Wednesday, November 19, 2014

ကိုယ်ပိုင်ဂြိုဟ်တု မြန်မာက လွှတ်တင်နိုင်အောင် ကြိုးပမ်းမယ်ဟုဆို

မြန်မာနိုင်ငံဟာ လက်ရှိမှာ တခြားနိုင်ငံက ဂြိုဟ်တုတွေကို ငှားရမ်း အသုံးပြုနေရပြီး ကိုယ်ပိုင် ဂြိုဟ်တုတစ်လုံး အမြန်ဆုံး ပိုင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ဆိုပါတယ်။
ဂြိုဟ်တုဆိုင်ရာ နည်းပညာနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ မြန်မာနိုင်ငံမှာ ရှိသင့်သလောက် ရှိပေမယ့်လည်း ကုန်ကျစရိတ်များပြီး အတွေ့အကြုံမရှိလို့ နိုင်ငံအတွက် ရမယ့် အကျိုးအမြတ်တွေကို သေချာအောင် လေ့လာနေရတယ် လို့လည်း သူက ဆိုပါတယ်။
‘ကိုယ်ပိုင် ဂြိုဟ်တုတစ်လုံး လွှတ်တင်နိုင်ဖို့ အခွင့်အရေးလည်း ရှိတယ်။ လွှတ်လည်း လွှတ်တင်နိုင်တယ် ဆိုရင် နိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း တက်တာပေါ့’ လို့ ဦးမြတ်ဟိန်းက ထပ်ပြီးပြောပါတယ်။
ကိုယ်ပိုင်ဂြိုဟ်တု လွှတ်နိုင်ပြီဆိုရင် မြန်မာနိုင်ငံရဲ့ ICT ကဏ္ဍသာမက တခြားကဏ္ဍတွေ ပါ တိုးတက်လာမှာ ဖြစ်ပြီး မိုးလေဝသနဲ့ နိုင်ငံတော်လုံခြုံရေး အခြေအနေတွေပါ ကောင်းလာမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက ဆိုပါတယ်။

The Voice Weekly

No comments:

Post a Comment