဲ။ ဘာပဲဖြစ်ဖြစ် တပ်မတော်ခေါင်းဆောင်ပိုင်း အနေနဲ့ အခုလို ပြည်ပခရီးစဉ်တွေကို သွားလာတာဟာ နိုင်ငံတကာ ဆက်ဆံရေးကို စိတ်ဝင်စားမြှင့် တင်ရာလည်း ရောက်တာပေါ့။ အခုခရီးစဉ်ကတော့ လေ့လာရေး ပါ။ လေးငါးရက်ပဲ ကြာမယ်။ ဒါက ဥရောပခရီးစဉ်ဆိုတော့ကြားမှာ လေယာဉ်စီးတာ ဘာညာကပဲ တစ်ရက်ခွဲလောက်ကုန်သွားတာ ကိုး’’ဟု တပ်မတော်အရာရှိကြီး တစ်ဦးက ပြောကြားသည်။

ကာကွယ်ရေးဦးစီးချုပ်သည် ရုရှားတွင် ခရီးတစ်ထောက်နားစဉ် ရုရှားတွင် စစ်ပညာသင်ကြားနေ သည့် ပညာတော်သင်စစ်ဗိုလ်များ အား မြန်မာ့ရိုးရာစားသောက်ကုန် များကို တကူးတကသယ်ယူကျွေး မွေးခဲ့သည့်အတွက် ကာကွယ်ရေးဦးစီးချုပ်ကို ကျေးဇူးတင်ကြောင်း ရုရှားရောက် စစ်ဗိုလ်ကျောင်း သားတစ်ဦးက ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။ ကာချုပ်သည် ယခင်တစ်ခေါက် ရုရှားခရီးစဉ်တွင်လည်း ယင်းသို့ ဒေသထွက်စားသောက်ကုန်များ ကို ပညာတော်သင်ကျောင်းသား များအတွက် ပေးအပ်ခဲ့ဖူးသည်။

နိုဝင်ဘာ ၁ ရက်နေ့ ညပိုင်း (ဘီလာရုစ်ဒေသစံတော်ချိန်) တွင် ဘီလာရုစ်သမ္မတနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဒုတိယကာကွယ် ရေးဝန်ကြီး Major General Lotenkov ၊ နိုင်ငံတော်ကာကွယ် ရေးနှင့် စက်မှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ Mr. Bykor Lgor ၊ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူး ချုပ် Mr. Andrey Grenkivich နှင့်မြန်မာနိုင်ငံဆိုင်ရာ ဘီလာရုစ် နိုင်ငံဂုဏ်ထူးဆောင် ကောင်စစ် ၀န် ဒေါက်တာ အောင်မိုးမြင့်တို့ က ကြိုဆိုနှုတ်ဆက်ကြောင်း ကာ ကွယ်ရေးဦးစီးချုပ်၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာက ဖော်ပြသည်။

ယခင်က တပ်မတော်ကာ ချုပ်အပါအ၀င် ကြည်းရေလေတပ်မတော်ထိပ်ပိုင်းခေါင်း ဆောင်များအနေဖြင့် အဓိကဆက်ဆံဖက်အဖြစ် တရုတ်နိုင်ငံ၏ စစ်ရေးနည်းပညာနှင့် ဆက်ဆံရေးသာရှိခဲ့ရာမှ ယခုကာကွယ်ရေးဦးစီးချုပ် ခရီး စဉ်မတိုင်မီကလည်း ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ပြုလုပ်ခဲ့သည့် အ ပြည်ပြည်ဆိုင်ရာ ရေတပ်စက်ကိ ရိယာပစ္စည်းနှင့် နည်းပညာပြပွဲသို့ မြန်မာ့ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး သူရသက်ဆွေနှင့် ကိုယ်စား လှယ်အဖွဲ့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ကြသည်။

‘‘အရင်က တရုတ်ပစ္စည်း လောက်ပဲ လေ့လာခွင့်ရခဲ့တယ်။ ဥရောပဆိုတာကတော့ စက်မှု ထွန်းကားတဲ့ နိုင်ငံတွေဆိုတော့ သူတို့နည်းပညာတွေက အဆင့် မြင့်တယ်။ ဘာပဲဖြစ်ဖြစ် ရေတပ် ဆိုတာ နည်းပညာက အသက်ပဲ။ ဒါတွေ တပ်မတော်အကြီးအကဲ တွေ လေ့လာခွင့်ရတာလည်း ကောင်းတဲ့လက္ခဏာပါ’’ဟု အဆို ပါ တပ်မတော်အရာရှိကြီးက ပြောကြားသည်။

အီးယူကသာ မြန်မာ့တပ်မ တော်အပေါ် အမြင်ကြည်လာ၍ နောင်တွင် ဥရောပနှင့်အမေရိ ကန်မှ နည်းပညာအကူအညီများ ပိုမိုရရှိလာမည်ဟု တပ်မတော်မှ ဗိုလ်မှူးကြီးတစ်ဦးကပြောသည်။

7Day DAILY 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှား-မြန်မာစစ်ဘက်နည်းပညာ ပူးပေါင်းဆောင် ရွက်ရေး ပူးတွဲကော်မရှင်ဥက္ကဋ္ဌ မစ္စတာအလက်ဇန်းဒါးဖိုမင်နှင့်တွေ့ဆုံစဉ် (ဓာတ်ပုံ− Senior General Min Aung Hlaing' FB)

No comments:

Post a Comment