Thursday, November 27, 2014

မြန်မာဘက်သို့ ကျူးကျော်ထားသည့် အဆောက်အအုံများ အိန္ဒိယ ဖယ်ရှားပေးမည်

မြန်မာနှင့်အိန္ဒိယ နိုင်ငံနယ်နိမိတ်တွင် အိန္ဒိယနိုင်ငံဘက် က ကျူးကျော်ထားသောနယ်များကို ပြန်လည်စိစစ်ဖယ်ရှားပေးမည် ဟု အိန္ဒိယအစိုးရက အကြောင်းပြန်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

‘‘မြန်မာဘက်က နယ်နိမိတ် မှာ သူတို့စစ်တပ်အဆောက်အအုံ တွေ၊ လူနေအဆောက်အအုံတွေ ရှိတယ်။ ဖယ်ရှားဖို့ပြောတဲ့အခါ စစ်တပ်အဆောက်အအုံတွေနဲ့ ပတ်သက်ပြီး ချက်ချင်းဖယ်ရှားလို့ ရပေမယ့် အရပ်ဘက်တွေကျူး ကျော်ထားတဲ့နယ်တွေကို ချက် ချင်းဖယ်ရှားလို့ အဆင်မပြေဖြစ် နေတယ်။ ဗဟိုအစိုးရက ပြည် နယ်အစိုးရကို သေချာဆွေးနွေး ညှိနှိုင်းရဦးမယ်လို့ပြောပါတယ်’’ ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နှစ်နိုင်ငံထိစပ်မှုမိုင်ပေါင်း တစ်ထောင်ကျော်ရှည်သော နယ် နိမိတ်အတွင်း အိန္ဒိယနိုင်ငံဘက် က တိုင်းတာပြီး နယ်နိမိတ်များအ ပြင် မတိုင်းတာရသေးသောနယ်နိ မိတ်များတွင်လည်း အရပ်ဘက် ကကျူးကျော်ခြင်း၊ ပြည်နယ်အစိုး ရနှင့် အိန္ဒိယစစ်တပ်က ကျူးကျော် အဆောက်အအုံများ ဆောက်လုပ် ထားခြင်းများ တွေ့ရှိရသဖြင့် စိစစ်ဖယ်ရှားပေးရန် အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနသို့ နိုဝင် ဘာ ၁၇ ရက်က တင်ပြတောင်း ဆိုခဲ့ခြင်းကို ပြန်လည်တုံ့ပြန်ခြင်း ဖြစ်သည်။

တမူး-မိုရေးဒေသအနီး နှစ် နိုင်ငံနယ်နိမိတ်သတ်မှတ်ရန် သဘောတူညီချက်မရရှိသေးသည့်နေရာရှိ အိန္ဒိယစစ်တပ်၏ အဆောက်အအုံကို ဖယ်ရှားပေးရန် သဘောတူညီခဲ့ပြီး အရပ်ဘက် အဆောက်အအုံအချို့ကို သက် ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြပေး မည်ဟု ၂၀၁၄ ဇူလိုင်က ပထမ အကြိမ်အကြောင်းပြန်ခဲ့ပြီး ယခု အကြိမ်သည် ဒုတိယအကြိမ်ဖြစ် သည်။ ‘‘တမူး နယ်စပ်ကိစ္စအပြင် အခြားနေရာတွေမှာလည်း ကျူး ကျော်ထားတဲ့နေရာတွေရှိပါသေး တယ်။ ပြန်လည်စိစစ်ပေးမယ်လို့ သူတို့ဘက်က ပြန်အကြောင်းပြန် ပါတယ်’’ဟု အထက်ပါတာဝန်ရှိ ပုဂ္ဂိုလ်ကပြောသည်။

မြန်မာ-အိန္ဒိယ နယ်စပ် နယ်နိမိတ်အမှတ်သားကျောက် တိုင်များဆိုင်ရာ ပြဿနာများ အပြင် နှစ်နိုင်ငံလုံခြုံရေးနှင့် မူးယစ်ဆေးဝါးပြဿနာများကို ပူးပေါင်းဖြေရှင်းရန် နိုဝင်ဘာ တတိယပတ်တွင် နှစ်နိုင်ငံပြည် ထဲရေးဝန်ကြီးဌာန ကိုယ်စားလှယ် များ ရန်ကုန်မြို့၌ နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြသည်။

မြန်မာ-အိန္ဒိယနယ်နိမိတ် တိုင်းတာရေးစာချုပ်ကို ၁၉၆၇ မတ်လ ၁၈ ရက်တွင် ချုပ်ဆိုခဲ့ပြီး အဆိုပါစာချုပ်ကိုအခြေခံ၍ နယ်နိမိတ် တိုင်းတာခြင်းများကို ၁၉၆၈ မှ ၁၉၇၂ ခုနှစ်အထိပြု လုပ်ခဲ့သည်။ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် နယ်ခြားမှတ်တိုင် ၅၅တိုင်တိုင်းတာခဲ့သော်လည်း မှတ် တိုင်ကိုးခုမှာ နယ်ခြေအခက်အခဲကြောင့် ကျန်ရှိနေကြောင်းသိရသည်။

7Day Daily

No comments:

Post a Comment