Friday, November 21, 2014

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ယူ ၂၀ ကစားသမားစာရင်း ထုတ်ပြန်

နယူးဇီလန်နိုင်ငံမှာ ကျင်းပမယ့် ဖီဖာကမ္ဘာ့ဖလား ယူ ၂၀ ပြိုင်ပွဲအတွက် ပဏာမ မြန်မာ့ လက်ရွေးစင် ယူ ၂၀ ကစားသမားစာရင်းကို နည်းပြအဖွဲ့က နိုဝင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဂိုး- မျိုးမင်းလတ် (ဇေယျာရွှေမြေ)၊ ပြည့်စုံချစ် (ရတနာပုံ လူငယ်)၊ ဝေလင်းအောင် (ရန်ကုန် လူငယ်)

နောက်တန်း – ထိုက်ထိုက်အောင် (ဧရာဝတီ)၊ နန်းဝေမင်း (ရန်ကုန်လူငယ်)၊ နိုင်လင်းထွန်း (မနောမြေ)၊ နန္ဒကျော် (မကွေး)၊ သီဟထက်အောင် (ဇေယျာရွှေမြေ)၊ ညီညီလွင် (KBZ)၊ ရဲရင့်အောင် (မြန်မာ ဘောလုံးအကယ်ဒမီ၊ မန္တလေး)အလယ်တန်း – ရဲဝင်းလှိုင် (ရန်ကုန် လူငယ်)၊ စွမ်းထက်အောင် (ရန်ကုန်)၊ ငြိမ်းချမ်းအောင် (ရန်ကုန်ယူနိုက်တက်)၊ ကျော်မင်းဦး (ဧရာဝတီ)၊ အောင်သူ (ရတနာပုံ)၊ ကျော်ဇင်ဦး (နေပြည်တော် လူငယ်)၊ မျိုးကိုထွန်း (ရတနာပုံလူငယ်)၊ ရန်နိုင်ဦး (ဇေယျာရွှေမြေ)၊ မောင်မောင်ဝင်း (မကွေးလူငယ်)

ရှေ့တန်း – သန်းပိုင် (ရန်ကုန် လူငယ်)၊ မောင်မောင်စိုး (မကွေး)၊ ဝေယံထိုက် (မြ၀တီ အက်ဖ်စီ လူငယ်)၊ အောင်ကောင်းမာန် (ဧရာဝတီ လူငယ်)၊ မောင်မောင်လွင် (ဟံသာဝတီ) တို့ ဖြစ်ပါတယ်။

အဲဒီကစားသမားတွေကို နိုဝင်ဘာ ၁၇ ရက်နေ့ကစပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာက မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ အာရှ ယူ ၁၉ ပြိုင်ပွဲမှာ မြန်မာလူငယ်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့လို့ အခုလို ကမ္ဘာ့ဖလား ၀င်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment