Tuesday, November 4, 2014

သမ္မတ၏ ရေဒီယိုမိန့်ခွန်း နိုဝင်ဘာ ၅ ရက်ထုတ်လွှင့်မည်

ထိပ်သီးဆွေးနွေးပွဲ ကြောင့် သမ္မတ၏ လစဉ်ရေဒီယို မိန့်ခွန်း ရက်နောက်ကျခြင်းဖြစ်ပြီး နိုဝင်ဘာ ၅ ရက်တွင် သမ္မတ၏ မိန့်ခွန်းကို ထုတ်လွှင့်ပေးမည်ဖြစ် ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဦးရဲထွဋ်ကပြောကြား သည်။

အောက်တိုဘာလ ၃၁ ရက် က ပြုလုပ်ခဲ့သည့် ထိပ်သီးဆွေး နွေးပွဲတွင် ဆွေးနွေးမှုများကို ရေဒီ ယိုမိန့်ခွန်း၌ ထည့်သွင်းပြောကြား နိုင်ရန် ပြင်ဆင်ရသည့်အတွက် အချိန်အနည်းငယ်နောက်ကျခြင်း သာဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။



သမ္မတ၊ တပ်မတော်၊ လွှတ်တော်၊ ရွေးကောက်ပွဲကော်မရှင် နှင့် နိုင်ငံရေးပါတီများမှ ခေါင်း ဆောင်များ ပါဝင်သော ထိပ်သီးဆွေးနွေးပွဲရလဒ်ကို ပြည်သူအများစုက မျှော်လင့်ချက်များစွာ ထားခဲ့ကြသော်လည်း ဆွေးနွေးပွဲ မှာ မျှော်မှန်းသလောက် ရလဒ် မကောင်းကြောင်း နိုင်ငံရေးလေ့ လာသူများက သုံးသပ်သည်။

ယခုနိုင်ငံတော်သမ္မတက ရေဒီယိုမိန့်ခွန်းတွင် ယင်းအကြောင်းအရာကို ထည့်သွင်းပြောကြား မည်ဆိုပါကလည်း မည်သို့မျှထူးခြားမှုရှိနိုင်မည်ဟု မထင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ယူဆထားသည်။

နိုင်ငံတော်သမ္မတက ပြည် သူများသို့ လစဉ်ရေဒီယိုမိန့်ခွန်း ပြောကြားသည့် အစီအစဉ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ပြောကြားခဲ့ခြင်းဖြစ်ပြီး အစိုးရ၏ မူဝါဒများ၊ လုပ်ဆောင် ချက်များကို အခါအခွင့်သင့်တိုင်း ဆက်သွယ်ပြောကြားမည်ဆိုသည့် အချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း မိန့်ခွန်းပြောကြားရခြင်းအကြောင်းကို သမ္မတ က ပြောခဲ့သည်။

7 Day Daily

No comments:

Post a Comment