Tuesday, November 4, 2014

ဖယ်ရှားခံရမည့် စစ်ကိုင်း-မန္တလေးလမ်းပေါ်ရှိ နေအိမ်ကိုးလုံးတွင် ဆက်လက်နေခွင့်ပြုရန် အသနားခံ

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက  စစ် ကိုင်း-မန္တလေးလမ်းမပေါ်ရှိ ကျူးကျော်   အဆောက်အအုံများ အနက် နေအိမ်ကိုးလုံးကို ဖယ်ရှား ခိုင်းသည့်အပေါ် သက်ညှာပေးရန် နှင့် ဆက်လက်နေထိုင်ခွင့်ပြုရန် နိုင်ငံတော်သမ္မတထံ အသနားခံ တင်ပြထားကြောင်း သတင်းရရှိ သည်။

မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် ကျွန်းလုံးဥသျှောင်ရပ် ကွက် အကွက်အမှတ်(၄၀၈)နှင့် (၅၁၀) တို့တွင် ဆောက်လုပ်ထား သော နေအိမ် ကိုးလုံးသည် စစ် ကိုင်း-မန္တလေးလမ်းမြေပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသ ဖြင့် ဖယ်ရှားပေးရန် မဖယ်ရှားပါ က ဥပဒေအရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ   အင် အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီက ညွှန်ကြားထား သည်။



ကျူးကျော်ဟု သတ်မှတ်ခံ ရသော်လည်း နေထိုင်လာသည် မှာ နှစ်(၁၀၀)ခန့်ရှိပြီဖြစ်သည့်အ တွက် သက်ညှာပေးရန်နှင့် ဆက် လက်နေထိုင်ခွင့်ပြုရန် နိုဝင်ဘာ ၃ ရက်တွင် နိုင်ငံတော်သမ္မတထံ အသနားခံစာတင်ပြထားကြောင်း နေအိမ်အဖျက်ခံရမည့်သူများက ပြောသည်။

‘‘ကျွန်တော့်အိမ်က လမ်းနဲ့ လည်း လွတ်ပါတယ်။ ရေမြောင်း နဲ့လည်း လွတ်ပါတယ်။ နေလာ တာလည်း နှစ်တစ်ရာလောက်ရှိ ပါပြီ။ ကျွန်တော့်မိဘတွေလက် ထက်ကစပြီး နေခဲ့တာပါ။ ကျွန် တော်လည်း ဒီအိမ်မှာ မွေးပြီး ကျွန်တော့်မိသားစုလည်း ဒီအိမ် မှာနေတာပါ။ ဒီအိမ်ကို ဖျက်လိုက်ရရင် ကျွန်တော်တို့ ဘယ်သွား နေရမလဲ။ ကျွန်တော်တို့ကို သက် ညှာပေးပါ’’ဟု ကျူးကျော်အိမ် ၉ လုံးတွင်ပါဝင်သည့် ဦးမောင် မောင်လေးကပြောသည်။

လမ်းမပေါ် ကျူးကျော်နေ ထိုင်သူများစွာရှိပြီး နေအိမ်ကိုးလုံး ကို ကွက်၍ ဖယ်ရှားခိုင်းခြင်းမှာ  ဦးမောင်မောင်လေးနေအိမ်၏ နောက်ကျောဘက်ရှိ ကျောက် မျက်လုပ်ငန်းရှင်တစ်ဦးပိုင် မြေကွက်နှင့် ပတ်သက်မှုရှိနိုင်ကြောင်း ဒေသခံများက ပြောကြားသည်။

ထိုကျောက်မျက်လုပ်ငန်း ရှင်က ၎င်း၏ မြေကွက်ကို ဈေး ကောင်းရရှိရန်အတွက် နေအိမ် မျက်နှာစာရှေ့ရှိ ကျူးကျော်သူ များကို စည်ပင်သာယာအား ဖိ အားပေး   ဖျက်ခိုင်းခြင်းဖြစ်နိုင် သည်ဟု ဒေသခံများထင်ကြေး ပေးပြောဆိုကြသည်။

 မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီအတွင်း ရေးမှူး ဦးခင်မောင်တင်က ထိုကိစ္စကို ငြင်းဆိုပြီး လမ်းမြေပေါ်တွင် ကျူးကျော်နေထိုင်သူများဖြစ်၍ ဖယ်ရှားခိုင်းခြင်းသာဖြစ်သည်ဟု ပြောသည်။ မန္တလေးမြို့ရှိ အခြား ကျူးကျော်အဆောက်အအုံများ ကိုလည်း အဆင့်လိုက်ဆက်လက် ဖယ်ရှားသွားမည်ဟု ဆိုသည်။

‘‘မဟုတ်ဘူး၊ မဟုတ်ဘူး။ ဒီမှာမြေပုံပြပြီးပြီလေ။ ဒီမှာက ဦးပိုင်တွေ၊ ဂရန်ရထားတာတွေ။ သဘောက ဒီဂရန်ရထားတဲ အိမ် နှစ်အိမ်ရှေ့မှာ ပိတ်ပြီးတော့ ကျူး ဆောက်တာ။ ခင်ဗျားစဉ်းစား ကြည့်၊ ဒီအိမ်နှစ်အိမ် ခင်ဗျားအိမ် ဖြစ်မယ်ဆိုရင် ဘယ်လိုခံစားရမ လဲ’’ဟု ကျောက်မျက်ကုမ္ပဏီ ကြောင့် နေရာကွက် ဖယ်ရှားခိုင်း ခြင်းလားဟု မေးမြန်းမှုအပေါ် အ တွင်းရေးမှူး ဦးခင်မောင်တင်က မြေပုံကိုင်ကာ ပြန်လည်ဖြေကြား သည်။

နေအိမ် ကိုးလုံးဖယ်ရှားခိုင်း သည့်ကိစ္စနှင့် ပတ်သက်၍ နိုဝင်  ဘာ ၃ ရက်က မန္တလေးမြို့ချမ်းမြ သာစည်မြို့နယ်ရုံးတွင် စည်ပင် သာယာတာဝန်ရှိသူများ၊ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ကျူးကျော် နေထိုင်သည့် မိသားဝင်များအချိန် တစ်နာရီကျော်ကြာ တွေ့ဆုံညှိ နှိုင်းခဲ့သော်လည်း ပြေလည်မှုမရခဲ့ ဘဲ စည်ပင်နှင့် ဒေသခံများကြား တင်းမာလျက်ရှိသည်။

7 Day Daily

No comments:

Post a Comment